Hive နှင့် ပြောင်းလဲခြင်း.....(Myanmar)

Words
115
Reading
1 min
7y
Listen to this post
~1 min

Hive Platform သည် Steemit မှခွဲထွက်လာခဲ့သည်မှာ ၆ရက်တိုင်ရှိပြီဖြစ်သည်။ ကျနော်တို့ မြန်မာကွန်မြူနတီကြီးမှာလည်း
အပြောင်းလဲကြီး တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ အဓိကမှ မန်ဘာဝင်များHive သို့ မလိုက်ပါလာနိုင်ခြင်းဖြစ်သည်။
Hive ပေါ်တွင် လက်ရှိ ရှိနေသော မြန်မာများမှာ လက်ချိုးရေတွက်လို့ပင်ရသည်။ Hive အကြောင်းကိုမသိသူရှိသလို သိပေမဲ့ အမှုမဲ့ အမှက်မဲ့ နေကြသူများလည်းရှိသည်။

ကျနော်တို့သည်လူသားများဖြစ်ကြ၏။ ကမ္ဘာဦးစကတည်းက လူသားများသည် ပြောင်းလဲလာကြပြီး ၊ ပြောင်းလဲမှုများ နောက်သို့ လိုက်ပါစီးမျှောလာကြရင်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာကြရသည်။

1585186857722.jpg
Image source>>>

" IT IS NOT THE STRONGEST OF THE SPECIES THAT SURVIVES, NOR THE MOST INTELLIGENT THAT SURVIVES. IT IS THE ONE THAT IS MOST ADAPTABLE TO CHANGE. "
CHARLES DARWIN (1809-1882)

မျိုးစိပ်များအသက်ရှင် နေနထိုင်နိုင်ဖို့ ခွန်အားကြီးပြီး ဥာဏ်ကောင်းဖို့မလိုပါဘူး... အလိုင်သင့် ပြောင်းလဲနိုင်ဖို့ပဲ လိုပါတယ်

ချာစ်းဒါဝင်

ဟုတ်ပေသည်၊ ဘယ်အရာပဲ​​​ဖြစ်ဖြစ် အလိုက်သင့်ပြောင်းလဲနိုင်ပါမှ၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်ပါမှ အောင်မြင်မှုကို ရရှိနိုင်မည်မဟုတ်ပါလား။ သို့မှသာ ဘာပဲလုပ်ကိုင်သည်ဖြစ်စေ အဆင်ပြေချောမွေ့နိုင်ပေမည်။
ထိုသို့မဟုတ်ပါမူ အရာရာတွင် နောက်ကောက်ကျကျန်ရစ်ခဲ့ပြီး အရှုံများနှင့် ရင်ဆိုင်ရပေမည်။

အဘက်ဘက်မှ တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်တွင်
နောက်ကောက်ကျ မကျန်ရစ်ခဲ့ရလေအောင် သတိရှေ့ဆောင်၍
နည်းပညာများကို လေ့လာဆည်းပူးပြီး အောင်မြင်မှုများရရှိအောင်
ကြိုးစားအားထုတ်ရမည်ဖြစ်ပါသည်။

received_664147337462411.jpeg

ထိုထိုသော အကြောင်းကြောင်းကြောင့် Hive platform နှင့်အတူ လိုက်ပါစီးမျောကြပါစို့လို့ တိုက်တွန်းရင်း အောင်မြင်သော မြန်မာများ ဖြစ်ကြပါစေဟု တောင်းဆုပြုလိုက်ရပါသည်။

myanmarkoko@myanmarkoko✍

Hive နှင့် ပြောင်းလဲခြင်း.....(Myanmar) | Ecency