ငါ့က​လေးပြန်​​ပေး အပိုင်း(၂)

Words
99
Reading
1 min
Listen
Play
8y

တအုန်းအုန်း နဲ့ရိုတ်​သံရဲ​နောက်​မှာ​တော့ ​သွေးညှိနံ့စို့စို့ ကစရ​တော့တာပဲ.....အမှန်​တရား​ပြောရရင်​ သုံး​ယောက်​လုံး​ဇော​ချွေး​ပြန်​​နေတယ်​.....​ခြေ​တွေလက်​​တွေ​အေးပြီး ကတုန်​ကယင်​.....
တစ်​​ယောက်​နဲ့တစ်​​ယောက်​ကလဲပူးကပ်​​နေမိတယ်​.....​အသံ​ကောအနံ့​ကောငြိမ်​သွား​တယ်​ အ​တော်​ကြာ​တော့.......စိတ်​ထဲမှာ​ခြောက်​ခြားမိ​နေဆဲ....ဘယ်​လိုပုံနဲ့ထပ်​ထွက်​လာမလဲဆိုတာ.....
မကြာဘူး သရဲအသကရှည်​မယ်​......အိမ်​ပတ်​လည်​ကို ပတ်​​နေတာ သစ်​ရွှတ်​​ခြောက်​အမှိုက်​​ခြောက်​တက်​နင်းတဲ့ အသံ​တွေ တဂျွတ်​ဂျွတ်​နဲ့​ပေါ့....

image
ဟိုနှစ်​​ယောက်​က​တော့တတွတ်​တွတ်​နဲ့ ဘုရားစာ​တွေရွတ်​​နေ​လေရဲ့......မကြာဘူး​ခြေသံငြိမ်​သွား​ရော......ခန့်​မှန်း​ခြေ၁၅မိနစ်​​လောက်​ထပ်​ကြာ​တော့ ​ခေါင်​မိုး​ပေါ် ခဲ(ဂဲ)​တွေပစ်​ချတာ တဒုန်းဒုန်း နဲ့ အချိန်​ကားမနက်​၂နာရီ........
အမှန်​တိုင်း​ပြောရရင်​ အဲညက အိပ်​တစ်​ဝက်​နိုးတစ်​ဝက်​နဲ့ မနက်​ကျ​ခေါင်း​တွေကိုက်​​နေ​တာပါပဲ.....

နားလည်​တယ်​ အ​ခြေ​နေကမဖြစ်​​တော့ သူဟာသူရွာပြင်​မှာရှိ​နေတဲ့ သရဲက ဝင်းခြံထဲထိ​ရောက်​လာတယ်​ဆို​တော့ ​နောက်​ဆို အိမ်​ထဲထိဝင်​လာမှာအမှန်​ပင်​.....အဲမနက်​လည်းသင်​တန်းဖြတ်​ ရွာလူကြီးဆီ​ပြောပြတာ​ပေါ့.....ရွာလူကြီးက အံ့သြတဲ့ပုံစံနဲ့....... ဝင်းထဲထိဝင်​​ရောက်​​ခြောက်​လှန့်​​နေတယ်​ဆို​တော့.......မကြာပါဘူး သရဲ​ခြောက်​တယ်​ဆိုတဲ့သတင်းကဟိုး​လေးတ​ကြော်​​ကြောနဲ့ ​ရွာနီးစပ်​ချက်​ချင်းပြန့်​သွားတယ်​......ဟုတ်​လည်းဟုတ်​တာပဲကျ​နော်​တို့ကလည်းလိမ်​တာမှမဟုတ်​တာ......ရွာလူကြီးက​တော့ အန္တာယ်​ကင်းဘာညာလာလုပ်​​ပေးသွား​သေးတယ်​ အဲတာနဲ့ပဲ အဲ​နေ့သင်​တန်းဖြတ်​ပြီး အတိုးချ​နေ့လည်​ဖက်​ကိုအိပ်​တာ​ပေါ့.....
image
သုံး​ယောက်​လုံးတန်းပြီးအိပ်​တာဗျ......ဖိုးသားကဆက်​ခနဲထထိုင်​ပြီး ​ရှေ့ဖက်​ တံခါးဝနားကိုငူငူကြီးထကြည့်​​နေတာဗျ......ကျွန်​​တော်​ကအသံတစ်​ခုခုလှုပ်​ရှားတဲ့အသံကြားတာနဲ့နိုးတက်​​တော့ သူထိုင်​​နေတာမြင်​​ရော.....ဘာလုပ်​တာလဲ​ပေါ့ မအိပ်​ဘူးလားဘာညာ​မေးတာကို ပြန်​မ​ဖြေဘူး.....​ရှေ့တံခါးဝကိုငူတူတူကြီးဆက်​ကြည့်​​နေ​တော့ အကိုကိုနိုးပြီး ​နှစ်​​ယောက်​ဝိုင်း​အော်​လိုက်​မှ ဆက်​ခနဲသတိဝင်​လာတဲ့ပုံစံနဲ့.......ဘာဖြစ်​လဲ​မေးတာ​ပေါ့.....သူအိမ်​မက်​မက်​သလိုမြင်​ရတယ်​တဲ့` အမျိုးသမီးတစ်​​ယောက်​ သူ့က​လေးကို ငါ့တို့ယူသွားတယ်​တဲ့´

ဟင်​´ အားလုံးလန့်​သွားတယ်​အဲဒါ သူ့က​လေးပြန်​​ပေးပါတဲ့´

စိတ်​ထဲမှာလဲ အကျိုး​ဒေ​တော့နည်းပါပြီ ဘယ်​​ကက​လေးကဘယ်​လို​ရောက်​လာလဲ​ပေါ့.......
အဲတာနဲ့ ဖိုးသားကိုပြန်​​ချော့ပြီး မင်းစိတ်​စွဲ​နေလို့အိမ်​မက်​မက်​တာဘာညာ​ပြောတာ​ပေါ့......
ကြက်​သီး​တွေ​တော့တဖြန်းဖြန်းထမိသား......
ည​ရောက်​မှာကို အလိုလို​ကြောက်​​နေမိတယ်​.....
image
အဲည မှာ​တော့ အိမ်​တံခါးကိုလာဆွဲတယ်​.....
တော်​​တော်​​လေးအတင့်​ရဲလားတဲ့ပုံစံပင်​.....ပိတ်​ထားတဲ့တံခါးကိုအတင်းဆွဲဂျက်​​တွေက တ​ဒေါက်​​ဒေါက်​နဲ့ တင်းကြပ်​​နေတဲ့အသံ နဂိုတဲ့ကနားပါးတဲ့သူုဖြစ်​လို့ အသံစစ​လေးကြားကတည်းကအိပ်​မရ​တော့.......စိတ်​ထဲကတင်း​နေမိပြီ ​ဟိုနှစ်​​ကောင်​က တခူးခူး​ခေါ​ခေါနဲ့ အိပ်​​ပျော်​​နေ​လေရဲ့ ....ကျိတိမိတ်​ပြီအိပ်​ကြည့်​လိုက်​တယ်​....
မကြာဘူး မိန်းမငိုသံလိုလိုညည်းသံလိုလို ကြားလာရတယ်​.......တဆက်​ထဲမှာပဲ​တောက်​​ခေါက်​သံအကျယ်​ကြီးထပ်​ကြားရတယ်​.....ဖ​နောင့်​​ဆောင့်​သံကြီးပါထွက်​လာ​တော့ ဟိုနှစ်​​ယောက်​ပါနိုးလာ​ရော.......

ကျွန်​​တော်​က​တော့ ကြက်​​သေ​သေသလို ငြိမ်​​နေမိတယ်​......ဒီညအဖို့လည်းအိပ်​ရဖို့မမြင်​......
ခနအကြာ​တော့ ​မြေကြီး​ပေါ်​လျှောတိုက်​ဆွဲသလိုအသံ​တွေထပ်​ကြားရပြန်​​ရော.......ပတ်​ချာလှည့်​ပြီး မရိုးရ​အောင်​​ခြောက်​တဲ့သရဲကို ​အော်​စကာဆုပင်​​ပေးလိုက်​ချင်​မိတယ်​......​ဒေါသလည်းထွက်​အိပ်​လို့လည်းမရ ထုံးစံအတိုင်းဘုရားစာထိုင်​ရွတ်​တာ​ပေါ့.......​တောက်​​ခေါက်​သံမာမာကြီး ကြားပြီးငြိမ်​သွား​ရော.......

ဆက်​လက်​​ရေးသားပါဦးမည်​....

စကားချပ်​။ ။သူငယ်​ချင်းတစ်​​ယောက်​၏အဖြစ်​ပျက်​ကိုပြန်​လည်​​ရေးသား​ဖော်​ပြ​ပေးခြင်းဖြစ်​ပါသည်​။မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမျှ​ရည်​ညွှန်းခြင်းမရှိ​ကြောင်း ကြိုတင်​အသိ​ပေးအပ်​ပါသည်​။မမြင်​အပ်​မြင်​အပ်​သတ္တဝါ​အ​ပေါင်း ​မေတ္တာပို့သအပ်​ပါသည်​။

လေးစားလျက်
saihack@saihack
MSC No.152
Photos crd source-