မဆိုင်သော အလွမ်း

Words
39
Reading
1 min
9y
Listen to this post
~1 min

ဝေးရမယ်မှန်းလည်းသိတယ်
တမ်းတခြင်းတွေကို မတားစီးနိုင်တဲ့ငါ့
အလွမ်းတွေကြား
မျက်ရည်တွေက ကခုန်နေကြပီ.....

မျှော်လင့်ပါသေးတယ်ဆိုကာမှ
ပြန်မရနိုင်တော့တဲ့ အချိန်တွေကို
ခဏခဏ ပြန်လိုချင်နေသေးတယ်.....

မဖြစ်နိုင်မှုတွေကြား
နေထိုင်နေရတဲ့ အခါ
ပေးခဲ့ဘူးတဲ့ ပျော်စရာတွေနဲ့
မပျော်ရွှင်မှုတွေကို
ခပ်ခွာခွာနေနိုင်ခဲ့တယ်.....

အလွမ်းကသာ ပန်းတွေပွင့်မယ်ဆို
တမ်းတမှုတွေ ထမ်းပိုးထားတဲ့
မင်းကို သတိရနေခဲ့တဲ
အဝေးတစ်နေရာက ငါ့ကို
ပန်းပွင့်တွေကြား တွေမှ တွေပါမလားကွာ....

ဒီလိုနဲ့
သတိရခြင်းတွေ နာမည်တပ်မပြောခွင့်မရှိတဲ့အခါ
စွန့်အခြင်းတွေနဲ့အတူ
သူနာမည်လေး ခပ်ဖွဖွ
ရွတ်နေမိတယ်...

#LayPyay
#MSC 099

20171104_153447 copy.jpg

မဆိုင်သော အလွမ်း | Ecency