Binance Smart Chain ပေါ်မှာ ကစားရတဲ့ era7 game လေးကို မိတ်ဆက်ပေးချင်ပါတယ်
ဒီ game က NFT cards တွေနဲ့ ကစားရတာပါ ကစားဖို့ BSC chain wallet ဖြစ်တဲ့ Trust wallet လိုပါတယ်
တခြား BSC chain ထောက်ပံ့တဲ့ Token Pocket, Math, 1inch စတဲ့ wallet တွေနဲ့လည်း ကစားလို့ ရပါတယ်
ကစားဖို့ Binance Smart Chain BNB အနည်းငယ် လိုပါတယ် NFT cards တွေဝယ်ဖို့ BUSD, Era token တွေ လိုပါတယ်
Era Got token ကတော့ in- game currency ပါ သူလည်း လိုပါတယ် ဒီ token တွေကို BSC chain ရဲ့ dex ဖြစ်တဲ့ pancakeswap မှာ ဝယ်လို့ ရပါတယ်
အောက်ဖော်ပြပါ website မှာ ကြည့်ပါခင်ဗျာ
Pancakeswap မှာ Era Got token လို့ ရိုက်ထည့်လိုက်ရင် ပေါ်လာပါမယ် မပေါ်လာရင် bscscan မှာ token contract addresses တွေကို ရှာပြီး pancakeswap မှာ import လုပ်ရပါမယ်
NFT cards တေ့ကို ဝယ်မယ်ဆိုရင်တော့ BUSD သို့မဟုတ် Era token တွေကို သုံးပြီး ဝယ်နိုင်ပါတယ်
အောက်ဖော်ပြပါ website မှာ ကြည့်ပါခင်ဗျာ
Battle cards နဲ့ Master cards တွေ ဝယ်နိုင်ပါတယ် Battle cards တွေကတော့ game ထဲက တဖက်လူနဲ့ တိုက်တဲ့အခါ သုံးရတဲ့ cards တွေပါ
Master cards တွေကတော့ Battle cards ကို marketplace မှာ ဝယ်စရာမလိုဘဲ ကိုယ်ဘာသာ ထုတ်နိုင်ပါတယ်
အလကားတော့ ထုတ်လို့ မရပါဘူး တစ်ခါထုတ်ပြီးရင် Era နဲ့ Got token တွေကို သုံးပြီး restoration ပြန်လုပ်ပေးရပါတယ်
Master card ကို restoration လုပ်တဲ့ အကြိမ် တိုးလာလေ ပေးရတဲ့ Era နဲ့ Got token တွေက များလာလေလေပါပဲ
Master card မှာ common, rare, epic, legendary ဆိုပြီး တန်ဖိုးအလိုက် ရှိပါတယ်
Battle card မှာတော့ rare, epic, legendary ဆိုပြီး ရှိပါတယ် Battle cards တွေကို စျေးအပေါဆုံးက စကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်
Master card ကို တန်ဖိုးအလိုက် ကြည့်မယ်ဆိုရင် common, rare, epic, legendary ကို အောက်ပါအတိုင်း တွေ့ရပါမယ်
Battle cards တွေက game ကစားတဲ့ နေရာမှာ အသုံးဝင်တဲ့အပြင် Battle cards တွေ ပိုင်ဆိုင်ထားမယ်ဆိုရင် rare, epic, legendary အလိုက် Era token တွေကို mine ပေးနိုင်ပါတယ်
Mining power တွေကတော့ rare 10, epic 50, legendary 625 ဖြစ်ပါတယ် Battle cards တွေကို Era နဲ့ Got token တွေနဲ့ level မြင့်သွားလို့ ရပါတယ်
level မြင့်လာလေ mining power တိုးလာလေပါ ကျွန်တော် game ရဲ့ mining power က တော့ 10000 ကျော် ရှိပါသေးတယ်
အောက်ကပုံမှာ ကြည့်နိုင်ပါတယ်ခင်ဗျာ
အရင်ကတော့ တပတ်ကို Era token 10 USD လောက် ရခဲ့ပေမယ့် အခု Era token စျေးကျနေလို့ 5 USD လောက်ပဲ ရပါတော့တယ်
Cards တွေ မဝယ်ခင်မှာ cards နဲ့ game ရဲ့ သဘောတရားကို နားလည်အောင်လုပ်ရင် ပိုကောင်းပါတယ် ဇွတ်ဝယ်မယ်ဆို မတန်တဆ စျေးတွေ ပေးရပြီး နစ်နာနိုင်ပါတယ်
ဒီ post လေးကို ဖတ်ပြီး ဒီ game ကို စိတ်ဝင်စားသွားခဲ့သည် ဖြစ်စေ မသိသေးတာ တစ်ခု သိရှိသွားသည်ဖြစ်စေ ကျွန်တော် အချိန်ပေး စာရေးရကျိုးနပ်ပါတယ်
ငွေကြေးတွေ ဆုံးရှုံးသွားခဲ့ရင် ကျွန်တော့်ကို အပြစ်မဖို့ပါနဲ့ ကျွန်တော်လည်း ဆုံးရှုံးလိုက် ပွပေါက်တိုးလိုက်နဲ့ သံသယာ လည်နေတာပါပဲ
ဗဟုသုတ တစ်ခုအနေနဲ့ မျှဝေခြင်းသာ ဖြစ်ပါတယ်
Game ကို အောက်ဖော်ပြပါ ပုံထဲကအတိုင်း မြင်တွေ့နိုင်ပါတယ်ခင်ဗျာ