Best friend(သူငယ်ချင်းကောင်း)

Words
160
Reading
1 min
Listen
Play
9y

547d0c9ed0050550027f0d5db33f7526.jpg
ဒီတခါရေးသားမှာကတော့ သူငယ်ချင်းကောင်း ဆိုတာလေးပါ။
လူတိုင်းလူတိုင်းမှာတော့ သူငယ်ချင်းတွေ ထိုက်သည့်အားလျော်စွာ ရှိကြမှာပါ။ သို့သော် သူငယ်ချင်းတွေများပေမဲ့ သူငယ်ချင်းကောင်းဖြစ်ဖို့က နည်းပါလိမ္မည်။
original.jpg
တချို့လူတွေကြုံဖူးကြမှာပါ ပြေလေတုန်းကတော့ သူငယ်ချင်းတွေပွါးမှပွါး အခက်ပေါင်းများစွာနဲ့ မပြေလည်တဲ့အခါကျတော့လဲ အိတ်ဆွေတွေ တစ်ယောက်မှ အနားကပ်မဲ့သူမရှိဘူး မြင်ပေမဲ့ မမြင်ဟန် တမင်လွှဲရှောင်သွားကြတာရှိတယ်။ မိတ်ဆွေဟန်ဆောင်တဲ့ အိတ်ဆွေတွေက ရန်သူထက် ကြောက်စရာကောင်းပါတယ် အိတ်ဖောင်းတော့တစ်မျိုး အိတ်ကပ်တော့တစ်မျိုးပေါ့။
images (5).jpg
သူငယ်ချင်းကောင်းတွေကတော့ အဲ့လိုမဟုတ်ပြန်ဘူး ကိုယ့်သူငယ်ချင်းအပေါ် သီးခံတယ် ခွင့်လွတ်တယ် အနစ်နာခံတယ် လမ်းမှားရောက်နေရင်တောင် လမ်းမှန်ရောက်အောင် စိတ်ရှည်ရှည်နဲ့ ဖြောင့်ပေးတယ်။ ဒါတွေကိုတော့ သူငယ်ချင်းကောင်းတွေပဲလုပ်ဆောင်နိုင်တာပါ အိတ်ဆွေတွေမလုပ်နိုင်ပါဘူး။
သူငယ်ကောင်းတွေရဲ့ အစွမ်းသတ္တိကို အခက်ခဲ့နဲ့ ကြုံတဲ့အခါသိနိုင်ပါတယ်။ အခက်ခဲမရှိတဲ့လူဆိုတာ မရှိပါဘူးလေ။ တခါတလေ ကိုယ့်တစ်ယောက်တည်း ဖြေရှင်းလို့မရတဲ့ ပြဿနာတွေရှိတတ်ပါတယ် အဲ့ဒီအခါကျရင် သူငယ်ချင်းကောင်းတွေလိုအပ်ပါတယ်။ သူငယ်ချင်းကောင်းကို ဘယ်လိုရှာမလဲ? အဝေးကြီးကိုတော့မမျော်မှန်းပါနဲ့ ကိုယ့်မှာရှိနှင့်ပြီးတဲ့ သူငယ်ချင်းတွေ ကို ကောင်းအောင်လုပ်ဖို့ပါပဲ။ ဘယ်လိုကောင်းအောင်လုပ်ရမလဲ? မိမိကိုယ့်ကိုအရင် သူငယ်ကောင်းဖြစ်အောင် ပြုပြင်ရပါမယ်။ ခက်ခဲမယ်ဆိုတာတော့ ပြောစရာမလိုပါဘူး။ လောကမှာ သူများကိုပြုပြင်တာထက် ကိုယ့်ကိုပြုပြင်ရတာက အခက်ဆုံးပဲလေ ဒါနဲ့ပက်သက်ပြီး ဆရာပြောခဲ့တာတွေကို သတိရမိတယ် ကျွန်တော်တို့ သင်တန်းတက်ခဲ့တုန်းက ဆရာက စာတခုတည်း သင်ပြပေးတာမဟုတ်ပါဘူး။ စိတ်ဓါတ်ခွန်အားတွေရှိမဲ့စကားတွေ ဗဟုသုတတွေကို အမြဲလိုလိုပြောလေ့ရှိပါတယ်။ ကိုယ်တွေကသာ မလိုက်နာကြတာ ဆရာကောင်းပေမဲ့ တပည့်ကတော့ ကောင်းချင်မှကောင်းမှာပါ ။ဆိုးဖို့ကတော့ အလွယ်လေးပါ လက်ယှမ်းခေါ်စရာမလိုပါဘူး ထိုင်းနေရင်းနဲ့ ဆိုးသွားမှာပါ ။ ကောင်းဖို့ကတော့ သူများတွေဘယ်လောက်ပြောပြော မိမိကိုယ့်ကိုမပြုပြင်သရွေ့တော့ ကောင်းလာမှာမဟုတ်ပါဘူး။ အဓိကမိမိပဲလေ
Chiselled.jpg
ဒါနဲ့ ဆရာဘာပြောခဲ့လဲ ဆိုတော့ "သူများကို မပြုပြင်ခင် မိမိကိုအရင်ပြုပြင်လိုက်ပါ"တဲ့ ဒီစကားတခွန်းဟာ ကျွန်တော်အတွက်တော့ အလွန်တရာမှ တန်းဖိုးရှိပါတယ်။ လူတစ်ဦးတစ်ယောက်ကို သင်ပြဖို့သည်ဖြစ်စေ ကိုယ့်အောက်ငယ်သားတွေကို ဆုံးမဖို့သည်ဖြစ်စေ ကိုယ့်ကိုယ်ကို အရင်မပြု ပြင်လို့မရပါဘူး။ အဲ့ဒါကြောင့် သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ဖို့ မိမိကို အရင်ဆုံး သူငယ်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ။ မိမိက လူတစ်ယောက်ကို ဘာအကျိုးရလဒ်တစ်စုံတစ်ခုခုမှ မမျော်ကိုးပဲ ရိုးသားစွာဖြင့် သူရဲ့အခက်ခက်တွေကို အေးတူပူမျှ ဖြေရှင်းပေးခဲ့ရင် ကိုယ့်မှာ အခက်ခဲတွေ ရှိရင်လည်း သူလျစ်လျူးရှုနေမှာမဟုတ်ပါဘူး။
fa37b2b3b6817fa209d532dc2f329d5a.jpg
ဆိုရိုးစကားတခုရှိတယ်လေ "ကိုယ်ပြုသည့်ကံ ပဲ့တင်သံ တဖန်ပြန်လာမည်"ဆိုတဲ့အတိုင်း မိမိက အရင် သူများအပေါ်မှာ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ခဲ့ရင် သူတို့လည်း မိမိအပေါ်မှာ သူငယ်ချင်းကောင်းတွေ ဖြစ်လာလိမ္မည်။ ဒါကြောင့် တန်းဖိုးမဖြတ်နိုင်တဲ့ ရိုးသားမှုတွေရင်းပြီးတော့ သူငယ်ချင်းကောင်းများပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
prabudroid_1504514527521.gif
ဒီgifပုံလေးကတော့ ကျွန်တော်ကိုယ်ဖန်တီးထားတာပါ

Photos from google
Written by konaing@konaing

Best friend(သူငယ်ချင်းကောင်း) | Ecency