https://www.freeimages.com/istockphoto/file?id=313704190&path=photo/people-never-giving-up-gm1154126998-313704190&function=search&location=right&keyword=effort&page=1&sharedid=effort&getty=1154126998
ပြုံးပြတာကကောင်းပါတယ်။ဒါပေမယ့်အခြေအနေနဲ့အချိန်အခါ နေရာအလိုက်ကိုကြည့်ပြီး ပြုံးပြရပါလိမ့်မယ်။အခြားသောသူတွေ ဝမ်းနည်းပြီး ဒုက္ခရောက်နေသောအချိန်မှာ ကိုယ်ကပြုံးပြနှုတ်ဆက်လိုက်ရင် ရွဲ့စောင်းလိုက်သလိုဖြစ်သွားတာတာကြောင့်အမုန်းခံအထင်လွဲခံရတက်တယ် ။ နာကျည်းတာကြောင့် မခံချင်စိတ်နဲ့ကြိုးစားအလုပ် လုပ်ရင်ဘဝအောင်မြင်မှုတွေ ရရှိပေမယ့်နာကျည်းတဲ့အတွက်ကြောင့်ဂလဲ့စားချေတဲ့ စိတ်ထားရင်းပူလောင်ရတယ် ။ မိမိဘာ့ကြောင့် မအောင်မြင်ရတာလဲဆိုတာအဖြေရှာကြည့်ပါ။ မအောင်မြင်တိုင်းကံကြမ္မာ အပြစ်ပုံချရင်အကျင့်ပါသွားတတ်တယ် ။ကံပေးပေမယ့် ဉာဏ်မပါရင်ချမ်းသာဖို့ နည်းပါတယ် ။ စည်းစနစ်တကျ ပေးကမ်းတတ်ဖို့လိုတယ်။အပေးမတတ်ရင် မိမိကွယ်ရာမှာမိမိက ငပေါကြီးလိုလိုအမြှောက်ကြိုက်ကြီးလိုလိုဖြစ်တတ်တယ် ။အတိုင်းအတာ တစ်ခုထိပဲ ကောင်းတယ် ။မိမိဂုဏ်သိက္ခာထိပါးလာတဲ့ လုပ်ရပ်တွေကိုပြုံးပြုံးလေး ပြန်လည်ချေပတတ်ဖို့လိုတယ်။စိတ်တော့လဲမကျနေနဲ့ စိတ်ရောလဲကျရင်အရာအားလုံးဆုံးရှုံးရတယ် ။ကျနေတဲ့စိတ်ကို ပြန်လည်ကောက်ယူနိုင်ဖို့လိုတယ် ။ ချစ်သူက ပစ်ထားလို့ ငိုကြွေးမနေပါနဲ့။သင့်ရဲ့ ဖူးစားအစစ်အမှန်
မဟုတ်သေးလို့ပါပဲ။လူဖြစ်လာတဲ့ဘဝကိုဘယ်တော့မှအရှုံးမပေးပါနဲ့။အရှုံးမပေးပဲကြိုးစားရင်အားလုံးဟာအမြတ်တွေကြီးပါပဲဗျာ။