Only if strong foundation(အုတ်မြစ်ကောင်းမှ)

Words
136
Reading
1 min
Listen
Play
9y

21-lazy-life-hacks-that-are-actually-pure-genius-2-7778-1429798559-10_dblbig.jpg
ကျွန်တော့ရဲ့ အထင်အမြင်လေးတွေကို ကြိုးစားပြီးတော့ ရေးလိုက်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ခံစားချက်ခြင်း တချို့တဝက် တူချင်မှတူနိုင်လိမ္မည် အကုန်လုံးတော့မသေချာဘူးပေါ့ စာရေးဆရာ တစ်ယောက်မဟုတ်တဲ့အတွက် စာပုဒ်တိုင်း စာပုဒ်တိုင်းမှာ ကာရံမညီတာလေး လူတစ်ယောက်ခံစားနိုင်လောက်အောင် အဓိပ္ပာယ်မရှိတာလေးတွေတော့ အများကြီးပါလိမ္မည်လို့ ယူဆမိပါတယ် တခါတလေ ကြိုးစားရင်ရမယ်ဆိုတာကို သိလျက်နဲ့ မကြိုးစားပဲ နေတတ်ကြပါတယ်။ အဲ့ဒီလိုမကြိုးစားပဲ ရမလားဆိုတော့လည်း ဘယ်တော့မှရမှာ မဟုတ်ပါဘူး အဲ့ဒါကြောင့်မို့ ကိုယ်ရမဲ့ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးမှုရစမြဲပါပဲ လွယ်တယ်ဆိုတဲ့အရာတွေက တန်းဖိုး မရှိသလို တန်းဖိုးရှိတဲ့ အရာတွေကလည်း လွယ်မှာမဟုတ်ပါဘူး။
Everestmoviescreenshot.jpg
နာမည်ကျော် နေတဲ့လူတွေဟာ သူတို့ရဲ့ အောင်မြင်မှုအတွက် ထိုင်နေသလားဆိုတော့လည်း ဘယ်သူကမှထိုင်နေမှာမဟုတ်ဘူး သူတို့ရဲ့ ရလာဒ်အတွက် ဘယ်လောက်တောင် အကြိမ်ကြိမ်အခါခါ ကြိုးစာခဲ့ရမလဲမသိဘူး။ကျွန်တော့ အထင်ပြောရရင်တော့ တခုခုစတင်တော့မယ်ဆိုရင် ကိုယ်စိတ်ကို ခွန်အားတွေပေးရမယ်လို့ ထင်တယ် ဘာဖြစ်လို့လည်းဆိုတော့ လူတစ်ယောက်ဟာ ဘယ်လောက်ပင် နေမကောင်းဖြစ်နေပါစေ စိတ်ဓါတ်ကလေး ထက်သန်နေရင်တော့ အဲ့ဒီလူဟာ နည်းနည်းလုပ်ရှားလို့ရသေးတယ် ကျမ္မာပြီး စိတ်ဓါတ်ကျနေမယ် ဆိုရင် ဘာဆို ဘာမှ လုပ်နိုင်တော့မဟုတ်ပါဘူး လို့ယူဆမိပါတယ် အဲ့ဒါကြောင်း စိတ်ဓါတ်တက်ကြွအောင် လုပ်ရမယ်။ နောက်ပြီး ကိုယ့်ကို ကိုပြန်မေးရပါမယ် ငါဒါနဲ့ပက်သက်ပြီးဘာတွေ လိုအပ်လေ ဘာတွေသိထာသင့်လေ ပေါ့လေ။
bw65r9wjbrbdkyf884p4fw3syod466b.jpg
ဘာတွေပဲလုပ်လုပ် အကုန်လုံးနီးပါးကတော့ အခြေခံက စတာများပါတယ်။ အခြေခံမကောင်းရင် အပေါ်ကိုရောက်တဲ့အခါမှာသိရမှာပါ ကြံကြံခံနိုင်ရည်မရှိဘူးပေါ့
puzzle.w1456_1.jpg
ကျွန်တော်တို့ ကိုးကွယ်နေတဲ့ မြတ်ဗုဒ္ဓဟောထားတဲ့ တရားတွေကို တခါတခါ ကြုံလေတိုင်းအမှတ်ရမိတယ် "ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော"ရှေးရှေးက ပြုလုပ်ခဲ့တဲ့ ကုသိုလ်တရားတွေဟာ နောက်နောက်၌ ပြုလုပ်တဲ့ ကုသိုလ်တရားတို့အား ကျေးဇူးပြုတယ်တဲ့ အဓိပ္ပာယ်ကတော့ ရှေးကပြုလုပ်ခဲ့တဲ့ အလုပ်တခုက နောက်ပြုလုပ်တဲ့ အလုပ်အပေါ် အကျိုးပြုတယ်လို့ အဓိပ္ပာယ်ရပါတယ်။
Mutual Funds.jpg
ဥပမာ သူငယ်တန်းက သင်ခဲ့ရတဲ့ (ကခ)စတာတွေဟာ နောက်တက်လာမဲ့ အတန်းတွေအတွက်အကျိုးပြုသလိုပေါ့ အဲ့ဒါကြောင့် အခြေခံ သဘောတရား တွေကိုနားလည်မှ အပေါ်သို့ရောက်တဲ့အခါ အခက်ခဲမရှိကြောင်းOr အုဌ်မြစ်ကောင်းမှ သာလျှင် တည်တံ့ခံနိုင်ကြောင်း ထင်မြင်ချက်လေးတွေကို တင်ပြလိုက်ပါတယ်။

စာရေးသူ=konaing
photos from google

Only if strong foundation(အုတ်မြစ်ကောင်းမှ) | Ecency