တချို့တွေက စိတ်စေရာအတိုင်း စိတ်ညစ်ရင်လည်း စားတယ်၊ ပျော်ရင်လည်း စားတယ်၊ စိတ်မကြည်ရင်လည်း စားတယ်၊ စိတ်ဖိစီးနေရင်လည်း စားတယ်၊ တချိုကကျတော့ စားချင်လို့ကို စားတယ်။ ဒီလိုမျိုး ကိုယ့်စိတ်စေရာအတိုင်း စားနေတယ်ဆိုတာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး အ၀လွန်ရောဂါဖြစ်လာနိုင်တဲ့အထိပါ။ ဒါကြောင့် ဘယ်လိုရပ်တန့်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
Images Credit - Original Source
တချို့တွေက စိတ်ညစ်ရင် စိတ်ဖိစီးနေရင် အစားစားပစ်လိုက်ပြီး စိတ်ကို ဖြေလိုက်တယ်။ စိတ်ဖိစီးနေတဲ့အချိန်မျိုးမှာ သင့်ရဲ့ခံစားချက်တွေကို အစားအသောက်နဲ့ ဖြေသိမ့်နေတတ်တယ်။ တကယ်လို့ သင်ကိုယ်တိုင်က ဒီလိုစိတ်စေရာ စားနေတာကို လျော့ချင်တယ်ဆိုရင်တော့ သင့်ရဲ့ခံစားချက်တွေကို ဖွင့်ချလိုက်ပါ။ ငိုချင်နေတယ်၊ အသဲကွဲနေတယ်၊ စိတ်ပင်ပန်းနေတယ်ဆိုရင် သင့်ခံစားချက်တွေကို ဖွင့်လိုက်ပါ။ ငိုချင်ရင် ငိုလိုက်ပါ။ အားရပါးရ ပေါက်ကွဲပစ်လိုက်ပါ။ အစားအသောက် ချုပ်တည်းထားတယ်ဆိုတာကတော့ မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် သင့်ကိုယ်သင်လက်ခံပေးတာက သင့်ပြသနာတွေကို ဖြေရှင်းသွားနိုင်မှာပါ။ သင့်ကိုယ်သင် လက်မခံနိုင်လေ သင်ပဲ ပိုခံစားရမှာပါ။ သင်ခံစားရလေ စိတ်ဖိစီးလာမယ်၊ စိတ်ပင်ပန်းလာမယ်။ သင်စိတ်ဖိစီးနေမယ်ဆိုရင် အစားဘက်ကို အာရုံရောက်သွားပြီး စိတ်ဖြေလိုက်တော့မှာပါ။ ဒါကြောင့် သင့်ကိုယ်သင် ဟန်ဆောင်ပြီး ဖုံးကွယ်မနေဘဲ ရိုးသားဖို့လိုပါတယ်။
တချို့တွေက တကယ်ဗိုက်ဆာနေတာမျိုး မဟုတ်ဘဲ ပါးစပ်နဲ့အစား မပြတ်အောင်ကို စားနေတတ်တာမျိုးပါ။ ဒါမျိုးက သင့်ကိုယ်သင်တောင် သတိမထားမိပါဘူး။ ဒီလိုဆို သင်တကယ်ဗိုက်ဆာတာ ဟုတ်မဟုတ်ကို ပန်းပွင့်စိမ်းနဲ့ စမ်းသပ်ကြည့်ကြရအောင်။ ပန်းပွင့်စိမ်းကို မြင်ပြီး သင့်ကိုယ်သင် ဗိုက်ဆာနေလားလို့ မေးပေးပါ။ မေးပေးလို့ ဗိုက်ဆာတယ်ဆိုမှစားပေးပါ။ မဟုတ်ရင် မလိုအပ်ဘဲ အဆီတွေ၊ ကယ်လိုရီတွေကို မယူချင်ပါနဲ့။ နောက်ပြီး ကောင်းကောင်း အနားယူပေးပါ။ အနားယူပေးတာက စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်ပါတယ်။ သင်တစ်ခုခုစိုးရိမ်နေရင်တော့ အိပ်ပျော်အောင်အိပ်လိုက်တာက ဆေးတစ်လက်ပါ။ တကယ်လို့ သင့်အိပ်ချိန်က (၆-၇)နာရီ မပြည့်ဘူးဆိုရင် စိတ်ပင်ပန်း၊ ကြောင်သွားတာတို့ဖြစ်လာနိုင်တယ်။ အစားဘက်ကို စိတ်ရောက်နေမယ့်အစား Skill သစ်တစ်ခုခု သင်ယူလိုက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့စကားပြောပေးပါ။
အစားကို ကြေညပ်အောင်စားပေးပါ။ ပန်းကန်နဲ့ ဇွန်းသေးတို့ကို သုံးပေးပြီး အစားကို နှေးနှေးစားပေးပါ။ သင်နှေးနှေးစားပေးရင် စားရင်းစားရင်းနဲ့ အီလာမှာပါ။ ဒါကြောင့် နှေးနှေးစားတဲ့သူက ပိန်တာပါ။
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.