မိုးဝသုန်နှင့်ပရဟိတ (ဇာတ်သိမ်း)

nwenwe(49)
Published in
#myanmar
Words
186
Reading
1 min
Listen
Play
8y

ကျွန်မတို့သူငယ်ချင်းသုံးယောက်နဲ့ ကျန်ခုနှစ်ယောက်တို့လဲ အလှူခံရရှိငွေတွေကို
ရေတွက်ပြီးနောက် မိုးကလဲချုပ်လာပြီဖြစ်သောကြောင့် ပိုက်ဆံများကို ခုနှစ်ယောက်အဖွဲ့ထဲမှ တစ်ဦးကိုသာခေါင်းဆောင်တာဝန်ပေးကာ ငွေများကိုသိမ်းစေခဲ့သည်။
ပိတ်ရက် တနင်္ဂနွေနေ့ တွင်သာ ရေဘေးအတွက်အလှူခံခြင်းဖြစ်သောကြောင့် တနလာင်္နေ့တွင်တော့ အလုပ်ဝင်ရပေတော့မယ်။
ပိတ်ရက်များတွင် ဆက်လက်၍ အလှူခံကာ သွားလှူကြမည်ဟု ဆုံးဖြတ်၍ အိမ်ပြန်လာခဲ့ကြသည်။
အဲ့လိုနဲ့ အားလုံးအားသော ညပိုင်းအချိန်များတွင် viber group များတွင် ထိုအကြောင်းအရာများကိုဆွေးနွေးဖြစ်သည်။
ထိုသူများကပြောသည်။ ရေဘေး အလှူခံခြင်းတွေကို နောက်ဆုံးကောက်လို့ရမည့်နေ့ကို ကြေငြာနေပြီပြောသည်။ သတ်မှတ်ရက်ကျော်လွန်ပါက
ဖမ်းစီးခံရမည်ကြားသည်ဟုပြောသည်။ လမ်းတစ်လျှောက်မှာလဲကောက်ခံသူတွေ
နည်းပါးလာခဲ့ပြီပြောတော့သည်။လူလိမ်တွေများသောကြောင့် ကြေငြာထားခြင်းဖြစ်မည်ဟုထင်မိသည်။
အလုပ်ကိုယ်စီဖြစ်သောကြောင့် အားလပ်ရက်ဟာ တနင်္ဂနွေဖြစ်ပါသည်။
ထိုရက်၌ အလှူထပ်ခံရန် ရက်ကျော်သွားပြီဖြစ်သောကြောင့် မရတော့ပါ။
ရရှိထားသော ပိုက်ဆံများသာ လှူဒါန်းရန်ဆုံးဖြတ်လိုက်ပါသည်။
အဲ့လိုနဲ့ နီးစပ်ရာ ဖောင်ဒေးရှင်းတစ်ခုကို ရေဘေးအတွက် လှူပါသည်ဆိုပြီး အပ်လိုက်မယ်ဆုံးဖြတ်လိုက်ပါသည်။အတူတူ သွားလှူကြမည်ဟု ပြောသော်လည်း ကျွန်မတို့ သုံးယောက်က မအားသောကြောင့် ထိုခုနှစ်ယောက်ကို အဆင်ပြေသလိုသာ သွားလှူကြပါလို့ပြောလိုက်ပါသည်။ အပင်ပန်းခံကာ စိတ်ရော ကိုယ်ပါ နှစ်၍ လုပ်ကိုင်ခဲ့ပါသည်။အဲ့ဒီစိတ်တစ်ခုနဲ့တင်
ကိုယ်တိုင်လိုက်မလှူဖြစ်လဲကျေနပ်မိပါသည်။
အဲ့လိုနဲ့သူတို့သွားလှူမဲ့နေ၌ ကြားသိရသည်မှာ သူတို့သည် အကုန်မလှူ၍
တစ်ချို့တစ်ဝက်အား အလေလွှင့်ခွေးများ ထိန်းသိမ်းရေးအား သွားလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
ကျွန်မတို့ သူငယ်ချင်းသုံးယောက်မှာ စိတ်ဆိုးကြပါသည်။ တိရစ္ဆာန် များကို လှူဒါန်းသည်မှာမကျေနပ်၍မဟုတ်ပါ။ တိရစ္ဆာန် တွေကို မသနား၍လည်းမဟုတ်ပါ။ ရေဘေး အတွက်ဆိုပြီးကောက်ခံထားသည်ကို ရေဘေးအတွက်သာ အကုန်လှူသင့်သည်မဟုတ်ပါလား။
စေတနာကိုအလွဲသုံးစားလုပ်သည်ဟုမြင်မိပါသည်။ထို့ကြောင့်စိတ်ဆိုးမိသည်။
ထို့ကြောင့် groupထဲတွင် သူတို့ခုနှစ်ဦးနှင့်ကျွန်မတို့ သုံးယောက်စကားအချေအတင်များကြသည်။
ပြီးတော့ ကျွန်မတို့ အရင်ကဆွေးနွေးဖူးသည်မှာ
ရေဘေး တွက်မဟုတ်ဘဲနဲ့လဲ မည်သည့်နေရာမဆို အချိန်အားလျော်စွာ ပရဟိတလုပ်ရန် တိုင်ပင်ခဲ့ဖူးသည်။
ထိုအချိန်တွင်၌ သူတို့နဲ့ရေရှည်လက်တွဲရန်အဆင်မပြေလှပါ။
အပြောတစ်မျိုးအလုပ်တစ်မျိုး လုပ်သူများနှင့်ဆက်လက်လုပ်ကိုင်လျှင် အကုသိုလ်သာတက်ပေလိမ့်မည်။
ထို့ကြောင့်ကျွန်မတို့လဲ စိတ်ထားသန့်သန့်ဖြင့် လုပ်ကိုင်ခဲ့သည်များကိုသာပီတိသဖွယ် မှတ်ယူ၍
ကျန်သည်များကို မေ့ဖျောက်ခါ ပစ်တိုင်းထောင် အဖွဲ့နဲ့ ရေစက်ကို ဖြတ်ထောက်ခဲ့ပါသည်။
ယခုလက်ရှိအချိန်များမှာဖြင့် စိတ်တူညီသော သူငယ်ချင်းများဖြင့်သာ စိတ်ကူးရသောနေ့များတွင် တစ်ပိုင်တစ်နိုင် ပရဟိတများ ကို လုပ်ကိုင်လျှက်ရှိပါသည်။
အဖွဲ့အစည်းဟု ခေါင်းစဉ်မတက်ဘဲ သူငယ်ချင်းများရဲ့ စုပေါင်းဒါနဖြင့်သာ စိတ်ကူးပေါက်သောတစ်နေ့ကို ပရဟိတ လုပ်ရင်းပျော်ရွှင်စွာဖြတ်သန်းဖြစ်ပါသည်။
အဲ့ဒီလိုဘဲ steemit memberတွေနဲ့ဆုံဆည်းခြင်းများကိုလည်း
စိတ်တူ ကိုယ်တူ သူငယ်ချင်း၊ မောင်နှမကဲ့သို့
ဗဟုသုတ ကြွယ်ဝသော ဆရာ ဆရာမ တွေနှင့် တွေ့ဆုံခြင်းကိုလည်း ရေရှည်လက်တွဲကာ တစ်ယောက်နှင့်တစ်ယောက် စိတ်ကွပ်မူ့မရှိစေဘဲ ဖြတ်သန်းချင်ပါသည်။
အဖွဲ့အစည်း ရဲ့ စည်းကမ်းအောက်တွင် ရှိသောကြောင့် သင်ယူသင့်တာကိုသင်ယူကာ
ကျွန်မ ပရဟိတလုပ်ခဲ့ဖူးသော ပစ်တိုင်းထောင်အဖွဲ့လို သဘောထားကွဲလွဲပြီး
ယုံကြည်ချက်တို့ မပျက်စေချင်ပါသော
ရည်ရွယ်ချက်ဖြင့် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို
တင်ပြလိုက်ခြင်းဖြစ်ပါသည်။
Steemit member အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် သဘောထားကွဲလွဲခြင်းများ မဖြစ်စေဘဲ အတူတူရှေ့ဆက်ကြပါစို့😘😘😘😘selfiecamera_2017-04-23-02-24-37-114.jpg
I created writing and photo by me
Thanks for steemit member all my fri
MSC-233
nwenwe@nwenwe

မိုးဝသုန်နှင့်ပရဟိတ (ဇာတ်သိမ်း) | Ecency