ဆုံဖို့ မဖြစ်တော့တဲ့ ခွဲခွာခြင်း

Words
76
Reading
1 min
Listen
Play
9y

သို့
ကောင်မလေးရေ
အဝေးက မသိခြင်းတွေကြား ခပ်ပါးပါး မမြင်နိုင်တဲ့နေရာက
ကဗျာ ဆွေးဆွေးလေးတစ်ပုဒ် ရွတ်ပါရစေ....

ရာသီ အိုတွေနဲ့အတူ ပြက္ခဒိန် အဟောင်းတွေ
စုတ်ပြဲ သက္ကရာဇ်တွေဖြိုချခဲ့တာ ခြောက်နှစ်ကျော်ကြား
ခြေသံသဲသဲတောင်မကြားခဲ့ရ....

မှားခဲ့သမျှပြန်ပြင် ဖို့ဆိုတာ ဝေလာ ဝေး...
ငါ့ ဆွေးရင်း ငေးရင်း ဝေးမှန်းမသိ ဝေးခဲ့တာ
တစ်ဖြည်းဖြည်းကြာသွားခဲ့ပြီ.....
အခုတောာ့ တစ်စိမ်းတွေပေါ့.......

တစ်စိမ်းတွေမှ အခိုက်အတန့်တော့
ပြန်ဆုံ ပြန်တွေကြသေး...
ငါ့တို့တွေ ဝေးသွားတာများ ပြန်ဆုံချင်လို့ ရှာရင်း
မတွေ့ ကို တွေ့ခွင့်မရတော့တာ......

Unfriend ဘ၀နဲ့ မင်းမျက်နှာလေး မြင်ဖို့
အကောင့်လေးက နေ ခဏခဏတော့
ကြည့်မိတယ်... ငါ့တို့ အတိတ်ဆိုတာ
မင်းမှာမရှိတော့တာ ကြာခဲ့ပီထင်ပ....

ချစ်သူအသစ်နဲ့ သိပ်ချစ်နေကြမှာကို
ငါ့ တွေးရင်း..
အဆုံးအစ မရှိတော့တဲ့ သံသရာတစ်ကြောမှာ
သံယောဇဉ်တွေ ရစ်သမျှ ခံရအုန်းမှာပါလား....

ရေစက်မဆုံတော့တဲ့ အခါ
ပြန်စုံဖို့ ဆုမတောင်းတော့သလို့
ဒီအလွမ်းတွေ ချုပ်ငြိမ်းဖို့
ဆုံဖို့ မဖြစ်တော့တဲ့ ခွဲခွာခြင်းတွေကြား
ခဏတော့ ခရီးသွားဟန်လွဲလေးဆုံပါရစေ....

လေပြေ(LayPyay)
Own Creation

20171104_153524 copy.jpg

ဆုံဖို့ မဖြစ်တော့တဲ့ ခွဲခွာခြင်း | Ecency