This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

အိပ်ပျော်ချင်ရင် ဖုန်းမကိုင်နဲ့

Words
100
Reading
1 min
Listen
Play
8y

တိုးတက်ပြီး နိုင်ငံများရဲ့လူဦးရေတစ်ဝက်ကျော်လောက်က သူတို့ရဲ့နေစဉ်ဘဝမှာ ဖုန်းတွေကို အားကိုးအားထားပြုနေရပါတယ်။ စိတ်ပညာရှင်များ၏ သုတေသနပြုချက်အရ လူတွေဟာ တစ်နေ့ကို ပျမ်းမျှ ၅ နာရီလောက် ဖုန်းတွေနဲ့အချိန်ကုန်နေတာဖြစ်ပြီး တစ်နေ့ကို အကြိမ် ၁၀၀လောက် ဖုန်းပွတ်နေမိတတ်ပါတယ်။ ဖုန်းတစ်လုံးကို လက်မလွှတ်နိုင်ရခြင်း၏ အကြောင်းရင်းထဲမှာ ကြောက်စိတ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ထဲမှာ ဖုန်းမပါဘဲ အပြင်ထွက်ရင် သူငယ်ချင်းတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲ။ Google Maps မပါဘဲ သွားရင်းလာရင်းနဲ့ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ စတဲ့ အကြောင်းရင်းတွေကြောင့် ကျွန်တော်တို့တတွေဟာ ဖုန်းမရှိရင် မနေတတ်အောင် ဖြစ်လာရပါတယ်။

Images Credit - Original Source
ဒီတော့ လက်ထဲမှာ ဖုန်းတစ်လုံးမရှိရင် ဘာတွေဖြစ်လာမလဲ။ ဘယ်လို ကောင်းကျိုးရလာမလဲဆိုရင်-
ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ရဲ့ Facbook ပိုစ့်တစ်ခုခုကို Like ပေးပြီဆိုရင်ဖြစ်စေ Twitter မှ Tweet တစ်ခုခုကို ပြန်ပြီး retweet လုပ်လိုက်ပြီဆိုရင်ဖြစ်စေ လူ့ဦးနှောက်ဗဟိုမှ ဒိုဖာမိန်းဆိုတဲ့ဓါတ်တစ်မျိုးကို နှိုးဆွပေးလိုက်ပါတယ်လို့ လန်ဒန်အိပ်စက်မှုဌာနမှ ဦးနှောက်စိတ်ပညာအတိုင်ပင်ခံနှင့် ဆေးဝါးဒါရိုက်တာဖြစ်တဲ့ ဒေါက်တာအက်စ်ဟဒ်အီဘရာဟင် ပြောပါတယ်။ ဖုန်းအပါအဝင် screen ပါတဲ့ ပစ္စည်းတွေဟာ လူရဲ့အိပ်စက်မှုကို ကြန့်ကြာအောင် အနှောင့်အယှက်ပြုပြီး ဦးနှောက်ကို လှုံ့ဆော်ပါတယ်။ ဒါဟာ အိပ်စက်မှုဖြစ်စဉ်ကို ထိခိုက်စေပြီး လူကို နိုးကြားစေပါတယ်လို့လည်း သူကထပ်ပြောပါတယ်။ ဒီတော့ ဖုန်းကို အနားမှာထားပြီး မအိပ်သင့်ပါဘူး။ ကိုယ်သုံးနေကျ ဖုန်းလက်ထဲမှာ မရှိတဲ့ညဟာ ပုံမှန်ထက် စောပြီး အိပ်ရာဝင်စရာအကြောင်းရှိတာကြောင့် ပိုပြီးကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။

အိပ်ပျော်ချင်ရင် ဖုန်းမကိုင်နဲ့ | Ecency