ကျမရဲ့ သိပ်ချစ်ရတဲ့သမီးလေးတစ်ယောက်နဲ့တော့ ခက်ပါတယ်။ကျမက တော့ သူလေးကို အာဟာရရှိရှိလေးစားစေခြင်လို့ ကောင်းနိုးရာရာလေးတွေ ချက်ကျွေးပေမယ့် မမလေးက မစားဘူးလေ။ထမင်းကျွေးပြီဆိုတာနဲ့ ဗြောင်းဆန်အောင် အော်ငိုတော့တာဘဲ။သြော် ငါ့သမီးလေးက ခုမှစစခြင်း ဖြည့်စွက်စာစားရတာဆိုတော့ ဆားပြားတွေမပါတဲ့ အရသာမရှိတဲ့အစားအစာတွေ ဘယ်စားခြင်ပါ့မလဲ လို့ဘဲ ကိုယ့်ဘာကိုယ်ဖြည့်တွေးပြီး ခလေးတွေကြိုက်မယ့် အသီးအနှံလေးတွေမျိုးစုံပါတဲ့ အာဟာရမှုန့်လေး ဖျော်ကျွေးကြည့်ပါတယ်။ပါးစပ်မဟဘဲ နှုတ်ခမ်းကြီးဘဲတင်းတင်းစေ့ထားတော့ ဒီမေမေလည်း စိတ်ညစ်ရပြီလေ။ပါးစပ်ဟအောင် သူရယ်အောင် အမျိုးမျိုးမြှူလည်း လူလည်မလေးက ရယ်တော့ရယ်ပါတယ် ပါးစပ်ကြီးပိတ်ပြီးရယ်တာဆိုတာ ထုခြင်စရာလေး။ထမင်းကျွေးမယ်ပြင်ပြီး ပေါင်ပေါ်မတင်လိုက်နဲ့ အတင်းကို ကော့ထိုးပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်တော့တာဘဲ။
စားတာမစားတာ သမီးလေးရဲ့စိတ်ဘဲလေ,သူလည်း အဆင်မပြေတာတစ်ခုခုရှိလို့ ပြောမပြတတ်လို့သာ ဖြစ်မှာဘဲလို့ ကျမတွေးမိပါတယ်။ဒါ့ကြောင့် သူစားခြင်မယ့်ပုံစံလေးတွေ ပြောင်းပြီးကျွေးကြည့်ပါတယ်။ရေကြတော့ သမီးလေးကအရမ်းသောက်တယ်လေ။ဒါနဲ့ဘဲ ကျမနဲ့သူ့ဖေဖေနှစ်ယောက်ပေါင်းပြီး တစ်ယောက်ကရေတိုက်သလိုလုပ်ပြီး တစ်ယောက်ကထမင်းကို ရအောင်မနည်းကျွေးရတော့တာဘဲ။ရေတကယ်တိုက်တဲ့အခါလည်း တိုက်တာပေါ့လေ။ထမင်းဝင်အောင်လည်း ရေနဲ့မျှားကျွေးရတာပေါ့။ကျမတို့မိဘတွေကသာ အစကောင်းအောင် အစိုးရိမ်တွေလွန်ပြီး ဘိုဆန်ဆန်တွေ ကျွေးခြင်နေကြတာ။သူတို့လေးတွေကတော့ မြန်မာဆန်ဆန်လေးဘဲ စားခြင်ကြတာ။ကိုယ်တွေထမင်းစားဖို့ ထမင်းဟင်းတွေမခူးလိုက်နဲ့..အံမယ် မယ်မင်းကြီးမလေးက ဝမ်းလျားထိုးကိုပြေးလာပြီး အတင်းနှိုက်စားတော့တာဘဲ။သူ့ကို မစားတတ်သေးမှာစိုးလို့ သူနဲ့သင့်လျော်တဲ့ အစားအသောက်လေးတွေကို စမ်းကျွေးပါတယ်ဆိုမှ သူတို့လေးတွေက လူကြီးတွေစားသလို တန်းတူဘဲစားခြင်ကြတယ်။
အသီးအနှံလေးတွေ သေချာပေါင်းကျွေး ခြေကျွေးရင် တစ်ဇွန်း နှစ်ဇွန်းအပြင် ပိုမစားဘူး။လူကြီးတွေစားတဲ့ ငှက်ပျောသီးတွေ ပန်းသီးတွေဆို အလုံးလိုက် အစိတ်လိုက်ကိုလုစားတော့တာ။ကျမတို့စားတဲ့ မုန့်တွေဆိုလည်း သူလေးမှာ စားခြင်လို့မျှော်ရတာမောနေတာဘဲ။ဒါနဲ့ဘဲ ကျမလည်း သမီးလေးထမင်းမစားခြင်တဲ့အခိုက်အတန့်အချိန်လေးမှာ ထမင်းမဟုတ်ပေမယ့်လည်း သူစားလိုတဲ့ တိုတိုထွာထွာ သားရေစာလေးတွေထဲမှာဘဲ အာဟာရဓါတ်လေးတွေပါအောင် လသားအရွယ်ကလေးစားတဲ့ မုန့်လေးတွေ ရယ်ဒီမိတ် pureeလေးတွေနဲ့ ကြက်ဥပြုတ်ကြိုက်တဲ့သမီးလေးအတွက် သဘာဝတောကြက်ဥလေးတွေကို မနေ့ကဘဲ city markမှာ သွားဝယ်ခဲ့တော့တယ်။
သားရေစာလေးတွေ ခုံမင်တဲ့ သူတို့လေးတွေကို အပန်းမကြီးရင် လသားအရွယ်စားတဲ့မုန့်လေးတွေကိုဘဲ ကျွေးသင့်ပါတယ်။ဒါမှ သူတို့လေးတွေ မုန့်လေးတွေစားတဲ့အခါ မနင်မပြုဘဲ ပါးစပ်ထဲမှာ အလွယ်တကူပျော်သွားမှာပါ။နောက်ပြီး လသားအရွယ်အတွက် သီးသန့်ထုတ်ထားတဲ့အစားအစာလေးတွေမှာ ဓာတုပစ္စည်းတွေမပါဘဲ ဗီတာမင်ဓါတ်လေးတွေ သံဓါတ်လေးတွေဖြည့်စွက်ထားတာမို့ ထမင်းမစားတဲ့အခိုက်တန့်မှာတော့ စိတ်ချလက်ချကျွေးဖို့သင့်တော်ပါတယ်။အမြဲတမ်းကြီး ထမင်းမကျွေးဘဲ သရေစာဘဲကျွေးဖို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ထမင်းလည်း သူတို့လေးတွေ စားခြင်စိတ်လေးပြန်ရှိအောင် မိဘတွေဖြစ်တဲ့ ကျမတို့က နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပြီးကျွေးဖို့လိုအပ်ပါတယ်။
ရယ်ဒီမိတ်အစားအစာတွေကိုဘဲ အမြဲအားကိုးနေမယ်ဆိုရင် ကျမတို့အတွက်ငွေကုန်ကြေးကျများသလို သူတို့လေးတွေအတွက် အစာစားဖို့ပေါ့ပေါ့တန်တန်ဖြစ်သွားနိုင်ပါတယ်။ကျမဝယ်လာတဲ့မုန့်တွေထဲက သမီးလေးကြိုက်တဲ့ သစ်သီးpureeထုတ်လေးတွေဆိုရင် တစ်ခါစားအထုတ်တစ်ထုတ်တည်းကို ၂၄၀၀ပေးရပါတယ်။သမီးလေးကိုသာ အလိုလိုက်ပြီး နေ့တိုင်းကျွေးမယ်ဆိုရင် သေချာတယ်,ကျမတို့လင်မယားတော့ ကြာရင်ဆန်ပြုတ်သောက်ရမယ့်ကိန်း ဆိုက်နေပြီ,ဟီးး။
ခုတော့ သမီးလေးစားခြင်တဲ့လူကြီးစားတဲ့ပုံစံလေးကိုဘဲ သူနဲ့အဆင်ပြေမယ့် စတိုင်လေးပြောင်းပြီး သူ့ဖေဖေက ကျွေးနေလေရဲ့။မနေ့ကစပြီး ကျွေးတာ ဒီနေ့နဲ့ဆို ၂ရက်ရှိပြီ။ထမင်းဖြူလေးကိုဘဲ နှမ်းဆီလေးဆမ်း ကြေအောင်ခြေပြီး အာလူးကြော် ငါးဖယ်ကြော်လေးတွေနဲ့ ကျွေးကြည့်တော့ စားရှာသားဘဲ။ကျမကတော့ နေသိပ်မကောင်းနေလို့ သူ့ဖေဖေကျွေးတော့ လေပေးတွေဖြောင့်ပြီး စားတာလေးမြင်တော့ လုံးလုံးမစားတာနဲ့စာရင် စားနိုင်သလောက်လေးဝင်တော့ စိတ်ချမ်းသာရပါတယ်။နောက်နေ့တွေလည်း သမီးလေး စားခြင်စိတ်ဖြစ်အောင် ကျမတို့ကြိုးစားရဦးမှာပါ။ဘာပဲဖြစ်ဖြစ်လေ သမီးလေးအဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားနေရတာနဲ့တင်ဘဲ ကျမတို့ ကျေနပ်မိပါတယ်။သမီးလေးအတွက် အလုံးစုံ ပြည့်စုံအောင် ဖြည့်ဆည်းမပေးနိုင်သေးပေမယ့် သမီးလေးလိုအပ်တာမှန်သမျှ စွမ်းဆောင်ပေးနိုင်တှဲှု့ဥာဏ်ပညာနဲ့ ခွန်အားရှိတဲ့ မိဘ ဖြစ်ရပါစေလို့သာ ဆန္ဒပြု ကြိုးစားရင် ကျမရဲ့ဆောင်းပါးလေးကို နိဂုန်းချုပ်လိုက်ပါတယ်။
Author:@sandipoe
MSC.035