Dry Of Red Silk Cotton Tree Flower„ Fired

Words
162
Reading
1 min
Listen
Play
5y

#Hive #foodie #D.Buzz #Ecency
###Dry of Red Silk Cotton Tree Flower (Fired)
###လက်ပံပွင့်ခြောက် ကြော်

img_0.8033167910182609.jpg

Hello „ all my friends.
မင်္ဂလာပါ
ဒီနေ့ မမကတော့ တန်ဖိုးနည်းဟင်းလျာ လို့ပြောလို့ရသလို အရသာလည်း ရှိပြီး အိမ်မှာရှိတဲ့ အခြောက်အခြ မ်း တို့ကို အသုံးချ ပြီး ဟင်းတစ်ခွက်ရအောင် ဖန်တည်းကြည့်ထားပါတယ်

img_0.7468777365094197.jpg

ကျမတို့ နေထိုင်ရာနယ်ဘက်မှာဆို တစ်ပေါင်းတန်ခူး အချိန်ဆိုရင်ဖြင့် လက်ပံပင်များဆီမှ လက်ပံပွင့်လေးများ ရဲရဲတောက်ကြွေကျနေသည်ကို မြင်ပါက မကောက်ရ မနေနိုင်အောင် ကောက်ယူသိမ်းဆည်းပြီးသကာလ လက်ပံပွင့်ရဲ့ ဝတ်လွှာလေးတွေကိုဖယ် (ကလေးဘဝတုန်းကတော့ ထိုဝတ်လှာလေးတေကို အိုးပုတ်ထဲကြိတ်၍ ဆော့ကစား) အထဲမှ လက်ပံဝတ်ဆံလေးတွေကိုတော့ နေပူပူမှာ အခြောက်ခံကာ

img_0.998194500856973.jpg

ထိုလက်ပံခြောက်လေးများအား တနှစ်ပတ်လုံးသိမ်းယူ ကာ လက်ပံ​ခေါင်းချဥ်ရည်ဟင်း လက်ပံပွင့်သုတ် လက်ပံပွင့်ကြော် ဟူ၍ ချက်ပြုတ်စားသောက်ကြပါတယ်
အများအားဖြင့်တော့ လက်ပံပွင့်ခြောက်ကိုု ငါးခေါင်း ဘူသီး တို့နှင့်တွဲ၍ ချဥ်ရည်ချက်စားဖြစ်သည်က များသော်လည်း
လက်ပံပွင့်ခြောက်သုုတ်ကတော့ နဲနဲချွဲသည့် အတွက် တခါတရံမှသာ သုတ်စားဖြစ်ပါသည်
ယခုကတော့ လက်ပံပွင့်ခြောက်ကိုု ဆိတ်သားမွခြောက်ကဲ့သို့ ကြော်မည်ဟု စိတ်ကူးရမိသောကြောင့် ဆိတ်သားခြောက်ကြော် ပုံစံအတိုင်း ကြော်စားသည့် လက်ပံပွင့်ခြောက် မွမွကြော် ဖြစ်ပါသည်

img_0.4276214677028813.jpg

#ပါဝင်ပစ္စည်းများကတော့
-လက်ပံပွင့်ခြောက်
-ကြက်သွန်နီ
-ကြက်သွန်ဖြူ
-ဆီ
-ငရုတ်ကြမ်းမှုန့်
-နန္နင်းမှုန့်
-ဆား
-အရသာမှုန့်
-ပျဥ်းတော်သိမ်ရွက်

တို့ပါဝင်ပါတယ်

img_0.036651049558899376.jpg

#ပြုလုပ်ပုံကတော့
-အရင်ဆုံး လက်ပံပွင့်များအား ၁ နာရီကျော် ကြာ ပွလာသည်အထိ ရေစိမ် ထားရပါမယ်
-ဖုန်မှန့် ခဲသလဲကင်းစင်အောင် ဆေးကြောပြီး ဝတ်ဆံသတ်သတ် လက်ပံခေါင်းသတ်သတ် ဆယ်ယူ ရေစစ်ထားရပါမယ်

img_0.3387427529790832.jpg

-ကြက်သွန်နီ /ဖြူ ပါးပါးလှီး န္နွင်းမှုန်ထည့် ဆီသတ်
-ကြက်သွန်နီ/ဖြူ ကြွပ်ရွလာပါက ဆယ်ယူထားပြီး
-ပျဥ်းတော်သိမ်ရွက်ကိုလည်း မကြွမ်းစေရန်ဂရုစိုက်ကြော်ထားပါ
-ရေစစ်ထားသော လက်ပံခေါင်း / လက်ပံပွင့်ခြောက်တို့ကို တစ်ဆင့် ခြင်း မွမွလေးဖြစ်အောင် မီးအရှိန်လျော့္၍ ကြော်ပေးရပါမယ်

img_0.5841140239837544.jpg

-လက်ပပွင့်ခြောက်လေးများကြွပ်လာပါက ကြက်သွန်ကြော် ငရုတ်သီးကြမ်းမှုန့် ပျဥ်းတော်သိမ်ရွက်ကြော် ဆား အရသာမှုန် တို့ထည့်ကာ မီးဖိုပေါ်မှချ အအေးခံ၍
-လက်ပံပွင့်ခြောက်စပ် မွမွကြော်လေး တစ်ခွက်ရရှိမှာ ဖြစ်ပါတယ်
ငွေကုန်ကြေးကျ သက်သာပြီး အရသာရှိတဲ့ ဟင်းတစ်ခွက် ရရှိစေမှာ ဖြစ်ပါတယ်
သူ့အရသာကတော့ ဆိတ်သားခြောက်စပ် မွမွကြော် အရသာ အတိုင်းပါ လို့

Thanks „ for all.
mamamyanmar@mamamyanmar

Dry Of Red Silk Cotton Tree Flower„ Fired | Ecency