ွကျွန်မအတွေး တစ်စေ့တစ်စောင်း

nwenwe(49)
Published in
#myanmar
Words
159
Reading
1 min
Listen
Play
8y

ဘာလိုလိုနဲ့ steemit မှာ member အဖြစ်ဝင်ရောက်ရေးသားလာတာ အချိန်အတိုင်းအတာ တစ်ခုသို့ရောက်ရှိလာပြီ။
အဖွဲ့ခေါင်းဆောင်တို့၏ လက်တွဲခေါ်ဆောင်မူ့ဖြင့် အမှားမှားအယွင်းယွင်းဖြစိတက်သော ကျွန်မတို့၏ စာရေးသားမူ့ များကို ဝေဖန်အကြံပြု ထောက်ပြခြင်းဖြင့် ကျွန်မသည်ရေးသားလာခဲ့တာ အတိုင်းတာတစ်ခုထိရောက်လာခဲ့ပြီ။
အရင်ကဆို စာရေးသားခြင်းဆိုသည်မှာ အပျင်းဆုံးအလုပ်တစ်ခုပင်ဖြစ်သည်။ ယခုအချိန်မှာတော့ steemit ကျေးဇူးကြောင့် စာရေးသားခြင်းတွေဖြစ်ပေါ်လာခဲ့ပြီ။အရင်က မပြောနှင့် ယခုအချိန်ထိအောင် စာဖတ်ခြင်းကို ပျင်းရိ နေမိသည်။
သို့သော်လည်း steemit သို့ဝင်ရောက်ခဲ့စဉ်မှာ ကိုယ်ရေးသားသော စာတစ်ချို့ကို ဝင်ရောက်ဖတ်ရူ့ကာ ဝေဖန်အကြံပေး vote တွေပေးကြသော အဖွဲ့ဝင်တို့၏ စေတနာကြောင့် ကျွန်မသည်လည်း သူများနည်းတူ စာဖတ်ချင်စိတ် တွေ ပေါ်လာခဲ့သည်။
ကိုယ့်ရဲ့စာကို စေတနာထား ဖတ်ရူ့ဝေဖန်ပေးကြသော အဖွဲ့ဝင်တို့၏ စေတနာကို မြင်ရ၍ ကျွန်မသည်လည်း မည်သူတစ်ဦးတစ်ယောက်ရဲ့စာတွေကိုမှ လျစ်လျုရူ့ မည်ဟူသော အတွေးမျိုးတွေမရှိခဲ့ပါ။
အတက်နိုင်ဆုံးစာတွေတော်တော်များများကို
ဖတ်မှသာလျှင် V and M ပေးခြင်းပြုလုပ်ပါသည်။တစ်ခါတစ်လေ၌ comment ပေးသည့်အပိုင်းတွင် အခက်အခဲရှိ၍ မပေးခဲ့ရသည်မျိုးလဲရှိပါသည်။ ထို့အတူ ကျွန်မcomment မပေးခဲ့သည်များ ရှိပါကလည်း
ကျွန်မသည် ရိုသေစွာဖြင့် စာလေးတွေကိုတော့ ဝင်ရောက်ဖတ်ရူ့ခဲ့ပါတယ် ။ အခက်ခဲကြောင့်သာ comment မပေးနိုင်ခြင်းဖြစ်ပါတယ်ဖြစ်ကြောင်း
တောင်းပန်အပ်ပါသည်။
ကျွန်မသည် steemit member ဝင်များ၏ စာများ သုတ ရသ စုံလင်စွာ လေ့လာခဲ့ရပါတယ် ။ လက်ရာမြောက်လှသောပုံလေးတွေ၊ ဝတ္ထု စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေရသလို ကောင်းလှသော စာအုပ်ထုတ်လို့ကောင်းလှသော ဇာတ်လမ်း ပုံစံတွေ၊ လျှပ်စစ်သည် အန္တရာယ်များလွန်းတာဖြစ်တာကြောင့် အီလက်ထရောနစ်အကြောင်းကို ရေးသားတင်ဆက်မူ့တွေ ၊ အိမ်အတွက် လူကြည့်များသော psi လို လိုင်းဖမ်းရာတွင်အသုံးဝင်မူ့ပုံစံတွေ ၊ ဘာသာစကားတွေ ၊ မိသားစုအကြောင်းတွေ၊ ရှေးခေတ် ပုဂံရာဇဝင်အကြောင်းတွေ ၊ ဘုရား တရားအကြောင်းသိကောင်းစရာတွေ ၊ ခရီးသွားမှတ်တမ်းအတွေ့အကြုံတွေ ကို ဖတ်ရူ့လေ့လာရင်းဖြင့်ဗဟုသုတများစွာကိုလေ့လာခွင့်ရရှိခဲ့ပါသည်။
နောက်ထပ်လည်း steemit မှ စာလေးတွေကို ဖတ်ရူ့ရင်းဖြင့် ဗဟုသုတတွေရှာဖွေကာ ဆက်လက်လုပ်ဆောင်ပါမည် ။
မမကြည် ရေးသားခဲ့တဲ့ ရေခယားထဲက
ရေလက်ကျန်လေးကို ကျွန်မသည် တစ်ကိုယ်ကောင်းဆန်စွာ မသောက်ဘဲ အများသုံးဆောင် လို့ရအောင် ရေချူရင်းဖြင့် ရေပြန်ပြည့်အောင်သာ ထားခဲ့နိုင်သောလူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမည်။ IMG_20180304_111127.jpg
Photo -only by me
ကျွန်မရေးသားထားသည်များမှာ အမှားတစ်စုံတစ်ရာပါခဲ့ပါက နားလည်ပေးကြပါလို့ပြောကြားရင်း
လေးစားစွာ ရေးသားတင်ဆက်လိုက်ပါသည်။
Thanks for steemit member all my fri
MSC-233
nwenwe@nwenwe