ဒီရင်ခွင်

Words
43
Reading
1 min
Listen
Play
9y

image
လွမ်း
ဒီရင်ခွင်ထဲ ခိုလှုံခဲ့တာ ရှစ်နှစ်မက
တွေ့ဆုံကြုံကွဲ ဓမ္မတာအမြဲ
သိပါရဲ့
လွမ်းတာကတော့
ခါးသက်လွန်းလှပါတယ်..

လွမ်း
ဒီအသိုက်မြုံလေးထဲ
ပျော်ရွှင်စွာ ရီမောသံတွေလည်း
တိတ်ဆိတ်လေပြီ. . .

လွမ်း
ဆူညံစွာ အော်ဟစ်ပြောဆို
ငြင်းခုန်သံတွေလည်း
ရပ်တန့်ခဲ့လေပြီ. . .

လွမ်း
မောပန်းရင်
လှဲနေကြ နေရာလေးလည်း
အဖော်မဲ့နေခဲ့ပြီ. . .

လွမ်း
ပွစိပွစိပြောတတ်တဲ့ ဟိုလူနဲ့
အော်ဟစ်ဆူညံတတ်တဲ့
ဟိုကောင်တွေကိုလည်း
လွမ်းတယ်. . .

Author - pannthiri
myanmar steemit image

ဒီရင်ခွင် | Ecency