နေသားကျနေပြီးသားလေ

Words
36
Reading
1 min
Listen
Play
8y

36088068_10209629711818074_4339662791561445376_n.jpg
ရိုးရိုးလေးပဲ
ချစ်ခဲ့တယ်
အချိန်မှန်လေး သတိရတယ်
လူမသိသူမသိ တမ်းတတယ်
လွမ်းလွမ်းဆွေးဆွေး မျှော်လင့်တယ်

ရလိုခြင်းကင်းချစ်ခြင်းလေးတော့
ကိုယ်ပိုင်ဆိုင်ထားမိတယ်လေ
ထုတ်ပြဖို့ထိ မဝံ့ရဲခဲ့ပေမယ့်
အားလပ်ချိန်တိုင်းတော့ ထုတ်ကြည့်ဖြစ်ပါတယ်

နင်အမြဲပျော်ရွှင်ပါစေ တဲ့
နှလုံးသားလေးရဲ့ဆုတောင်းသံ
အချိန်တိုင်းညံနေလေတော့
သေချာပါတယ်
စေတနာတွေကြောင့်နင် ပြုံးနေမှာပါလေ

လှည့်မကြည့်လည်းနေ
ပြုံးမပြလည်းဖြစ်
နှုတ်မဆက်လည်း အဆင်ပြေတယ်
ငါက နေသားကျနေပြီးသားပါ

သတိထားနော်
လောကကြီးကမာယာများတယ်
ရိုးသားမှုနဲ့အားနာခြင်းတွေ
ခပ်ပေါပေါ အသုံးမပြုမိစေနဲ့
နင်ခံစားရမှာစိုးလို့ပါ
ငါက နေသားကျနေပြီးသားလေ
35807864_10209613388369998_1149107195690876928_n.jpg
steemitarrman@steemitarrman

နေသားကျနေပြီးသားလေ | Ecency