This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

အမှားနဲ့အမှန်

Words
47
Reading
1 min
Listen
Play
8y

images.jpg
Images Credit - Original Source
မှန်တရ်ထင်လို့လုပ်လိုက်မိတဲ့အမှား တဲ့
ခြေလှမ်းမှားသွားတာပါ..။
အမှန်ကိုပြုပြင်ရင်း မှားသွားမိတဲ့အမှားတဲ့
နောက်ထပ်မမှားဖို့သူကြိုးစားနေမှာပါ..။
မှားမှန်းမသိလို့ ဆက်လုပ်မိတဲ့အမှားတဲ့
တော်တော်ရိုးအတာပဲဗျာ..။
မှားမှန်းသိလျှက်နဲ့ ဆက်မှားနေမိတဲ့ အမှားတဲ့
သနားစရာပဲဗျာ…။
အမှားဆိုရင် ဘယ်အမှားမှ မကောင်းပေမဲ့
မှားမှန်းသိလျှက်နဲ့
ဆက်မှားချင်တဲ့ အမှားကတော့
မိုက်ရူးရဲဆန်တဲ့ အဖြစ်သနစ်ပါ…။
အမှားကိုအမှားနဲ့ပေါင်းကြည့်လေ
အမှန်မှထွက်မလာပဲ
ဆိတ်ပါများတော့ အနာဖြစ်တတ်တရ်
စုပါများတော့တောင်ပို့ဖြစ်တရ်လေ…။
ပင်လယ်ကြီးထုထည်ကြီးမားလိုက်တာလို့ မပြောလေနဲ့
မိုးရေစက်လေးတွေ တစ်ပေါက်ခြင်း ဖွဲ့စည်းထားတာ
သင်..... မသိရော့လေသလား…။
ဆင်ခြေပေးပြီး ထွက်ပေါက်ရှာတဲ့အခါ
မမှားသောရှေ့နေ မသေသောဆေးသမား
ဒီလိုနဲ့ပဲ
အမှားဝင်္ကဘာထဲက
ထွက်ပေါက်ရှာမရတဲ့ အဖြစ်ကိုတော့
သနားမိပါရဲ့ဗျာ…။

အမှားနဲ့အမှန် | Ecency