အတွေးတစ်စ

Words
34
Reading
1 min
Listen
Play
4y


တွေးမိတာလေးတစ်ခုပါ အခုခေတ်အခြေအနေအရ လူတွေကစီးပွားရှာရတာခက်ခဲလာကြတယ် အရင်လိုမဟုတ်တော့ဘူး အဆင်မပြေဘူးလို့ငြီးငြူသံတွေကိုကြားနေရတယ် ဒီနေ့ရုံးကညီမ‌လေး တစ်ယောက်ရဲ့မွေးနေ့အတွက် ဖူဖေးဟော့ပေါ့ဆိုင်
ကိုရောက်တော့ တစ်ယောက်ကို 14500 ပေးရပေမဲ့ အဲ့ဆိုင်မှာနေရာရဖို့အတွက် ထိုင်စောင့်နေကြတဲ့ သူတွေကိုကြည့်ပြီး ဒီ 14500 ဆိုတာတစ်ချို့သောမိသားစုတွေအတွက် တစ်နှပ်စာဖြစ်နိုင်ပေမဲ့ ဒီလူတွေအတွက်ကတော့ တစ်ယောက်စာပါပဲလားလို့ ကျမတို့တွေလည်းအရင်လိုမဟုတ်ကြတော့ပါဘူး အရင်ကတော့ မိမိရတဲ့လစာက မပိုလျှံပေမဲ့လောက်ငှကြပါတယ် အခုတော့ မနည်းလောက်အောင် ကြံဖန်သုံးစွဲနေရတယ် ငယ်ငယ်ကအမေပြောသလို မိမိအထက်ကိုမကြည့်နဲ့မိမိအောက်ကိုပဲကြည့်ပါလို့တိုသလိုပါပဲ ကျမတို့အတွက်အရမ်းကြီးတော့မခက်ခဲပေမဲ့ ကိုယ့်ထက်ခက်ခဲတဲ့သူတွေရှိပါတယ်လေလို့‌ဖြေသိမ့်နေရတယ် အားလုံးသောသူတွေအဆင်ပြေကြပါစေ အေးချမ်းကြပါစေလို့ဆုတောင်းပါတယ်လေ

အတွေးတစ်စ | Ecency