ဘဝ အေးချမ်းဖို့ ရှာဖွေရင်း
ဘဝ ရုန်ကန်းနေရဆဲ
ဘဝ တည်ငြိမ်ဖို့ကြိုးစားရင်း
ယောက်ယက်ခတ်နေဆဲ. .
ဘဝ စခဲ့ပြီးမှ
အဆုံးဆိုတာ ကြုံရမှာ
အသေချာဆုံး ဋီကာ
ဘဝ ပင်လယ်လိုပါဘဲ့
တည်ငြိမ်လိုက် ဂယက်ထလိုက်နဲ့
ဘဝ ရေဆန်မှာ အကြိမ်ကြိမ်ကူးခတ်နေရ
ဘယ်ရမလဲ ဒီကလည်း ဇနကထုံးနှလုံးမူထားတော့
လက်ပစ်ကူးနေတာ မရပ်မနားဘဲ့
ဒါပေမယ့် မေခလာ နတ်သမီးမလာလည်း
စိတ်မဝင်စားဘူး
Author- pannthiri
myanmar Steemit