Still Childlike / ကလေးဆန်နေတုန်း ကျွန်တော် (Eng - Myan)

Words
307
Reading
2 min
Listen
Play
1h

I got a haircut today. It wasn't so much about a change of mood as it was a desire to change something about myself. Yet, I cannot escape my current reality; I have resolved to accept things as they are and live life joyfully. We often squander our time on various thingswork, responsibilities, the need for respect, and even love. We tend to forget that one day, we will grow old. We fail to consider how few people might truly cherish us when that time comes.

IMG_20260918_122431.jpg

We need to surround ourselves with people who accept us for who we truly are, looking beyond mere physical appearance. After the haircut, I felt younger. It is truesometimes I do behave quite childishly. Even now, past the age of thirty, I might still ask a child to share their snacks with me, or act clingy and affectionate toward my sixty-eight-year-old mother just like a little kid. I remain childlike; my spirit stays youthful. The other day, when I cried out in surprise upon finding a grey hair, my mother just laughed with amusement. Old age is making its mark. It is time for me to mature, and I find myself eagerly awaiting whatever it is that will bring about that transformation.

IMG_20260918_123059.jpg


ကလေးဆန်နေတုန်း ကျွန်တော်

သည်ကနေ့ ကျွန်တော် ဆံပင်ညှပ်ဖြစ်ခဲ့သည်။ စိတ်အပြောင်းအလဲဖြစ်ဖို့ဆိုတာထက် ကျွန်တော်ကိုယ်တိုင်က တစ်စုံတစ်ခုကို ပြောင်းလဲချင်နေသည်။ သို့ပေသိ ကျွန်တော့်ရဲ့ လက်ရှိဖြစ်တည်မှုကိုလည်း မသွေဖယ်နိုင်။ အရှိတရားကိုလက်ခံပြီး ဘဝကို ပျော်ပျော်ဖြတ်သန်းဖို့ ကျွန်တော်ဆုံးဖြတ်ထား၏။ ကျွန်တော်တို့ဟာ အလုပ်တွေ၊ တာဝန်တွေ၊ လေးစားမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ စသဖြင့် အမျိုးမျိုးသောအရာတွေအတွက် အချိန်တွေကို ဖြုန်းတီးနေမိတက်ကြသည်။ တစ်နေ့မှာ ကျွန်တော်တို့ အိုမင်းရမှာကို မေ့နေတက်ကြသည်။ အဲ့သည့်အခါ ကျွန်တော်တို့ အိုမင်းသည့်အခါ ကျွန်တော်တို့ကို အမှန်တကယ် မြတ်နိုးနိုင်မည့်သူ ဘယ်နှစ်ယောက်လောက်ပဲ ရှိမလဲဆိုတာကို မတွေးမိကြပေ။

ရုပ်အဆင်းအလှပတွေအထက် ကိုယ့်ရဲ့ဖြစ်တည်မှုကို အမှန်တကယ်လက်ခံပေးနိုင်မည့် လူတွေနဲ့ ကျွန်တော်တို့ရဲ့ဘဝကို ဝန်းရံထားဖို့လိုအပ်သည်။ ဆံပင်ညှပ်လိုက်တော့ ကျွန်တော်ဟာ ပိုပြီးနုပျိုသွားသလို ခံစားရမိသည်။ တကယ်ပါ တခါတလေ ကျွန်တော်ကိုယ်တိုင်လည်း ကလေးကလားလိုမျိုး နေထိုင်နေမိသည်။ ယခုအသက် ၃၀ ကျော်တိုင်အောင် ရှိလင့်ကစား ကလေးဆီက မုန့်တောင်းစားတက်တာမျိုး။ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မိခင်ကို ကလေးတစ်ယောက်လို ချွဲနွဲ့တာမျိုး။ ကျွန်တော်ဟာ ကလေးဆန်တုန်းရှိသေးသည်။ ကျွန်တော့်စိတ်သည် နုပျိုနေစဲပင်ရှိသေးသည်။ တစ်နေ့က ကျွန်တော့်ခေါင်းမှာ ဆံပင်ဖြူတစ်ပင်တွေ့လို့ ကျွန်တော်အော်မိတော့ အမေက သဘောကျစွာရယ်လေသည်။ ဇရာက အစွမ်းပြလေပြီ။ ကျွန်တော်လည်း ရင့်ကျက်ဖို့ အချိန်တန်ပြီ။ ဘယ်အရာတွေက ကျွန်တော့်ကို ရင့်ကျက်အောင် ပြောင်းလဲပေးနိုင်မလဲဆိုတာကိုတော့ ကျွန်တော် ရင်ခုန်စွာနဲ့ စောင့်မျှော်နေမိပါတော့သည်။

IMG_20260918_151857.jpg




Thanks for Reading

#KoKoMoeHein
myanmarkoko@myanmarkoko


20211003_160918.gif

Still Childlike / ကလေးဆန်နေတုန်း ကျွန်တော် (Eng - Myan) | Ecency