Myanmar Eliminated

Words
134
Reading
1 min
Listen
Play
1M

မနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ASEAN Championship Hyundai Cup Group B ရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်များ ကစားခဲ့ပါတယ်။ မလေးရှားနဲ့ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မြန်မာတို့ တချိန်ထဲ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ မလေးရှား အနေဖြင့် မြန်မာထက် နောက်တဆင့် တက်နိုင်ဖို့ အခွင့်အရေး ပိုများနေခဲ့ပါတယ်။ ကိုယ့် အိမ်ကွင်းမှာ ဖိလစ်ပိုင်ကို မနိုင်စရာ အကြောင်းတော့ မရှိပေ။

ကိုယ်တွေ မြန်မာသာ၊ ထိုင်းကို လုံးဝ သရေကျလို့ မရပေ။ အနိုင် ကစားမှကိုရမယ်။ လက်တွေ့မှာက အနိုင်ထက် သရေတောင် အနိုင်နိုင်။ မလေးရှားက ဖိလစ်ပိုင်ကို ၁-၀ ဖြင့် နိုင်၏။ တကယ့်ကို ၁ ဂိုးလေးနဲ့။ ပထမပိုင်း ၁၆ မိနစ်မှာ သွင်းယူထားတဲ့ တလုံးထဲသော ဂိုးနဲ့ အနိုင်ရသွားခဲ့ခြင်း ဖြစ်၏။

မလေးရှားက ဖိလစ်ပိုင်ကို နိုင်ထားပြီမို့ မြန်မာအဖို့ ထိုင်းကို အနိုင်ကစားထားနိုင်ဖို့ လိုမည်။ လက်တွေ့ကတော့ စိတ်ကူးလို မဟုတ်ခဲ့ပေ။ ထိုင်းက မြန်မာကို ၂-၀ ဖြင့် အနိုင်ယူကာ ရာနှုန်းပြည့် နိုင်ပွဲ နှင့်အတူ နောက်တဆင့် တက်သွားခဲ့လေ၏။ ထိုင်း ရသွားသည့် ၂ ဂိုးလုံးက ပင်နယ်တီ ဖြစ်နေတာ အတော်ဆိုးလှ၏။

Group A မှာ ဗီယက်နမ်နဲ့ စင်္ကာပူ၊ Group B မှာ ထိုင်းနဲ့ မလေးရှားတို့ အသီးသီး နောက်တဆင့် တက်ကုန်ကြ၏။ မြန်မာ အနေဖြင့်ကတော့ အုပ်စုကနေလှည့်ပြန်ခဲ့ရပြီ ဖြစ်၏။ ထိုင်းက ၄ ပွဲမှာ ၄ ပွဲလုံးနိုင်ထား၏။ တကယ်ကောင်းလှ၏။ နည်းပြသစ် လက်ထက်မှာ မြန်မာ အသင်း တိုးတက်လာတာကိုတော့ မျက်မြင်ပင်။

ဆီမီးဖိုင်နယ် ပွဲစဉ်များကို အိမ်ဝင်း ဝေးကွင်း ၂ ကျော့ ကစားသွားမှာ ဖြစ်၏။

(photos from ASEAN Championship Hyundai Cup page)