မိုးဝသုန်နှင့် ပရဟိတ( အပိုင်း ၁)

nwenwe(49)
Published in
#myanmar
Words
171
Reading
1 min
Listen
Play
8y

ရာသီဥတုကလဲ တဖြည်းဖြည်းနဲ့မိုးရာသီလုံးလုံးဖြစ်လာပြီ။မုန်တိုင်းဆိုတာလဲ ဝင်မယ်ဆိုတာကြီးဘဲ ။ အဖျားခတ်ရတာနဲ့ မိုးဆိုတာများ ရွာတာလေ နေ့တိုင်းနီးပါး။ မိုးမရွာရင်လဲ အုံမိုင်းမိုင်းနဲ့ အဝတ်အစားတွေက လုံးဝမခြောက်ဘူးလေ။
သြော်..သို့သော်ငြားလည်း ဖြတ်သန်းရမည့်ရာသီဥတုတစ်ခုပါလားနော်။ မိုးရာသီ ရောက်တိုင်း ကြားနေရတာတစ်ခုရှိတယ်။1_1.jpg
Crd-org-source ရေကြီးလို့ ရေဘေး ကယ်ဆယ်ရေးလုပ်ရပြန်ပြီနဲ့။ အရင်တုန်းကတော့ ဖုန်းဘဲမပေါ်သေးလို့လားတော့မသိဘူး ရေကြီးလို့ကယ်ဆယ်ရေးလုပ်ရတယ်ဆိုတာ သိပ်မကြားဖူးဘူး။ မုန်တိုင်းဆိုတာတောင် နာဂစ်တစ်မျိုးထဲ ကောင်းကောင်းမြင်ဖူးတယ်။
ကျန်တာတွေတော့သိပ်မသိဘူးလေ။
မိုးရာသီရောက်ပြီဆိုရင် ရေကြီးမှာကိုစိုးရိမ်နေရတဲ့ အခြေနေတွေဖြစ်ကုန်ပြီ။ ကပ်ဆိုက်လာတဲ့သဘောလားတော့မသိဘူး။
မိုးရာသီဆို မြို့လည်ခေါင်ကားလမ်းတွေကအစ ရေကြီးတက်တယ်။ အပြင်သွားရတာ စိတ်ညစ်ဖို့အလွန်ကောင်းတယ်။ တစ်ခါတစ်လေ facebook ပေါ်တွင် like ရအောင်လုပ်တာမျိုးတွေလဲတက်လာခဲ့တယ်။
ရေကြီးနေလို့ ကောင်လေးက ကောင်မလေးကို ကုန်းပိုး ပြီးခေါ်တာမျိုးတွေလဲ ဟော့ ဖြစ်လာခဲ့တယ်။ ဒါတွေကတော့ မိုးရာသီကိုအကြောင်းပြုကာ ပေါ်ပေါက်လာခြင်းတွေပေါ့။
မိုးရာသီရောက်တိုင်းကြားနေရသည် လမ်းဘေးတွင် ရေဘေးအတွက် အလှူခံခြင်းများ ၊ တကယ်ရော လှူမှာလား လိမ်နေတာလားမသိပေမဲ့ ကောက်နေကြတာက နေရာများများပင်ဖြစ်သည်။ တကယ်အစစ်အမှန်အတွက်ကောက်ခံနေကြသလို လိမ်လည်ကောက် သံများလဲကြားနေရသည်။
အဲ့လိုမျိုး မိုးရာသီနှစ်တစ်နှစ်က ရေတော်တော်ကြီးသည်။FB_IMG_1517473702314.jpg
Crd-org-source
ရေဘေးကယ်ဆယ်ရေးသတင်းတွေတက်လာသည်။ လမ်းတစ်လျှောက်မှာလဲ ပရဟိတ လူငယ်အဖွဲ့တွေ အရမ်းများလွန်းသည်။ စစ်တပ်တွေပါမကျန် ကယ်ဆယ်နေရတာတွေ TV တွေထဲလဲ ထင်လင်းမြင်သာနေသည်။
အဲ့လိုနဲ့ ကိုယ်တွေလဲ ပရဟိတလုပ်ချင်စိတ်ပေါ်လာသည်။ သူငယ်ချင်းတစ်ယောက်က သူ့အသိအဖွဲ့တစ်ဖွဲ့နဲ့မိတ်ဆက်ပေးသည်။
သူမကတော့ မအားလို့ မလုပ်ဘူးပေါ့။
ကျွန်မတို့က ပရဟိတ လုပ်ချင်ပေမဲ့ အဖွဲ့ကမရှိဘူးဆိုတော့ သူမမိတ်ဆက်ပေးတဲ့အဖွဲ့နဲ့ လက်တွဲမယ်ပေါ့။
ကျွန်မတို့ သူငယ်ချင်းက သုံးယောက် ထိုအဖွဲ့က ခုနှစ်ယောက်ဆိုတော့ အားလုံးစုစုပေါင်း ဆယ်ယောက်ပေါ့။
ထိုအဖွဲ့နဲ့ ကျွန်မတို့သုံးယောက် viber ကနေ group ဖွဲ့ရင်းဆွေးနွေးဖြစ်ခဲ့တယ်။images.jpg
Crd-org-source ပြီးတော့ အဖွဲ့နာမည်ကို ပစ်တိုင်းထောင် လို့ပေးပြီး ဗီနိုင်းတွေ ပိုစတာတွေ စတေကာတွေ ပရဟိတ အသင်းမှတ်ပုံတင်ခဲ့တယ်။ ရုံးဌာနတွေမှာ တရားဝင်မှတ်ပုံတင်ခဲ့ရတယ်။ ထိုကိစ္စတွေက ထိုအဖွဲ့မှ အလုပ်အားသူတစ်ဦးက ဦးဆောင်ပြီးလုပ်ခဲ့သည်။ ကျွန်မတို့ သူငယ်ချင်းသုံးယောက်နဲ့ ကျန်အဖွဲ့သားတွေက
ကုန်ကျစရိတ် ပိုက်ဆံအင်အားသာ စိုက်ထုတ်ခဲ့တယ်။လှူတန်းသူတွေကို မေတ္တာလက်ဆောင် အနေနဲ့သကြားလုံးလေးတွေ ပြန်ဝေပေးချင်တာကြောင့် အစီစဉ်လေးတွေလုပ်ခဲ့တယ်။
ကဲ.......steemit member ဝင်တို့ရေ ကျွန်မရေးတဲ့ပို့ဒ်ကတော့ ရေဘေးကယ်ဆယ်ရေးအတွက် အလှူခံခြင်းပရဟိတ မလုပ်ခင် ပြင်ဆင်ခြင်းပေါ့။
ရှေ့ဆက်ပြီး အလှူခံခြင်းက အဆင်ပြေပါ့မလား
ပစ်တိုင်းထောင်အဖွဲ့က စည်းလုံးပြီး ဒီအဖွဲ့ကြီး ရပ်တည်နိုင်ပမလား ပျက်စီးသွားမလားဆိုတာကိုတော့ ဆက်လက်၍ next post တွင် ဖတ်ရူ့ရန်ဖိတ်ခေါ်ပါရစေ။
မိုးရာသီတွင် ရေဘေးသင့်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ ဆန္ဒပြုရင်း လေးစားစွာဖြင့်
Thanks for steemit member all my fri
I created writing
MSC-233
nwenwe@nwenwe

မိုးဝသုန်နှင့် ပရဟိတ( အပိုင်း ၁) | Ecency