ကျွန်မမြင်တွေ့ဖူးသော ကိစ္စတစ်ခုကိုတင်ပြချင်ပါသည်။
ကျွန်မသည် တစ်နေ့သ၌ အိမ်သို့အပြန်ကားစီးလာစဉ် ကျွန်မဘေးတွင်ထိုင်သော အမျိုးသမီးတစ်ဦးဆီသို့ မျက်စိရောက်မိသည်။
ထိုအမျိုးသမီးပုံ ရုပ်ရှင်သရုပ်ဆောင်ထူးမွန်ကဲ့သို့ပင် လှပသည်ဟုထင်မိသည်။
သူမအသံများလဲ ပြေပြစ်သောအသံရှိကြောင်းကို သူမ ဖုန်းပြောနေသောအသံများက အထင်းသားပေါ်လွင်စေသည်။
သူမ၏အဝတ်အစားများမှာ သေသပ်၍ အိနြေ္ဒရသော အမျိုးသမီးပုံစံပင်။ တက္ကသိုလ်မှာ မြင်ဖူးသော ဆရာမလေးတွေလို ပုံစံအလားမျိုးပင်ဖြစ်သည် ။ သူမကို ကြည့်ရင်း ကျွန်မသည် ပြုံးမိသည်။ အိမ်ရောက်ရန်တစ်နာရီကျော်လောက်စီးရမည်ဖြစ်သောကြောင့် မျက်လုံးမှိတ်ကာ အိပ်၍လိုက်လာလေသည်။
ဆယ့်ငါးမိနစ်ခန့်လောက်မှေးရသေးသည်။ ကျွန်မသည် သူမ၏ဖုန်းသံကြောင့်လန့်နိုးသွားပါတော့သည်။
ထိုအချိန်တွင် ပထမဖုန်းပြောသံနှင့်မတူသော မာကြောခြင်း အသံများကို ကြားရပါသည်။
သူမမှာ အစိုးရလုပ်ငန်းခွင်တစ်ခုမှ ဦးစီးမှူးဖြစ်ပုံရပါသည်။ သူမ၏ ယောကျာ်းမှာ ဖောက်ပြန်နေသဖြင့်ကြေကွဲနေပုံရကာ သူ့ဆီကိုသတင်းမေးသော ဦးလေးဖြစ်သူကို ဖြစ်ကြောင်းကုန်စဉ်ကိုပြောပြကာ ငိုလိုက် ရီလိုက်ဖြစ်နေပါသည်။
ကားပေါ်တွင်တော့ အသံတိတ်ဆိတ်ကာ သူမ အသံကသာ လွှမ်းမိုးထားပါသည်။ သူမမှာ အိမ်ထောင်ရေးပြိုကွဲမှာကို မလိုလားသောကြောင့် အောင့်အီးသည်းခံနေပုံရပါသည်။
သူမယောကျာ်းမှာလဲ လုပ်ငန်းခွင်တစ်ခုမှ လူကြီးတစ်ဦးဖြစ်ကာ ဆရာနှင့်တပည့် ရည်ငံနေပုံ ဖြစိပါသည်။ သူမ မှာ ယောကျာ်းလုပ်သူကို မတိုင်ရက်ပေ ။ တိုင်ရင်ဘဝပျက်ပေ လိမ့်မည်။ ထို့ကြောင့်ပြေလည်စေရန် ညှိနိုင်းနေပုံရသည် ။
ဦးလေးဖြစ်သူနှင့်အတော်ကြာဖုန်းပြောပြီးနောက် မျက်ရေတွေသုတ်ကာ ဆလင်းဘတ်အိတ်ထဲက ဌက်ပျောသီးကိုထုတ်စားပါသည်။
Crd-org-source
ကျွန်မသည် သူ့ကို ကြည့်ရင်းသနားမိပါသည် ။အခုတော့ ငိုလို့ဝတော့ ဗိုက်ဆာသွားပုံရပါသည်။
မျက်စိတစ်ခတ်အတွင်းမှာ ကျွန်မရဲ့သနားစိတ်တွေ ပျက်ကုန်ပါပြီ။
ပြောင်လက်နေသောပေ ကတ္တရာလမ်း ပေါ်သို့သူမ၏ ဌက်ပျောခွံအားပစ်ချလိုက်ပါသည်။
ပလပ်စတစ်အိတ်များပစ်ချတာနှင့်မတူပါ ။ ဌက်ပျောခွံဆိုသည်မှာ အထူးသဖြင့် ဆိုင်ကယ် နှင့်ဆို ဘီးချော်၍ စလစ်ဖြစ်တက်ပါသည်။
ကျွန်မသည် ငယ်စဉ်အခါက စက်ဘီးစီးသင်၍ အတော်အသင့်တက်နေစဉ်
လမ်းတွင် စည်းကမ်းမဲ့ပစ်ချသော ဌက်ပျောခွံကြောင့် စက်ဘီးမှောက်ကာ စက်ဘီးပိ၍ လမ်းသွားသူအချို့ ထူပေးမှသာ ထနိုင်ခဲ့သည်။
Crd-org-source
ထို့ကြောင့် လူအများ စိတ်အထွေထွေ ဆိုသလို စည်းကမ်းမဲ့ အမိုက်ပစ်မည် ဆိုအုန်းတော့ အန္တရာယ် ဖြစ်အောင်တော့ မပြုလုပ်မိပါစေနဲ့လို့ ပြေကြားရင်း ကိုယ်တွေ့ဇာတ်လမ်းလေးတစ်ပုဒ်ကို ဥပမာပြု ရေးသားတင်ဆက်လိုက်ပါသည်။
Thanks for steemit member all my fri
MSC-233
@nwenwe