အဆင့်​အတန်း(အပိုင်း၂)

nwenwe(49)
Published in
#myanmar
Words
184
Reading
1 min
Listen
Play
8y

ပတ်​ဝန်းကျင်​သာယာလှပ​ရေး
ငယ်​စဉ်​ကတည်းက နုတ်​ကျိုးစွာသင်​ခဲ့ဖူးသည်​ ။
စည်းကမ်းသည်​ လူ၏တန်​ဖိုး ဆိုပြီး​တော့​ပေါ့။
စာစီစာကုံး​တွေ​လဲ ​မြောက်​များစွာ​ရေးသားခဲ့ဖူးသည်​။
စည်းကမ်းသည်​ လူတိုင်းအားလုံးတွက်​အ​ရေးပါသည်​။ မည့်​သည့်​​နေရာတွင်​မဆို စည်းကမ်းရှိမှ ​လူ​နေမူ့ဘဝမြင့်​မားမည်​ဟု ကျွန်​မ မြင်​မိသည်​။
ကျွန်​မတို့​နေ​သော မြန်​မာနိုင်​ငံ၏ ပတ်​ဝန်းကျင်​ကို ကြည့်​ကြည့်​ပါ။ လမ်းတစ်​​လျှောက်​ စွန့်​ပစ်​အမှိုက်​များဖြင့်​ ပျံ့ကျဲ လျှက်​အတိုင်းသားမြင်​​နေရတယ်​ ။ အ​ယောက်​တစ်​ရာတွင်​ တစ်​​ယောက်​သာ စည်းကမ်းရှိစွာစွန့်​ပစ်​ကြသည်​။
ကျွန်​မသည်​လည်း အလွန်​စည်းကမ်းရှိလှသည်​​တော့မဟုတ်​ပါ။ သူ့​နေရာနှင့်​သူ​တော့ စည်းကမ်းရှိစွာ​နေထိုင်​ပါသည်​။
FB_IMG_1525332814043.jpg
Crd ;myanmar maps and yangon bus
ကျွန်​မသည်​ တစ်​​နေ့မြို့ထဲမှ အပြန်​တွင်​ ဟယ်​ပင်​ မှတ်​တိုင်​နားအ​ရောက်​တွင်​ ကားလမ်းပိတ်​၍ ကျွန်​မစီးလာ​သော ကားမှာ ရပ်​တန့်​​သောအ​နေအထားဖြင့်​ စက်​နိုးထားလျှက်​သားရှိ​နေပါသည်​။
ကျွန်​မသည်​ ကားပြတင်း​ပေါက်​နားတွင်​ထိုင်​ပါသည်​။ကျွန်​မ၏​ဘေးတွင်​ အမျိုးသမီး​တစ်​​ယောက်​ထိုင်​​နေပါသည်​။ထိုအမျိုးသမီးမှာ ​အ​ရောင်းအဝယ်​လုပ်​ရင်းပြန်​လာပုံရပါသည်​။သူမမှာ လွယ်​အိတ်​တစ်​လုံးလွယ်​ထားပါသည်​။ ထိုအချိန်​တွင်​ကား​ပေါ်သို့ ​ရေသန့့်​ဗူး​ရောင်းသူတစ်​ဦးတက်​လာပါသည်​။ ကျွန်​မလဲ​ရေဆာတာနဲ့ ​ရေတစ်​ဗူးဝယ်​​သောက်​ပါသည်​။ သူမလဲဝယ်​​သောက်​ပါသည်​။ များမကြာမီတွင်​ သူမသည်​ သူ့၏လွယ်​အိတ်​ထဲမှ မုန့်​ဖတ်​ထုပ်​ ကို ယူ၍စားပါသည်​။FB_IMG_1525332337073.jpg
Crd; မြန်​မာ မုန့်​ဖတ်​ထုတ်
ပြီးလျှင်​ ကျွန်​မအား​ကျော်​လျှက်​သူမ၏လက်​က ပြတင်း​ပေါက်​နားသို့​ရောက်​လာပါသည်​။
သူ့မပုံစံမှာ အမိုက်​ချရန်​လုပ်​လျှက်​ရှိပါသည်​။ ကျွန်​မက​ပြောလိုက်​ပါသည်​။ အန်​တီလမ်းမကြီးက​ပြောင်​​လက်​​နေတယ်​ အမှိုက်​မရှိဘူးမချပါနဲ့​ပြော​တော့ လက်​တွန့်​ပြီး​နောက်​ဆုတ်​သွားသည်​။ ကားကလဲလမ်းပိတ်​တာ​ကြောင့်​ မထွက်​​သေး ။ ကျွန်​မလဲ​နေထိုးတာ​ကြောင့်​​တော်​​တော်​လဲပူ​နေတာနဲ့ ​ရေ​သောက်​လိုက်​ သကြားလုံးစားလျှက်​ရှိ​နေပါသည်​။
သကြားလုံးခွံများကို ​ကျောပိုးအိတ်​ထဲသို့ ထည့်​လိုက်​ပါသည်​။ ဒါကိုလဲသူမ မြင်​ပါသည်​။ သူ့မကို​ပြောလိုက်​တာကို​ကျေနပ်​ပုံမရပါ ။ကျွန်​မလဲ မသိချင်​​ယောင်​​ဆောင်​​နေလိုက်​ပါသည်​။ မကြာမီ ကားလမ်းပိတ်​တာ​လျော့လာသဖြင့်​ ကားထွက်​ပါပြီ။ ကားမှာ​တ​ရွေ့​ရွေ့မှ အမြန်​နုန်းထားသို့​ပြောင်းကာ ​မောင်းလာခဲ့ပြီ ။ ထိုအချိန်​တွင်​ သူမမှာ ကျွန်​မကို​ကျော်​၍ ပြတင်း​ပေါက်​က​နေ မုန့်​ဖတ်​ထုတ်​ အမိုက်​ကို
ပစ်​ချလိုက်​ပါသည်​။
ကျွန်​မလဲ ဘာမှ​ပြောမထွက်​​တော့ ပါဘူး
အံ့သြခြင်းများစွာဖြင့်​ ပါးစပ်​ကိုပိတ်​ကာ သက်​ပြင်းရှည်​ကြီးချလိုက်​ပါ​တော့သည်​။ဒီလို လူမျိုး​တွေရှိ​နေသ၍ မြို့လည်​​ခေါင်​​နေရာ​တွေမှာ အမိုက်​​တွေနဲ့ အရုပ်​ဆိုး​စေ​တော့မည်​။
ကျွန်​မတို့နိုင်​ငံသည်​ ဖွံဖြိုးဆဲနိုင်​ငံ​လေး
တစ်​ခုသာရှိပါ​သေးသည်​။ သူများ​တွေလိုဖွံ့ဖြိုးပြီး​သော နိုင်​ငံတစ်​ခုအဖြစ်​ရပ်​တည်​ချင်​ရင်​ အဆင့်​မှီချင်​ရင်​​တော့ တစ်​ဦးတစ်​​ယောက်​တည်း​ကောင်းရုံနှင့်​မရပါ ။ အများအားလုံး​ကောင်းရမည်​ဟုမြင်​မိပါသည်​။ အ​သေးအဖွဲ့​လေးကအစ ပြင်​နိုင်​မှ​တော်​ရုံကျမည်​။
စင်္ကာပူ နိုင်​ငံ ကိုအားကျမိပါသည်​ ။ FB_IMG_1525332432409.jpg
Crd; singapore image
နိုင်​ငံ ချမ်းသာခြင်း မချမ်းသာခြင်းထက်​ စည်​ကမ်းရှိ​သောလူများကို မြင်​​တွေ့ရသလိုပါဘဲ။ သူတို့နိုင်​ငံမှာ စည်းကမ်းမဲ့စွာ အမိုက်​စွန့်​ပစ်​ခြင်းမရှိလို့ပါဘဲ ။
အမိုက်​ကစ ပြဿဒ်​ မီး​လောင်​ဆို​သော
စကားပုံကို သူမကို​တွေ့သည့်​​နေ့က ​ကောင်းစွာနားလည်​သွားပါသည်​။
ကျွန်​မသည်​ ကိုယ်​တိုင်​စည်းကမ်းရှိလှသည်​ဟု မမှတ်​ယူပါ။ဒါ​ပေမဲ့ အမှိုက်​တစ်​စမှမရှိတဲ့ လမ်းမှာ​တော့ အမှိုက်​ချရမှာအလွန်​ရှက်​ပါသည်​။
ထို့​ကြောင့်​ကျွန်​မသည်​ အမှိုက်​ပစ်​မည်​​ဆိုလျှင်​သူမကို​ပြေးမြင်​​ယောင်​မိပါသည်​။သူမသည်​ ကျွန်​မအတွက်​ အမှတ်​တရ​တွေ​ပေးခဲ့​ချေပြီ ။ ထို့​ကြောင့်​ သူမလိုလူများ ပ​ပျောက်​ကာ စိတ်​ဓာတ်​အဆင့်​အတန်းမြင့်​မား​သောသူများနှင့်
နိုင်​ငံကြီး ဖွံ့ဖြိုးလာနိုင်​​ပါ​စေ ဆု​တောင်းရင်း ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။
(စာ​ရေးသားမူ့တွင်​ အမှားပါသည်​က နားလည်​​ပေးကြပါရန်​ကြိုတင်​၍ ​မေတ္တာရပ်​ခံအပ်​ပါသည်)​။
ဆက်​ရန်​.......................
Thanks for steemit member all my fri
Credit by facebook image
MSC-233
nwenwe@nwenwe

အဆင့်​အတန်း(အပိုင်း၂) | Ecency