တောတောင်မာယာ အပိုင်း(၁)

Words
221
Reading
1 min
Listen
Play
9y

ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။ဖြစ်ခဲ့တာကျွန်တော်ဦးလေး(ဖားထီ)ကရင်ကြီး ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပျက်လေးပါ။ဦးလေးက ကရင်ပြည် သံတောင်ဖက်ကဗျ။ ဦးလေးက အမဲလိုက်တာ ဆင်ထိန်းတာ ပြီးတော့ သစ်ပင်အစိတ်ပိုင်းမျိုးစိတ်တွေရှာဖွေတာကိုဝါသနာအတော်ပါတယ် အဲကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့နေရပ် ရှမ်းပြည်နယ်တောင်ပိုင်း ကိုရောက်လာတယ်ဆိုပါတော့။ရှမ်းပြည်ဆို တဲ့အတိုင်းရှမ်းရိုးမတောင်တန်းကြီးတွေပတ်လည်ဝိုင်းပြီးတောတောင်ထူထပ်နေတဲ့ဒေသကြီးဆိုတာ ဧကန်မလွဲသိကြပါလိမ့်မယ်။ဒေသရဲ့၈၀ရာခိုင်နှုန်းဟာ တောတောင်များကဖုံးလွမ်းထားပါတယ်။ရာသီဥတုသင်တင့်အေးမြပြီးနေလို့ကောင်းတဲ့ နေရာလို့လည်းတင်စားနိုင်ပါသေးတယ်။အဲကြွားနေတာတွေရပ်ဦးမယ်ဗျာ။ ဦးလေး ကအသက်၄၀နီးနီး သန်သန်မာမာကရင်လူမျိုးကြီးပါ။ ဦးလေးကရှမ်းပြည်ရောက်ကတတည်းက တော်လိုက်မယ်ဆိုတာကြီးပဲ။ အဲဒါနဲ့ပဲ ဆင်အဖွဲ့ တစ်နည်းအားဖြင့် သစ်ဆွဲဆင်အဖွဲ့ပေါ့။ဆင်အဖွဲ့နဲ့ ထည်ပေးလိုက်ရတယ်။မထည့်ပေးလည်း တောလိုက်ဆိုတာကြီးပဲပြောနေတာကိုး။ ခုနကပြောတဲ့ဆင် သစ်ဆွဲတဲ့နေရာရောက်ဖို့ကို အနည်းဆုံးမိုင်၄၀လောက် ကားဆိုင်ကယ်စီးမရဘဲ ခြေလျင်လမ်းလျှောက်ရသေးတယ်။ ဒီဖြစ်ပျက်ခဲ့တာတွေ က သူပြန်လာမှပြောပြတဲ့အကြောင်းတွေပါ။ သူစစရောက်ခြင်းပဲ တောထဲဆိုတော့ လင့်စင်လို့ခေါ်တဲ့အပင်ပေါ်မှာ ကွပ်ပျစ်ခင်းပြီးနေတာပါ တောရိုင်း ကောင်တွေရဲ့ရန်ပြုခြင်း မရှိစေရန်ပါ။ ဆင်တဲ နဲ့လူနေတဲ့နေရာက တော်တော်လေးဝေးပါတယ်။ ဆင်ထားတဲ့နေရာပေါ့။အကြောင်းကတော့ဆင်တွေရာသီမုန်ယိုရင်လူတွေကို အန္တာယ်မဖြစ်စေဖို့ပါပဲ။ ဦးလေးကတော့ညဖက်လင့်စင်ပေါ်ကစောင့်ပြီး တူမီးသေနတ်နဲ့ ပစ်မယ်ပေါ့။မိုးစင်စင်လင်းသွားတယ် တောကောင်နဲ့တူတဲ့အရာဆိုလို့ဘာမှမတွေ့ဘူး။ ဆင်သမားတွေပြောပုံကတော့ တောသိပ်မနက်လို့ပါတဲ့။ ဒါနဲ့ပဲဦးလေးက တောနက်ထဲထက်ဝင် ဖို့ ဆင်သမားနှစ်ယောက်နဲ့ တောထဲဆက်ဝင်သွားတယ်။အမဲလိုက်ရိုးလိုက်စဉ်အတိုင်း သားကောင်ရှာတာပေါ့။ တောရဲ့မာယာအောက်မှာ မုဆိုး ကသားကောင်ပြန်ဖြစ်သွားမှန်း ဦး​လေး တို့တစ်စုမသိလိုက်ကြပါဘူး။ တောတိုးရကျိုးနပ်ပြီး ဆက်တစ်ကောင်တော့ရလိုက်တယ်။နေရာမှာပဲ အရေခွံနွာ ချို ဖြုတ်နဲ့ အလုပ်ရှုက်နေတယ်သုံးယောက်သား ဝင်ခဲ့တဲ့တောက အတော်လေးနက်တော့ နေရောင်ရယ်လို့ သိပ်ဖြာမကျနေပေ။ ဦးလေးကတော့အားရနေတာပေါ့။ သူဘယ်လိုပုံပစ်ဖမ်းခဲ့ရတာကိုကြွားမဆုံးဖြစ်နေရှာတယ်။ဆက်အကောင်လိုက်ကိုကြပ်တင်ပြီး ဆင်သမားနှစ်ယောက်ထမ်းခဲ့တာပေါ့။ ညနေကလည်းအတော်ပင်စောင်းနေပြီ။ ဒေသရဲ့ ​အေးစိမ့်​ စိမ့်ဒဏ်လေးကိုလည်းစဝင်လာပြီပေါ့။သွားရိုးလမ်းစဉ်အတိုင်း ပြန်လာတာပေါ့။ ဘယ်ကတည်းက ဇာတ်လမ်းစမသိ သူတို့သုံးယောက်လမ်းပျောက်နေပြီ။ခုနက ဆက်ကိုအရေခွံနွာ ကြပ်တင်တဲ့နေရာပဲပြန်ရောက်နေတယ်။ နှစ်ခါမက သုံးခါလောက် ဖြစ်နေတယ်။ဦးလေးကတော့ တောလိုက်ဖူးတော့သိနေပြီ။တောခြောက်တာပေါ့ ဆိုင်ရာပိုင်ရာတွေကို ရလာတဲ့ ဆက်သားနဲ့ ပူဇော်ပသမှလမ်းပြန်တွေ့လာတဲ့ဗျာ။ နောက်တစ်ခုကဖြစ်ပုံက ဆက်သားရပြီး အချောင်းလေးတွေလုပ်နေလှန်းတာပေါ့။ ညနေပိုင်းကျ သိမ်းပြီး လင့်စင်ပေါ်သိမ်းတယ်။ဖြစ်ချင်တော့  အဲနေ့က ဆင်သမားတွေ ရွာနီးနားမှာ ငှက်ဖျားဆေးသွားယူတဲ့အချိန် ဦးလေးရယ် ထမင်းချက်ကောင်လေးတစ်ယောက်ပဲကျန်ခဲ့တယ်။

ထမင်း ချက်ကောင်လေးက ညနေထုံးစံအတိုင်းလှန်းထားတဲ့အသားခြောက်တွေကို သိမ်းတာပေါ့။ဦးလေး ကဆင်ရေတိုက်ပြီး လင့်စင့်ကိုအတက်မှာ ကျောပေးပြီး ခုနကအသားခြောက်တွေကိုစားနေတဲ့ ပုတုတုလူပုံစံကိုတွေ့လိုက်ရတယ် ။ ညနေမှောင်ရီတရောဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်သေချာလည်းမမြင်ရ။ လူမဟုတ်တာတော့အသေချာပဲ။တောမျောက်လားဘာလားပေါ့။ ဦးလေးအသံ လဲကြားရော ခုနက ပုတုတုလူပုံသဏ္ဌာန်အကောင်က လက်နှစ်ဖက်ကိုမြောက်ပြီး အတောင်ပုံဖြန့်ပြီး ပျံပြေးသွားတယ်။ တွေ့လိုက်ရတဲ့ ဦးလေးကတော့ကြောင်အမ်းအမ်း ဘာကောင်လဲမသိ တော လိုက်လာတဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှမမြင်ဖူးတဲ့ ကောင်ပင်။ စိတ်ထဲ မှာမေ့မေ့ပျောက်ပျောက်ပဲ ဘာလို့လဲဆိုတော နောက်နေ့မှထပ်မလာတာကိုး တစ်ခါလာရင်တော့တူမီးသေနတ်နဲ့ ပစ်သတ်ရုံပဲလို့ဦးလေးကတွေးထားတယ်။ နောက်တစ်နေ့ ဆင်သမားတွေဆိုတော့ လည်းတစ်ခါတစ်လေ ယမကာလေးနဲ့ ပျော်ပါးသောက်စားကြတဲ့နေ့ပေါ့။ ဦးလေးကလည်းအနည်းငယ်သောက်တက်စားတက်တဲ့ လူမျိုးဆိုတော့ ဆွဲတာပေါ့။အရက်သောက်ပြီးရင်ဦးလေးက ရေချိုးတက်တဲ့အကျင့်ရှိတယ်။ ဦးလေးကတော့ သူ့ပုံစံအတိုင်း ပေါ့သောက်စားပြီးရေချိုးမယ်ဆိုပြီး ချောင်းစပ်ဖက်ထွက်လာခဲ့တယ်။ တောထဲဆိုတော့ ရေချိုးမယ်ဆိုရင် စမ်းချောင်း ရေထွက်တွေပဲအားကိုး ရတာပေါ့။ ဆင်သမားတွေအမြဲသွား ချိုးနေတဲ့ စမ်းချောင်းလမ်းရှိတယ်။သဘာဝ ဆိုတော့ကြည်လင်ပြီးအေးစိမ့်နေတာပေါ့။ ညဖက်ကြီး၁၁နာရီကျော်ပြီ ဦးလေး တစ်ယောက်ထဲစမ်းချောင်းဖက် ကိုဆင်းလာခဲ့တယ်။ စမ်းချောင်းရောက်တော့ ဟိုဖက်တစ်ဖက်ကမ်းရဲ့ သစ်တုံးပေါ်မှာ အမျိုးသမီးငယ်လေးတစ်ယောက် ထိုင်နေတာကိုတွေ့ရတော့တာပဲ။ဦးလေးပြောပုံ အရတော့ ခေါင်းနပန်းကြီးသွားတယ်တဲ့ လက်ထဲမှာလဲဘာလက်နက်မှပါမလာဘူးတဲ့။ ညကြီးမင်းကြီးဘယ်မိန်းကလေးမှလည်း လာရဲမှာမဟုတ်ဘူးဆိုတာသိတယ်။ဦးလေးလက်ထဲပါတာ ဆပ်ပြာခွက်လေးတစ်ခုပဲ။ စမ်းချောင်းတစ်ဖက်မှာဆိုပေမဲ့ တော်တော်လေးနီးတယ်။စမ်းချောင်းကသေးသေးလေးကိုး။မိန်းကလေးက ကျောပေးပြီး imageထိုင်နေတာ။ ဦးလေး အကြံအိုက်နေပြီ ရေလည်းမချိုးရဲ စမ်းချောင်းဘေးမှာ တောင့်တောင့်ကြီးရပ်ကြည့်နေမိတော့တယ်။ မတက်သာတဲ့အဆုံး စကားလှမ်းပြောကြည့်လိုက်တယ် တဲ့ ဘာလုပ်နေတာလဲပေါ့ ညကြီး။ image နောက်ကကြည့်ပြီး အရမ်းလှတယ် ထင်ရတဲ့မိန်းကလေး တစ်ဖက်လှည့်ပြီး ဦးလေးကိုလှည့်ကြည့်လိုက်တာ မျက်နှာက အပြားလိုက်ကြီးတဲ့ ဘာမှမရှိဘူးတဲ့ ကျောက်ပြင်ကြီးလိုပဲ ပြောင်ပြောင်ကြီးနဲ့တဲ့ ပြောကောင်းမလား လက်ထဲရှိရာပစ်ချပြီး အသေကုန် ဆင်တဲဖက်ပြန်ပြေးတာပေါ့။အဲလိုခြောက်ခံရပြီး ဦးလေးဖျားသွားတာသုံးရက်လောက်ဆိုပဲ။နောက်ထပ်အဖြစ်ပျက် တွေကို နောက်အပိုင်းမှာဆက်တင်ပေးမှာပါ။

                                                     လေးစားလျက်

                                               saihack@saihack

                                           MSC No.152

                                    Photo crd Google

တောတောင်မာယာ အပိုင်း(၁) | Ecency