Apple Salad / စိတ်ပျော်သုပ်

Words
91
Reading
1 min
Listen
Play
3y

ဒီရက်တွေက အစားပဲ စားပြီးရင်း စားချင်မို့
ဝိတ်တွေတော့ အတော်တက်လာပြီရယ်

ဝလာရင် ပြန်အစားလျော့နဲ့တော့
သံသရာကို လည်နေတာပါပဲ

ညစာကို ထမင်းကလည်းမစားချင်တော့
စိတ်ကူးတည့်သလို လုပ်စားဖြစ်နေရာက
ဒီနေ့ ပန်းသီးလေး သုပ်စားလိုက်တယ်

ကျွန်တော့အတွက် စိတ်ရှုပ်စရာများလာရင်
တကူးတက သုပ်စားဖြစ်တာလည်း
ပန်းသီးသုပ်ပါပဲ

ရေးရင်းတောင် သရေကျလာတာမျိုး

သရေကျဆို ဒီနေ့က
ပန်းသီးတစ်လုံး
မာကလာသီး တစ်လုံး (အလယ်အဆံမပါ)
ဇီးပန်းသီး (နှစ်လုံး )
သံပုရာသီး (တစ်ခြမ်း အခွံပါထည့်)
ပုဇွန်ခြောက် နည်းနည်း
ပဲပုတ်ထောင်း (လဖက်စားဇွန်း တစ်ဇွန်း)
နှမ်း (လဖက်စားဇွန်း နှစ်ဇွန်း)
မြေပဲထောင်း (လဖက်စားဇွန်း နှစ်ဇွန်း)
ငံပြာရည်နည်းနည်း
ငရုတ်သီးဆီမွှေး (လဖက်စားဇွန်း တစ်ဇွန်း)
သကြား (လဖက်စားဇွန်း နှစ်ဇွန်း)
ထည့်ပြီး သုတ်ထားတာရယ်

ဒီနေ့က ဆန်းကစ်သီး ဝယ်မရလို့
သံပုရာသီး (တစ်ခြမ်းကို ထည့်တာပါ)

ဆန်းကစ်သီးရရင် တစ်လုံးလုံးကို
အခွံပါ လှီးထည့်ပြီးသုပ်ရင်
အရသာက ရှယ်ပဲ

ပန်းသီးရဲ့ ကြွပ်ဆတ်မှုရယ်
ပုဇွန်းခြောက်ခပ်အိအိလေးကို
တစိမ့်စိမ့်ဝါးရင်း
မြေပဲ နှမ်း ငရုတ်သီးတို့ပေါင်းစပ်တဲ့
မွှေးတဲ့အနံ့ရယ်ကလေ
ကျွန်တော်အကြိုက်ဆုံးပါပဲ

စာဖတ်သူ ချစ်မိတ်ဆွေတို့ရော
လုပ်စားနေကြဆိုရင်
ဘယ်လို သုတ်လဲ ပြန်ဝေမျှပါအုံးနော်

မလုပ်စားဖူးသေးဘူးဆိုရင်လည်း
လုပ်စားကြည့်ပြီး အတွေ့အကြုံလေး
ဝေမျှပေးဖို့ တောင်းဆိုရင်း

ချစ်တဲ့
တီဖြိုး

၇/၃/၂၀၂၄

Apple Salad / စိတ်ပျော်သုပ် | Ecency