အသက်မဲ့တဲ့စားသုံးခွင့်

Words
59
Reading
1 min
Listen
Play
8y

အကြိမ်ကြိမ်အခါအခါ
ဖြစ်များလာတဲ့အခါ
ဒီလူအတွက် ပြောဖို့ရင်ထဲရှိတဲ့စကားတွေ
ဆွံအ ခြင်းဆိုတဲ့
ဘက်ကို ကူးပြောင်းသွားတော့မယ်. . .

လမ်းတစ်ဝက်မှာ ကိုယ့်စကားတွေ
ဖြတ်တောက်ခံလာရရင်
ရက်ဘတ်ကတခြား
ပါးစပ်တခြားဆိုတဲ့
အသက်မဲ့ စကားတွေပဲ့
စားသုံးခွင့်ပဲ့ရတော့မယ်. . .

လေးနက်ခြင်းကို
ခပ်ဝေးဝေးမှာ
ထားခဲ့ရတော့မယ်. . .

မုန်တိုင်းထန်တော့ နမိတ်တွေ
ပုံဖော်ရေးနေတတ်တဲ့သူကတော့
လေပြေတွေ အရင်ချိုသွေးပြနေမှာဘဲ့
မူယာပိုတဲ့ သရုပ်ဆောင်ခြင်းတွေပဲ့
ပြန်ရတဲ့အခါ ဒူးထောက်တောင်းပန်လည်း
နောက်ကျောပဲ့ တွေ့ရတော့မှာ
ဒီအချိန်ကျရင်. . .
ဒီရင်ဘတ် ဟင်းလင်ပြင်ကြီး ဖြစ်နေမှာ. . .
သိထားပါ အခုချိန်မှာ လေးနက်သူ. .
နောက်တစ်ချိန်အတွက်တော့
အာမခံမရှိတော့ပါ. . .

Author-pannthiri
photo- my lovely friends
image
Myanmar steemit

အသက်မဲ့တဲ့စားသုံးခွင့် | Ecency