ှWanna Forget You..( မင်းကို မေ့ချင်မိတယ်)

Words
58
Reading
1 min
9y
Listen to this post
~1 min

ဒီမနက်ပေါ့ ရောင်နီဖျော့ဖျော့နေရောင်အောက်
လေက ဝေပတ် အေးစက်စက်နဲ့
မြူတွေလားေ၀၀ါးနေတဲ့
လမ်းမထက် သတိရစိတ်တွေ ပြန့်ကျဲ့................

လမ်းခွဲခဲ့တာလား ဆုံဆည်းဖို့မဖြစ်ကြလို့
ခွဲခွာခဲ့ကြာတာလား မသေချာခြင်းကြား
ဝေးကွာသွားတာကတော့
နှစ်တွေလည်းပြောင်း ရက်ဟောင်းတွေတောင်
နှစ်ပတ်လည်နေပီ...............

မတွေးလည်းရောက်လာတတ်တဲ့
မေ့မရတဲ့ အတိတ်ကဒဏ်ရာ
မဖြေသာတဲ့ စိတ်လား
မရေမရာတော့တဲ့ အနာဂတ်လမ်း
မင်းမပါတော့မှာသိရက်နဲ့
စမ်းတ၀ါးဝါး လျှောက်နေခဲ့ရလို့လား.............

အရာရာဟာ အချိန်နဲ့အမျှ
ပြောင်းလည်းနေတတ်တယ်တဲ့
တစ်ခါတစ်လေ
ပြောင်းလည်းပြီလို့ထင်ထားတဲ့
စိတ်တွေလည်း
မဟောင်းနွမ်းသေးတဲ့
အတွေးထဲက မင်းကို
သတိရနေသေးတယ်.....

နွေ မှာ သတိရ
မိုး မှာ တမ်းတ
ဆောင်း မှာ လွမ်းဆွတ်ခြင်းက
မင်းထားခဲ့တဲ့ နေရာ
မင်းစေခဲ့တဲ့ အတိုင်း
ငါ့ ဖြစ်တည်ခဲ့ပါပီ.....

#Laypyay (Own Creation)
#MSC 099

20171104_153447 copy.jpg

ှWanna Forget You..( မင်းကို မေ့ချင်မိတယ်) | Ecency