ခေါင်းစဉ်မဲ့ကဗျာ - ၁၆

Words
26
Reading
1 min
Listen
Play
1M

လာချင်ရင်အနီးကလေးဆိုပေမဲ့
တချို့သော နီးကပ်ခဲ့ခြင်းတွေက
တချိန်ချိန်မှာ နာကျင်ရလိမ့်မယ်လို့
ဘယ်သူက ကြိုတွေးမိမှာလဲ?
ဝေးကွာခြင်းဆိုတာ အတူနီးစပ်နိုင်ဖို့အတွက်
ရည်ရွယ်ခဲ့ပေမဲ့လည်း
တသက်လုံး ဝေးကြဖို့ဖြစ်လာတဲ့အခါ
ဘယ်နှလုံးသားက မကြေကွဲပဲနေမလဲ?
ြကင်နာသော အမှတ်တရတွေဟာ
နေရာဟောင်းကိုရောက်တိုင်း
နာကျင်စရာအဖြစ်သို့
ပြောင်းသွားတက်မှန်းကိုလဲ
အခုတော့ ... ကိုယ်သိရပါပြီလေ ...

IMG_20260801_174954.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
myanmarkoko@myanmarkoko

ခေါင်းစဉ်မဲ့ကဗျာ - ၁၆ | Ecency