ထွက်​ခွာသွားခဲ့ရလျှင်

Words
22
Reading
1 min
Listen
Play
8y

23435016_1462425783793436_2762529039954156783_n.jpg
မီးပုံးကြီးလိုလည်းမပျံလိုပါ။
မှိုင်းမရှိလို့ပြန်​ကျလာတဲ့အခါ
ရုပ်​ပျက်​ဆင်းပျက်​။

စွန်​ငယ်​​ကလေးလိုလည်းမပျံလိုပါ။
ကြိုးပျက်​ပြီးပြန်ကျသွားတဲ့အခါ
သစ်ပင်ပေါ်မှာအ​မေ့​လျော့ခံဘဝ။

မပျံ​နိုင်ေ​အာင်​တင်းတင်းဆုပ်ထားတဲ့
မိုးပျံပူ​ဖောင်းထဲကဓာတ်​​ငွေ့​တွေလို့
တ​ငွေ့​ငွေ့နဲ့စိမ့်​ထွက်​ပျံတက်​လိုက်​ချင်​တယ်​။
ပြန်​မကျစတမ်း။
ဘယ်​​တော့မှပြန်​မလာစတမ်း။

ကိုယ်​ထွက်​ခွာသွားတဲ့အခါ
ဘယ်​သူမှ​ကောင်းချီးမ​ပေးရင်​​နေ
အလဲလဲအကွဲကွဲနဲ့​ ပြန်​လာရခြင်းမှ
ကင်း​ဝေးချင်​ပါရဲ့။ ။
35462736_128387621376976_3802540263197376512_n.jpg
steemitarrman@steemitarrman
credit photo; facebook image

ထွက်​ခွာသွားခဲ့ရလျှင်​ | Ecency