photo credit - e.net/de-la-terre/meteo/planete-inondations-cambodge-quebec-et-etats-unis
သည်းကြီးမဲကြီးနဲ့
အငြိုးကြီးစွာနဲ့
သူရွာသွန်းဖြိုးနေပါရဲ့
စိတ်မဆိုးနဲ့မိုးမင်းရယ်
ရေဘေးတွေ ဆက်တိုက်ကြီး
ဖြစ်နေပါပြီ
မနားတမ်းတော့
စိတ်မဆိုးပါနဲ့
လယ်တွေလည်း ပျက်စီးကုန်ပြီ
လမ်းခရီးတွေ သွားလာမရတော့
ကုန်ဈေးနှုန်းလည်းတက်နေခဲ့ပြီ
တခါမှ မကြားဖူးခဲ့တဲ့
ဈေးနှုန်းတွေလည်း
ကြားဖူးနေရပြီ. . .
ဆိုးချက်က ရင်နင့်စရာ
ဘယ်သူ့ကိုအပြစ်သွားတင်ရမလဲ. .
တချို့တွေ အသက်စွန့်ခဲ့ရပြီ
တချို့တွေ အိုးအိမ်မဲ့ကုန်ပြီ.. .
ဝမ်းနည်းစွာနဲ့
မိုးလေ ကင်းစင်ဖို့ပဲ့
ဆုတောင်းပေးယုံလေးပဲ့
တတ်နိုင်တဲ့ အဖြစ်
နိုင်အားသမျှလေးပဲ့
လှူဒါန်းပေးနိုင်တဲ့အဖြစ်
အိုး. . . အသင်မိုးမင်းကြီးရယ်
မမောသေးဘူးလား
ခဏလေးတော့ ရပ်တန်သင့်ပြီ. . . .
Author -pannthiri
photo credit - papertostone.com
pinterest.com
Myanmar steemit