ကျွန်တော်နှင့် ဂျင်း - အပိုင်း (၁)

khan5(49)
Published in
#myanmar
Words
89
Reading
1 min
Listen
Play
8y

ကျွန်တော်နှင့် ဂျင်း - အပိုင်း (၁)
Ginger2.jpg
#photo is taken from google.
လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော့ဖုန်းလေး firmware ကျသွားလို့ ဆိုင်သွားပြီး firmware ပြန်ရေးရတယ်။သွားနေကျဆိုင်ကို သွားတာပါပဲ။အဲဒီဆိုင်ကို firmware ရေးတဲ့ အကြောင်းကိစ္စနဲ့ပဲ အရင်က နှစ်ခေါက်သုံးခေါက် ရောက်ဖူးပါတယ်။
ဆိုင်ရောက်တော့ ဆိုင်ရှင်မရှိပါဘူး။ငှားထားတဲ့ တပည့်လေးပဲရှိတယ်။ညီလေးရေ firmware ကျသွားလို့ firmware လေး ပြန်တင်ပေးပါကွာ ဆိုပြီး ဖုန်းလေးပေးလိုက်တယ်။ငတိက ဖုန်းပါဝါဖွင့်ကြည့်ပြီး ဘာလုပ်ရင်းနဲ့ ဒီလိုဖြစ်သွားတာလဲ ဘာလဲ***စသဖြင့်ပေါ့ အကုန်လျှောက်မေးတော့တာပဲ။ကိုယ်လည်း ဖြေရမှာ ပျင်းလာတာနဲ့ ညီလေးရေ။firmware သာပြန်တင်လိုက်ပါ။ဘယ်လောက်ပေးရမလဲ လို့ သူ့ကို ပြန်မေးလိုက်ပါတယ်။ငတိက အကို ဒီဖုန်းက firmware တင်တာရယ် root ဖောက်တာရယ် မြန်မာဖောင့်သွင်းတာနဲ့ဆိုတော့ စုစုပေါင်း ၃ခု လုပ်ရမှာဆိုတော့ 6000 ပဲကျပါတယ်တဲ့။
10081.jpg
#photo is taken from google.
ညီလေးရေ။မင်းဆရာက firmware တင်တာ 4000 ပဲယူတာကွ။ဘယ်လိုဖြစ်လို့ 6000 ဖြစ်သွားရတာတုန်း လို့ ကျွန်တော်ထပ်မေးလိုက်တယ်။အဲ့ဒီတော့မှ ငတိက မျက်နှာပျက်သွားပြီး ဟုတ်ကဲ့ အကို အဲဒါဆိုလည်း 4000 ပဲပေးခဲ့ပါ တဲ့။အော်----- ဂျင်း----ဂျင်း----ဂျင်း----
နေရာတိုင်းမှာ ဂျင်းတွေချည်းပါလားဗျာ။
အပိုင်း(၂)ဆက်ပါဦးမည်။
author - Crypto Boy

ကျွန်တော်နှင့် ဂျင်း - အပိုင်း (၁) | Ecency