အဆင့်အတန်း (အပိုင်း ၆)

nwenwe(49)
Published in
#myanmar
Words
195
Reading
1 min
Listen
Play
8y

ပြီးခဲ့တဲ့အပတ်က ကျွန်မသည် ကွမ်းစားခြင်းအကြောင်းကိုရေးသားခဲ့ဖူးသည်။
ထိုကဲ့သို့ဆက်လက်ရေးသားမည်ဆိုအုန်းတော့ ရေးစရာများမှာ မကုန်နိုင်ပေ။ steemit အဖွဲ့ဝင်များတွင်လည်း ကွမ်းယာစားသူများပါခဲ့သည်ရှိသော် မျက်မုန်းကျိုးခြင်းခံရပေအုံးမည်။
သို့သော်လည်း အဆိုးထဲက အကောင်းဆိုသလို
ကိုယ်ရေးသားသည်များကဲ့သို့ မပြုလုပ်သင့်စေလို၍ ရေးသားပေအုံးမည်။
တစ်နေ့ကျွန်မသည် မြို့ထဲသို့ သွားရာတွင်
ကားပေါ်၌ ကားသမားနှင့် မလှမ်းမကမ်းနေရာတွင်နေရာရလေသည်။
ကားကလဲအတော်ကြာစီးရမည်ဖြင့်သောကြောင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်ရင်းသွားနေသည်။
ထိုအချိန်တွင်ကားသမားလူကြီးသည် ကွမ်းယာကို ကားမောင်းရင်း အဆက်မပျက်စားနေသည်။maxresdefault.jpg[Crd-org-source]https://goo.gl/images/3ca454)
စိတ်ထဲကတွေးလိုက်မိသည် အိပ်ချင်ပြေ ဝါးနေတာဖြစ်မည်ဟူ၍ တွေးမိသည်။
ကားမောင်း၍ ကားမှတ်တိုင်တစ်ခုအရောက်တွင်
ရေသန့်ဘူးဝယ်၍ ပလုတ်ကျင်းလိုက် ပါသည်။
ဆိုးဝါးသည်ကပလုတ်ကျင်းသော ကွမ်းတံတွေး များ ဟာ လမ်းခမ်းထားကာစ ကတ္တယာလမ်းမှာ နီရဲစွာအရုပ်ဆိုးစေခဲ့သည်။image00.jpg
Crd-org-source
ထိုကဲ့သို့်ပင် ကားသမားများမြောက်များစွာပြုလုပ်ပါက မြန်မာနိုင်ငံ၏ကားလမ်းသည် အကျီးတန်စေလိမ့်မည်။ ကြိုက်လို့ကွမ်းစားခြင်းသည် အပြစ်မဟုတ်မဲ့
စည်းကမ်းမဲ့ခြင်းသည်တော့ အပြစ်တစ်ခုပင်ဖြစ်သည်။
ကျောင်းဖြစ်စေ ၊အလုပ်ဖြစ်စေ မည်သည့်နေရာတွင်မဆို ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်အမိုက်ကောက်ကြရသည်။ ထိုအချိန်မျိုးတွင် အမိုက်ထက် ကွမ်းတံတွေး ထည့်ထားသောအိတ်များ၊ ကွမ်းယာအိတ်ခွံများသည် ကောက်ရသည်မှာ အလွန်ရွှံစရာကောင်းလှသည်။
မဖြစ်မနေမို့ကောက်ရသည်မျိုးတွင် တော်တော်စိတ်တိုရသော အချိန်မျိုးဖြစ်သည်။
ကွမ်းတံတွေး တွေးသည်ကအစ အပြင်ကိုမရောက်ရှိဘဲ ဘောင်နံရံတွေမှာ ပေသည်များသည် မြင်ရသည်များမှာအရုပ်ဆိုးစေသည်။
ထို့ကြောင့် ကိုယ့်ကြိုက်လို့ ကိုယ်စားသည်ရှိသော် ကိုယ့်ကြောင့်သူတစ်ပါး
မထိခိုက်ပါစေနှင့်။
အဲ့လိုဘဲ ယောကျာ်းတွေဖြစ်လို့ ကွမ်းစားသည်မဟုတ်ဘဲ မိန်းမများလဲ စားကြသည်။ တစ်နေ့ ကျွန်မအလုပ်သွားချိန် ကားစီးစဉ် ဘေးနား၌ ကလေးငယ်ပါသော အမျိုးသမီးတစ်ဦးဘေးခုံသို့လာထိုင်လေသည်။
ခဏကြာတော့ ကလေးငယ်မှာ အိပ်နေသောအနေထားမျိုးဖြင့် ခြေထောက်မှာ ကျွန်မပေါင်ပေါ်သို့လာထိလေသည်။ ကလေးငယ်မှာ ၁နှစ်ကျော်သာသာရှိအုံးမယ်လို့ထင်သည်။
ကျွန်မလဲ ကလေးခြေထောက်ဖြစ်တာကြောင့် ဖယ်မချဘဲ နေလိုက်သည်။ ခြေထောက်များမှာအေးစက်လျှက်ရှိသည်။
မိခင်ဖြစ်သူက ကွမ်းယာဝါးလျှက်ပလပ်စတစ် အိတ်တစ်လုံးနဲ့ ကွမ်းတံတွေးတွေးလျှက်လုပ်နေသည်။
တော်တော်ကြာတော့ ကားပေါ်တွင်လူကြပ်သတဲ့ကြပ်လာသည်။
ထိုအချိန်တွင်ကလေးငယ်မှာစအန်လေသည်။
အန်တော့ ထိုမိန်းမ ဗျာများလေသည်။ ကွမ်းတံတွေးအိတ်ကတစ်ဖက် ကလေးကတစ်ဖက် အန်တာက တစ်မျိုးနဲ့ အလုပ်ရူပ်လေပြီ။
ကျွန်မလဲ ခန္ဓာကိုယ်ကို ခပ်ကျုံ့ကျုံ့နေလိုက်သည်။ ထိုမိန်းမ ဘေးတွင်ရပ်နေသောသူများကလဲ စင်မှာစိုး၍ ခပ်ခွာခွာ နေကြသည်။ ထိုမိန်းမ ရိပ်မိပုံရသည်။
ကလေးဘဲ အန်မှာပေါ့ ထဖြစ်ကုန်ရော ။
ကလေးကို နွေးထွေးအောင်တော့ မထားဘဲနဲ့ ကိုယ်ကျတော့တစ်လမ်းလုံး ကွမ်းဝါးနေတာ။
အန်တော့မှ ပြူးတူးပြဲတဲ လုပ်ချင်နေတယ်။
မှတ်တိုင်ရောက်တော့ ကျွန်မလဲ သူ့ကိုကျော်ခွ၍ ဆင်းလိုက်ရသည်။ ထိုအချိန်တွင် ကျွန်မမြင်လိုက်ရသည်က ထိုမိန်းမးထွေး ထည့်ထားသော ကွမ်းတံတွေးအိတ်ကို ကားထိုင်ခုံအောက်ကို ဘယ်ချိန်က ချထားမှန်းမသိလိုက်တာပါဘဲ ။ အောက်မှါ ပေကျံ ကုန်ပြီ။
yauix25zedub8qx2wv49.jpg
[Crd-org-source]https://goo.gl/images/7M3wmh ကားသမား သိရင်တော့ ရင်ကျိုးပေတော့မည်။ကျွန်မလဲ မြန်မြန်ဆင်းရတာဘဲ ကျေးဇူးတင်ရမလို ဖြစ်နေပါတော့သည်။ထိုသို့သောခရီးသွားများနှင့် ဆုံရခြင်းမှကင်းဝေးပါစေသား။
ကျွန်မ၏ ပို့ဒ့်တွင် အမှားတစ်စုံတစ်ရာပါဝင်ခဲ့ပါက သည်းခံပေးကြပါရန် တောင်းဆိုအပ်ပါသည်။
ကျွန်မ၏ ပိုဒ့်ကို ဖတ်ပြီး ထိုကဲ့သို့် သော ကိစ္စရပ်များကို ရှောင်ရှား ၍ အဆင့်အတန်းမြင့်စွာ စနစ်တကျ ကျင့်ကြံနိုင်ကြပါစေ ကြောင်း ရည်ရွယ်ချက်ဖြင့်
မြင်တွေ့ ကြုံတွေ့ဖူးသော ကိုယ်တွေ့အကြောင်းအရာများကို ရေးသားတင်ဆက်လိုက်ပါသည်။
Thanks for steemit member all my fri
MSC-233
nwenwe@nwenwe

အဆင့်အတန်း (အပိုင်း ၆) | Ecency