လူတိုင်းကတော့ ကိုယ့်ကို ကြည်ညိုလေးစား တန်ဖိုးထားကြမှာ မဟုတ်ဘူး။ သူများတွေ မလေးစား တန်ဖိုးမထားသော်လည် အားငယ်စရာမလို စိတ်ဓာတ်ကျစရာမလိုပါ။ မိမိကိုယ်ကိုလေးစား တန်ဖိုးထားတတ်ဖို့သာ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးထား လေးစားတတ်လာတဲ့အခါမှာ ရရှိလာမယ့် နောက်ဆက်တွဲ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
Images Credit - Original Source
ကိုယ့်ကိုယ်ကိုလေးစားခြင်းနဲ့ ကိုယ့်ကိုယ်ကို ချစ်ခြင်းဆိုတာ ဆက်စပ်နေတဲ့အရာတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတဲ့သူဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်လာတယ်၊ ကိုယ့်ကိုယ်ကိုချစ်တတ်လာပါတယ်။ သင်ချစ်သလောက် သင့်ကိုမချစ်တဲ့သူတွေကို ပစ်ခွာနိုင်သွားမှာပါ။ သင့်ကိုမလိုအပ်တဲ့သူတွေ၊ သင့်တန်ဖိုးကို နားမလည်တဲ့သူတွေဆီမှာ အချိန်မဖြုန်းတော့သလို၊ သင့်ကိုပျော်ရွှင်စေမယ့် အရာတွေကိုသာ ဦးစားပေးတတ်သွားမှာပါ။ နောက်ပြီး တစ်ယောက်ထဲနေတတ်လာတယ်။ ကိုယ့်ကိုယ်ကို မလေးစားတဲ့သူတွေဟာ တစ်ယောက်တည်း မနေရဲကြပါဘူး။ တစ်ယောက်တည်းနေတဲ့အခါမှာ သူတို့ရဲ့အတွေးတွေ၊ သူတို့ကိုသူတို့ ထင်မြင်ချက်တွေက သူတို့ကို ခြောက်လှန့်နေတတ်လို့ပါ။ ကိုယ့်ကိုယ်ကိုလေးစားတတ်သွားတဲ့အခါ ကိုယ့်ကိုယ်ကို အကောင်းမြင်လာမယ်၊ ကိုယ့်ကိုယ်ကို အားပေးတတ်လာမယ်၊ တစ်ယောက်တည်းနေရတဲ့ ခံစားချက်လေးတွေကို နှစ်သက်လာပါလိမ့်မယ်။
http://yawthama.top/?m=201710&paged=6
ကိုယ့်ကိုယ်ကို လေးစားမှုမရှိတဲ့သူတွေ၊ ကိုယ့်တန်ဖိုးကိုယ်နားမလည်တဲ့သူတွေဟာ သူတစ်ပါးရဲ့ အမြင်တွေ၊ အထင်ကြီးလေးစားမှုတွေကို အမြဲတမ်းရယူချင်နေကြပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုပြင်ရမယ့်အစား သူတစ်ပါးရဲ့ထင်မြင်ယူဆချက်တွေကိုပဲ အလေးထားတတ်တယ်။ လူတစ်ယောက်ကိုယ့်ကိုယ်ကို လေးစားတတ်သွားတဲ့အခါမှာ သူတစ်ပါးရဲ့အမြင်တွေကို ဂရုမစိုက်ပဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နိုင်သွားပါတယ်။ လူတော်တော်များများအဖို့ လောကကြီးဟာ ကြောက်စရာကောင်းနေပြီး သူတို့နဲ့အဆင်ပြေတဲ့အရာက အရမ်းရှားပြီး သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာတွေက အရမ်းများနေတတ်ပါတယ်။ သူတို့ကိုသူတို့လည်း ယုံကြည်မှုမရှိသလို ချစ်လည်းမချစ်တတ်ကြပါဘူး။ ကိုယ့်ကိုယ်ကို လေးစားတဲ့သူတွေကတော့ သူတို့ကိုသူတို့ ယုံကြည်လေးစားမှုအပြည့်ရှိပြီး လူတိုင်း၊ နေရာတိုင်းနဲ့ သင့်တင့်လျောက်ပတ်အောင် နေတတ်ကြပါတယ်။
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.