Hello „ all my friends.
Today my dinner is stew rice (yangoon stew rice)
#Stew Rice and Vegetable.
This evening we have Yangon stew rice.
On this cold winter night, when it is time to eat, it is delicious and hot to eat with hot and fresh vegetables.
Therefore, for dinner today, we make hot Yangon rice just before dinner
**Ingredients
**How to cook
Stir in salted chicken powder, croissant sauce and chicken powder to taste.
Then „You can eat it.
#ရန်ကုန်ထမင်းပေါင်း
ယနေ့ ညနေစာ ကိုတော့ ရန်ကုန်ထမင်းပေါင်း ချက်ပြုတ်စားသောက်ပါသည်
ယခုလိုအေးချမ်းသော ဆောင်းရာသီ ညပိုင်းတွင် အစာစားခါနီး အချိန်တွင်မှ ထမင်းပူပူ လတ်ဆတ်သောဟင်းသီးဟင်းရွက် အသားစုံ တို့နှင့် ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါက အရသာရှိပြီး ထမင်းစား၍လည်းကောင်းပါသည်
ထိုကြောင့် ဒီနေ့အတွက် ညနေစာကို စားခါနီးမှ ပူပူနွေးနွေး ရန်ကုန်ထမင်းပေါင်း ပြုလုပ်စားသောက်ပါသည်
**ပါဝင်ပစ္စည်းများ
-ထမင်း
-ဝက်သား
-ပန်းမုံလာ
-ဂေါ်ဖီထုတ်
-မုံလာဥနီ
-ရွှေပဲသီး
-မုံညှင်း
-ကြက်သားချောင်း
-ဝက်အူချောင်း
-တို့ဖူး ( ပဲပြား )
-ကြက်ဥ
-ဆီ
-ခရုဆီ
-ဆား
-ကြက်သားမှုန့်
-ကြာညို့
-ပဲငံပြာရည် အကြည်
-ကော်မှုန့်
-ကြက်သွန်နီ
-ကြက်သွန်ဖြူ
တို့ပါဝင်ပါသည်
**ပြုလုပ်ပုံ
-ကြက်ဥ ကို ပြုတ်ထားပါ
-ပဲပြား ကို ရေနွေးဖျောထားပါ
-မုံးဥလာဥနီများအား လှီးထားပါ
-ပန်းမုံလာအား လှီးထားပါ
-ဂေါ်ဖီထုတ်အား လှီးထားပါ
-ရွှေပဲသီးများအား လှီးထားပါ
-မုံညှင်းများအား လှီးထားပါ
-ကြက်သားချောင်းများအား ကြော်ထားပါ
-ဝက်အူချောင်းများအား ကြော်ထားပါ
-ပြုတ်ထားသော ကြက်ဥများအား အခွံခွာထားပါ
-ရေနွေးဖျောထားသော ပဲပြားများအား လှီးထားပါ
-ကြော်ထားသော ကြက်သားချောင်းများအား အတုံးလေးများတုံးထားပါ
-ကြော်ထားသော ဝက်အူချောင်းများအား အတုံးလေးများတုံးထားပါ
-ကြော်ထားသော oက်သားကြော်အား အတုုံးလေးများတုံးထားပါ
-ကော်မှုန်ကို ရေနှင့်ဖျော်ထားပါ
-ကြက်သွန်နီ ကြက်သွန်ဖြူ အခွံသင် လှီးထောင်းထားပါ
-ထမင်းများအား စားသောက်မည့်ပန်းကန်တွင် ခြေထည့်ထားပါ
-ပါဝင်ပစ္စည်းများအားလုံး အဆင်သင့်ပြင်ဆင်ပြီးပါက
-ဒယ်အိုးထဲ ဆီပူလာပါက ကြက်သွန်နီ ကြက်သွန်ဖြူ ထည့်ကြော်ပါ
ထို့နောက် မုံလာဥ ပန်းမုံလာ မုံညှင်း ဂေါ်ဖီထုတ် ရွှေပဲသီး များထည့်ကြော်ပါ အသီးအနှံများနွမ်းလာပါက
အရသာအတွက် ဆား ကြက်သားမှုန့် ခရုဆီ ငံပြာရည် ကြက်သားမှုန့် များထည့်မွှေပါ
ကြော်ထားသော ကြက်သားချောင်း ဝက်အူချေင်း ဝက်သား ပဲပြား တို့ထည့်ပါ
ထို့နောက် ကော်ရည်များလောင်းထည့်ပါ
ကော်ရည်ဆူလာသည်နှင့် အရသာ အပေါ့ အငံ မြည်း၍ မီးဖိုပေါ်မှချကာ ထမင်းပေါ်သို့ လောင်ထည့်ပေးပါ
စားသုံးနိုင်ပါပြီ
I am liked „ used and lovely community is "ASEAN HIVE COMMUNITY. "
Thanks for all.
@mamamyanmar