ဆေးဂျင်း - အပိုင်း ၅(နိဂုဏ်းပိုင်း)

khan5(49)
Published in
#esteem
Words
149
Reading
1 min
Listen
Play
8y

ဆေးဂျင်း - အပိုင်း ၅(နိဂုဏ်းပိုင်း)

အပိုင်း ၄ မှာ ကျန်နေသေးတဲ့ ဆေးခန်းကြော်ငြာစာဆောင်က စာမျက်နှာတွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။

IMG_20180412_095947.jpg

IMG_20180412_100000.jpg

IMG_20180412_100016.jpg

IMG_20180412_100027.jpg

IMG_20180412_100045.jpg

IMG_20180412_100103.jpg

IMG_20180412_100114.jpg

IMG_20180412_100131.jpg

IMG_20180412_100142.jpg

IMG_20180412_100203.jpg

IMG_20180412_100215.jpg

IMG_20180412_100229.jpg

IMG_20180412_100236.jpg

IMG_20180412_100254.jpg

IMG_20180412_100313.jpg

IMG_20180412_100348.jpg
လွန်ခဲ့တဲ့ တစ်ပတ်လောက်က facebook social media မှာလည်း အခုလို တရားမဝင် ဆေးခန်းတွေကို စစ်ဆေးအရေးယူနေတဲ့ သတင်းတွေ ဖတ်ရပါတယ်။ဒါဟာ ကောင်းသတင်းပါပဲ။ဒီလုပ်ဆောင်မှုကို ကျွန်တော်တို့ ကြိုဆိုရမှာပါ။
အခုလို တရားမဝင်ဆေးကုခန်းတွေမှာ ဘယ်ဆရာဝန်ကုသတယ်ဆိုတာကို ကျွန်တော်တို့ မသိရပါဘူး။ကျွန်တော်အမြင်အရတော့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတစ်ယောက်ကို ဆရာဝန်လို့ပြောရုံမျှနဲ့ ယုံကြည်ပြီး ကိုယ့်ရဲ့ အသက်နဲ့ ကိုယ်ခန္ဓာကို ပုံအပ်ဖို့ဆိုတာ သိပ်ကို မိုက်မဲလွန်းတဲ့ကိစ္စပါ။
ပြီးတော့ ကြော်ငြာကို သေချာဖတ်ကြည့်ပါ။ကြော်ငြာထဲမှာ နာတာရှည်ရောဂါတွေကို ''တစ်ကြိမ်ကုရုံနဲ့ ရောဂါအမြစ်ပြတ်တယ်''ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးထားတာ တွေ့ရပါမယ်။''အမြစ်ပြတ်''ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ တောသားတွေ သိပ်ကြိုက်ကြတယ်။ရောဂါမြန်မြန်ပျောက်ချင်ကြတာကိုး။
ကျွန်တော်တို့ တောသားအများစုဟာ စာပေမတတ်တာရယ်၊ဗဟုသုတလိုက်စားမှု အားနည်းတာရယ် စတဲ့အချက်တွေကြောင့် ဟိတ်ဟန်ကောင်းကောင်းနဲ့ ပြောဆိုမယ်ဆိုရင် အရမ်းယုံလွယ်ကြတယ်။ဂျင်းထည့်ဖို့ သိပ်လွယ်တယ်ပေါ့ဗျာ။ဒါ့ကြောင့် ကျွန်တော်တို့ တောနယ်ဘက်တွေမှာ အခုအချိန်ထိ ပရောဂ ဆရာတွေ၊ပျောက်စေဆရာတွေ၊ဒေါက်တာရမ်းကုတွေ အလုပ်ဖြစ်နေတုန်းပါပဲ။ခွေးရူးကိုက်တာတို့ မြွေကိုက်တာတို့ကို ပျောက်စေဆရာနဲ့ကုလို့ အသက်ဆုံးရှုံးသွားရတဲ့သူတွေ လွန်ခဲ့တဲ့ ၃၊၄ နှစ်လောက်က အထိတောင် ရှိနေခဲ့ပါတယ်။ဒေါက်တာရမ်းကုနဲ့ဆေးထိုးပြီး ဆေးရှော့ဖြစ်လို့ သေသွားတဲ့သူတွေ အခုအချိန်ထိ ကျွန်တော်တို့တောမှာ ရှိနေပါသေးတယ်။သို့သော်လည်းပဲ ကျွန်တော်တို့တောသားတွေ အများစုက ပိန်းဥတွေဖြစ်နေတော့ ပရောဂဆရာတွေ၊ပျောက်စေဆရာတွေ၊ဒေါက်တာရမ်းကုတွေနဲ့ ကုနေကြတုန်းပါပဲ။
ကျွန်တော်ကတော့ လက်လှမ်းမှီသလောက် ပြောပြပေမယ့်လည်း ပျောက်စေဆရာက ဆန်တစ်ပြည် ငွေတစ်ထောင်လောက်နဲ့လည်း ကုပေးတယ်ဗျ။ဒေါက်တာရမ်းကုကလည်း စပါးပေါ်၊ပဲပေါ်မှ ပေးရင်လည်း ရသဗျ။အဲလိုလေးတွေလည်း ရှိတယ်ပေါ့ဗျာ။
ကျွန်တော်တို့ တောသားတွေက ငွေကို ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲရှာရတာဆိုတော့ ငွေကို တော်တော်လေး နှမြောကြတယ်။ငွေကုန်မယ့်ကိစ္စဆို သိပ်ကြောက်ကြတယ်။တစ်ချို့ကလည်း အမှန်တကယ်ကို ဆင်းရဲချို့တဲ့လို့ ဆေးမြီးတိုလေးတွေနဲ့ ကုလိုက်၊ပျောက်စေဆရာနဲ့ ကုလိုက် လုပ်ကြရတာပါ။ဗဟုသုတရှိတဲ့ ငွေကြေးတတ်နိုင်သူအချို့ကတော့ မြို့ပေါ်တက်ပြီး ရိုးရိုးအထွေထွေကုဆရာဝန်နဲ့ ဆေးကုကြတယ်ဗျ။အထူးကုတို့ သမားတော်တို့နဲ့ ကုတဲ့သူကတော့ လုံးဝမရှိသလောက်ပါပဲ။အဲဒီအထူးကုတို့ သမားတော်တို့နဲ့ ကုရင်လည်း ငွေက အထူးကုန်တာကိုး။ပြီးတော့ အဲဒီအထူးကုဆေးဆန်းကြီးတွေကလည်း ရိုက်သဗျ။ရိုက်တာမှ တော်တော်လေးကို ရိုက်တယ်။ပြီးတော့ အထူးကုဆရာဝန်အချို့(အားလုံမဟုတ်)ကလည်း ဆော်သဗျ။ရေရေလည်လည် ပက်ပက်စက်စက် ဆော်သဗျ။ကျွန်တော်ကိုယ်တိုင် ခံခဲ့ရလို့ သိတာပါ။(အဲဒီအကြောင်းကိုလည်း post တစ်ခု ရေးပါဦးမယ်)
ကဲ----နိဂုဏ်းချုပ်ပါတော့မယ်ဗျာ။
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း နှစ်သစ်မှာ ဘေးဘယာကင်းကွာပြီး စိတ်သစ်လူသစ်ခွန်အားအသစ်နဲ့ ကျမ်းမာချမ်းသာလန်းဖြာနိုင်ကြပါစေ။ဂျင်းအပေါင်းမှလည်း လွတ်ကင်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျား။
Author - Crypto Boy

ဆေးဂျင်း - အပိုင်း ၅(နိဂုဏ်းပိုင်း) | Ecency