အခွင့်မရတော့လည်း
အပွင့်လှလှလေးတွေမပွင့်နိုင်ဘူးပေါ့။
ကမ္ဘာကြီးတုန်းဟီးနေအောင်
ဖူးငုံပြီးမွှေးမြချင်တဲ့ဆန္ဒ..
အမှန်ဘ၀မှာတော့
ဟန်ပြပန်ပြတောင်မပွင့်နိုင်ခဲ့ဘူး။
သွေးတွေချင်းချင်းရဲ
အသဲတွေတလက်လက်ကြွေ
မာနတွေတစိမ့်စိမ့်ပြို
အငိုမိုးတို့စိုလိုစို။
အသွေးအသားတွေဆူပွက်
ကူယက်မယ့်ရောင်စဉ်တွေကို
ဘောင်ဘင်မခတ်အောင်ထိန်းသိမ်း
ခပ်စိမ်းစိမ်း.....
ခပ်ဝါ၀ါ ယှက်ဖြာလို့လန်းစွင့်
ပန်းမပွင့်နိုင်တော့လည်း
အရွက်တွေကိုပဲ
အသွေးအသားနဲ့အရောင်ချယ်လိုက်တော့တယ်။
(3.6.09) 1း10 ည
စုမွန်သွယ်
Photo credit - http://www.vayuimplant.com