This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ရည်ရွယ်ချက်လား ရည်မှန်းချက်လား

Words
110
Reading
1 min
Listen
Play
8y


Images Credit - Original Source
ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကို လူတိုင်းမကွဲပြားနိုင်ကြတာကိုတွေ့တွေ့နေရတယ်။ အဲ့လို မကွဲပြားတဲ့သူတွေကို ကြည့်လိုက်တိုင်းလည်း သူတို့ ကိုယ်တိုင်ကိုက အနာဂါတ်ဆိုတာ ဝေတေ၀ါးတားပဲ။
ကမ်းပျောက်တဲ့ လှေလိုပဲဖြစ်နေတယ်။ ယောင်လည်လည်နဲ့အရွက်ကျ အပင်ပေါက်ဘ၀ ဖြစ်နေကြတာတွေ့ ရတယ်။ ကိုယ်လက်ကိုင်ထားတာ ရည်မှန်းချက်လား၊ ရည်ရွယ်ချက်ပဲလား ဆိုတာကို ဘာမှန်းမသိဘူး။ ဘ၀မှာ ရည်ရွယ်ထားတာတွေ များကြီးရှိကောင်းပါရဲ့၊ ဒါပေမယ့် ကိုယ့်ဘ၀မှာ အဖြစ်ချင်ဆုံးနဲ့ ဆန္ဒအပြင်းပြဆုံးထားရမည့်တစ်ခုက ရည်မှန်းချက်ဆိုတာကိုနားလည်ရပါမယ် ။
ရည်မှန်းချက်ဆိုတာ ရည်ရွယ်ချက်တွေ အများကြီးထဲကမှ နောက်ဆုံးစကာတင်ကျန်ခဲ့တဲ့ အရာမျိုးဖြစ်တယ်။ ရည်ရွယ်ထားတယ်ဆိုတာ ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့။ သူကတော့ ဦးတည်ချက်တွေအရမ်းများတယ်၊ ရွေးချယ်နေရတာလည်းများတယ်။ ဒီတစ်ခုကိုလည်းရည်ရွယ်ထားတယ်၊ ဟိုတစ်ခုကိုလည်း ရည်ရွယ်ထားတယ်၊ ဒီတစ်ခုမရရင် ဟိုတစ်ခုပေါ့။ ဒါကြောင့် ဘ၀မှာ ရွေးချယ်တာတွေ အများကြီးရှိနေတာကို ရည်ရွယ်တယ်လို့ခေါ်တယ်။ ဂရုစိုက်ပြီး တော့ရွေးချယ်ဖို့လိုအပ်တယ်။
ရည်မှန်းချက်များကျတော့ ဖြစ်ကိုဖြစ်အောင်လုပ်ရမှာမျိုး၊ ဘ၀မှာအမှားယွင်းဖြစ်လို့မရဘူး၊ မဖြစ်မနေ ကိုယ်သွားရမည့် ပန်းတိုင်မျိုး၊ ဆုံးဖြတ်ချက်ပြတ်သားစွာချပြီးမှာ အကောင်အထည်ဖော်တဲ့အရာမျိုးဖြစ်တယ်။ ဥပမာ..ငါ သွားဆရာဝန်ကြီး ဖြစ်ကိုဖြစ်ရမယ်၊ မြို့ပြအင်ဂျင်နီယာကြီး ဖြစ်ကိုဖြစ်ရမယ်၊ စစ်ဗိုလ်ကြီး ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်မျိုးဖြစ်ပါတယ်။ ရည်မှန်းချက်ကတော့ မဖြစ်သွားတဲ့အခါ ကိုယ့်အတွက်ရော ကိုယ့်မိသားစု အတွက်ပါ သိပ်ကို အန္တရာယ်ကြီးပါတယ် ။

ဒါကြောင့်ဘ၀မှာ ရည်မှန်းချက်နဲ့ရည်ရွယ်ချက်ကို ကွဲပြားအောင်ကြိုးစားပါ။ မရောပြစ်လိုက်ပါနဲ့။ ရည်မှန်းချက်ဆိုတာကို ခိုင်ခိုင်မာမာမချပဲ၊ ရည်မှန်းထားတယ်ဆိုတဲ့ စကားလုံးနဲ့ ပေါ့ဆဆ လုပ်မပြစ်လိုက်ပါနဲ့။ ဘ၀မှာ အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်ပါတယ်။ ရည်ရွယ်ထားတဲ့ အများကြီးထဲက တစ်ခုကိုရွေးပြီး ရည်မှန်းချက်အဖြစ် အောင်မြင်အောင် ချမှတ်သွားနိုင်မှ အဓိပ္ပာယ် နဲ့ပြည့်နှက်တဲ့ ဘ၀ကို ပိုင်ဆိုင်ကြရမှာဖြစ်တယ် ။

ရည်ရွယ်ချက်လား ရည်မှန်းချက်လား | Ecency