ကိုယ့်ဘ၀မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီးရှိခဲ့ဖူးတယ်။
သူများဆီမှာ ရှစ်နှစ်ကျော်ကျော် ၀န်ထမ်းလုပ်ခဲ့တယ်။
ဘ၀က အရောင် မပြောင်းခဲဘူး။ ၀န်ထမ်းအလုပ်က ရုန်းထွက်ခဲ့တယ်။
ကိုယ်ပိုင်ဆိုင်လေးဖွင့်မယ်ဆိုပြီး စိတ်ကူးနဲ့ရူးခဲ့တယ်။
ရည်မှန်းထားတဲ့ အနေထားထိ အခုချိန်ထိတော့ မရောက်ခဲ့သေးဘူး။
ပုံမှန်လေး သွားတယ်။ တစ်ခါတလေ မြန်မြန်လေး သွားတယ်။
တစ်ခါတလေ အားသွန်ခွန်စိုက်နဲ့သွားတယ်။
ဖြစ်ချင်နေတဲ့ အနေထားတစ်ခုက အခုချိန်ထိ ကိုယ့်ဆီမှာ မဖြစ်ခဲ့သေးဘူး။
ကြိုးစားမှု ညံ့ဖျင်းခြင်းကြောင့်လား။
ကိုယ်လုပ်ချင်နေတဲ့ နောက်ကို ငွေကြေးအင်အားတစ်ခု မလိုက်နိုင်ခြင်းကြောင့်လား။
သို့လော သို့လော တွေနဲ့ ဘ၀ဟာ လုံးချာလည် လိုက်ရင်းနဲ့ ပြီးနေခဲ့တော့မှာလား။
လက်လွှတ်သင့်ခဲတဲ့ အရာတွေလည်း လက်လွှတ်ခဲ့ပြီ. . .
ရည်မှန်းထားတဲ့ ကွန်ပျူတာသင်တန်းလေးတစ်ခုတော့
စက်ငါးလုံးနဲ့ အရင်းတည်ပြီးတော့ ဖွင့်နိုင်ခဲ့တယ်။
ဒါပေမယ့် . . . ထင်သလောက်တော့ မဖြစ်ခဲ့သေးဘူး . .
ရခဲ့တာနဲ့ စက်ပျက်လို့ ပြန်ထည့်တာက
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလိုပဲ့ ဖြစ်နေတုန်းပါဘဲ့။
စိတ်တွေ ပင်ပန်းနေခဲ့တယ်။
ကိုယ်ပိုင်ဆိုင်လေးပေါ့
Wedding Invitation Hand Made တွေပြုလုပ်တဲ့ ဆိုင်လေး တစ်ဆိုင်လည်း ဖွင့်ချင်မိတယ်။
ကွန်ပျူတာ စာစီ၊ စာရိုက်၊ မိတ္တူဆိုင်လေး ဖွင့်ချင်ပေမယ့် မတတ်နိုင်သေးတဲ့ အရင်းနှီးလေးတစ်ခု
ရှာရပေဦးမယ်။ တစစနဲ့ တိုးချဲ့ဖို့ လုပ်ချင်ပေမယ့်လည်း ၀င်တဲ့ငွေက ထွက်တဲ့ငွေကို မမှီလေတော့
ဒုံရင်းနဲ့ ဘ၀က မတက်နိုင်သေးဘူး။
တစ်နေ့ ဒီဆိုင်ဖွင့်ကို ဖွင့်နိုင်ရမယ်လို့ သံဓိဌာန်ချရင်းနဲ့
ရုန်းကန်မှုတွေနဲ့ ဘ၀ကို တိုက်ပွဲဝင်ဦးမယ်။
လဲရင် ပြန်ထမယ်။ ဒူပြဲရင် ဆေးလိမ်းပြီး ပြန်ကို တိုက်ဦးမယ်။
ကိုယ်လုပ်ခဲ့တဲ့ ဒီဇိုင်းတွေထဲက တချို့
(ကိုယ်လုပ်ခဲ့တဲ့ ဒီဇိုင်း)
Author - Pannthiri
Myanmar steemit
ကျွန်မတပည့်ရဲ့ လက်ရာလေးပေါ့