My Made Dessert ( Part -6 )

Words
136
Reading
1 min
8y
Listen to this post
~1 min

အုန်းနို့ကျောက်ကျော

Hello , all steemit member.

အစားတစ်လိုင်း တို့ ထုံးစံအတိုင်း

ယန့ အတွက် ပြုလုပ်စားသောက်ဖြစ်သော အစားအစာကတော့ အုန်းနို့ကျောက်ကျော ဖြစ်ပါသည်

ထမင်းနှင့်ဟင်း စားသောက်ပြီးပါက ချို ချို ချဉ်ချဉ် အီအီ စိမ့်စိမ့် လေးစားရပါမှ
လူတွေက အာသာ ပြေပါသည်

ဘုန်းကြီး များကို ဆွမ်းကပ်ရာတွင်လည်း ဆွမ်းခဲဘွယ်များ ဆက်ကပ်ပြီးပါက အချို ပွဲများပါ ဆက်ကပ်ကြပါသည်

မြန်မာ့ ရိုးရာသရေစာ လည်းဖြစ် ရဟန်းသံဃာ များအား အမွန်အမြတ်ထား၍
ဆက်ကပ် လှူဒါန်း ကြသည့် အချို ပွဲ များစွာထဲကမှ ယနေ့ အတွက် အုန်းနို့ကျောက်ကျော ပြုလုပ်နည်း အား ရေးသား လိုက်ပါသည်

image

အုန်းနို့ကျောက်ကျော ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

  • တယ်လီဖုန်း တံဆိပ်ကျောက်ကျောမှုန့် သေး ၁ ထုတ်
  • သကြား..၃၀ ကျပ်သား
  • ရေ နို့ဆီဘူး ၂ ဘူး
  • အုန်းနို့ နို့ဆီဘူး ၂ ဘူး

ပြုလုပ်ပုံ

ကျို မည့် အိုးအတွင် တွင် ရေထည့်၍ ပွက်ပွက်ဆူအောင်တည်ပါ

ရေဆူလာပါက ကျောက်ကျောမှုန့် သကြား များအားထည့်မွှေပါ

၁၅ မိနစ်ခန့်ကြာမွှေပြီးပါက အုန်းနို့ တစ်ဝက် လောင်းထည့်ပါ

၁၀မိနစ်ခန့် ဆက်မွှေပေးပြီး မုန့်ဘန်းအတွင်း ၃ ပုံ ၂ပုံ ခန့်လောင်းထည့် အအေးခံထားပါ

ကျန် ကျောက်ကျောရည် ၁ပုံ အား အုန်း နို့လက်ကျန်တစ်ဝက်အားထည့် ၍ ၁၀ မိနစ်ခန့် ဆက်မွှေပေးပါ

မုန်းဘန်းအတွင်းရှိ ကျောက်ကျော တစ်ထပ် အပေါ်ရည်တင်းချိန်တွင် အုန်းနို့ နှင့်ကျို ထားသော ကျောက်ကျော နောက်တစ်ထပ် လောင်းထည့်ပါ

အအေးခံ ပြီး လိုသလို လှီး ၍ စားနိုင်ပါပြီ

ကျောက်ကျော နှစ်ထပ် လိုချင်ပါက အထက်ပါ အတိုင်းပြုလုပ်ရ ပြီး တစ်ထပ်ထဲ လိုချင်ပါက အုန်းနို့အားခွဲထားစရာ မလိုဘဲ ပေါင်းကြို ရပါမည်

mamamyanmar@mamamyanmar

My Made Dessert ( Part -6 ) | Ecency