Hello „ all my friends.
#Dish of prawn
Prawns Oil Recipe
Today, my dish is prawns paste.
Go to the market today and see how big and fresh the prawns are I found it and bought it.
The prawns are then cooked in oil.
** Ingredients
- Prawns
- Tomatoes
- Onion
- Garlic
- oil
- Salt
- Taste powder
- Turmeric powder
- Coloring powder
We need.
** How to cook
- First, wash the prawns in clean water
- Then remove the shell, head and arms of the prawns.
(The most important thing in prawns farming is to remove the tendon on the back of the prawn, so that the prawn will not become swollen due to the prawn eating).
Knead the purified prawns with salt and turmeric powder and simmer for 20 minutes.
Cut the tomatoes into small pieces.
Peel a squash, grate it and slice it.
When the oil is hot in the pan, add the onions and when the onion turns brown, add the garlic.
When the onion and garlic are fragrant and golden brown, add the tomatoes, add the coloring powder, add a little water and cover for a while.
When the onion and garlic are fragrant and golden brown, add the tomatoes, add the coloring powder, add a little water and cover for a while.
When the eggplant is juicy and juicy, add the salted prawns and mix well.
Then, when the oil returns, take it off the stove and prepare the dish.
#ပုဇွန်ထုတ် ဆီပြန်ဟင်း
ယနေ့ ကျမ၏ ဟင်းလျာကတော့ ပုဇွန်ထုတ်ဆီပြန်ဟင်း ဖြစ်ပါသည်
ယနေ့ စျေးသို့ သွားရာ ပွဇွန်ထုတ်အကောင်ကြီး ပြီးလတ်ဆတ်
သည်ကို တွေ့ရှိရသဖြင့် ဝယ်ယူလာခဲ့ပါသည်
ထို့နောက် ပုဇွန်ထုတ်များအား ဆီပြန်ဟင်း ချက်စားပါသည်
**ပါဝင်ပစ္စည်းများ
- ပုဇွန်ထုတ်
- ခရမ်းချဥ်သီး
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆီ
- ဆား
- အရသာမှုန့်
- နနွင်းမှုန့်
- အရောင်တင်မှုန့်
တို့လိုအပ်ပါသည်
**ချက်ပြုတ်ပုံ
အရင်ဆုံး ပုဇွန်ထုတ်များအား ရေတွင် သန့်ရှင်းသွားသည်အထိ ဆေးကြောပါ
ထို့နောက်ပုဇွန်ထုတ် ၏အပေါ်ခွံများ ခေါင်းပိုင်းနှင့်လက်တံများအား ဖယ်ရှားရှင်ထုတ်ပစ်ပါ
(ပုဇွန်ထုတ် ကိုင်ရာတွင်အရေးကြီးဆုံးကတော့ ပုဇွန်ထုတ်၏ကျောဘက်၌ ရှိသော အကြောမျှင်အား ဖယ်ရှားပစ်ရပါမည် သို့မှသာ ပုဇွန်ထုတ်စားခြင်းကြောင့် အကြောတက်ခြင်း ကို မဖြစ်ပေါ်စေဘဲ အဆိပ်အတောက်ပြေမှာ ဖြစ်ပါသည် )
သန့်စင်ပြီးသော ပုဇွန်ထုတ်များအား ဆား အရသာမှုန့် နနွင်းမှုန့် တို့နှယ် နယ်ပြီး 20 မိနစ်ခန့် နှပ်ထားပါ
ခရမ်းချဥ်းသီး သေးသေးလှီးထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ တို့ကိုလည်ူအခွံသင် လှီး ထောင်း ထားပါ
ဒယ်အိုးအတွင်း ဆီပူလာပါက ကြက်သွန်နီများထည့် ပြီး ကြ်သွန်နီ အရောင်ပြောင်းလာပါက ကြက်သွန်ဖြူများထည့်မွေပေးပါ
ကြက်သွန်နီ ကြက်သွန်ဖြူများ မွှေးပျံ့ပြီး ရွှေညိုရောင်ပြောင်းလာပါက ခရမ်းချဥ်သီးများထည့်မွေပေးပြီး အရောင်တင်မှုန့်များထည့် ရေအနည်းငယ်ထည့်ကာ ခဏ အဖုံးအုပ်ထားပါ
ရေခမ်းပြီး ခရမ်းချဥ်သီးအနှစ်များ ကြေလာပါက ဆားနယ်ပြီး နှပ်ထားသော ပုဇွန်ထုတ်များ ထည့်မွှေပေးပါ အထက်အောက်လှန် နှံ့စပ်အောင် မွေပေးပါ
ထို့နောက် ဆီပြန်လာပါက မီးဖိုပေါ်မှချ၍ ဟင်းပွဲပြင်ဆင် စားသောက်နိုင်ပြီ ဖြစ်ပါသည်
I am used „ liked and lovely community is "ASEAN HIVE COMMUNITY. "
Thanks „ for all.
@mamamyanmar