ဒီနေ့မှာတော့ ရာသီဥတုက အုံနေတာနဲ့ပဲ ရုံးကလူတွေစုပြီးတော့ hot pop ဆိုင်ကိုရောက်ခဲ့ပါတယ်။အမှန်တော့ ရာသီဥတုအုံနေတာက ဒီနေ့မှမဟုတ်ပါဘူး၊အခုရက်ပိုင်အတွင်း ရာသီဥတုက သာသာယာယာနဲ့ ကိုယ်ဘက်ပါနေခဲ့တယ်ဆိုရင် မမှားပါဘူး။
မနက်ကတည်းက ဆိုင်တစ်ဆိုင်ကိုသွားကြမယ်လို့ တိုင်ပင်ထားခဲ့ကြတယ်။ဆိုတော့ ရွေးရင် ရွေးရင်နဲ့ နောက်ဆုံးတော့ hot pop ဆီကိုရောက်သွားခဲ့တာပေါ့။ဆိုတော့ တစ်ချိူ့ဆိုင်တွေက ဟင်လင်ပြင်ပေါ့ တချိူ့ဆိုင်တွေကတော့ aircon နဲ့ပေါ့။
ခုနောက်ပိုင်တော့ aircon ဆိုင်တွေများလာခဲ့ပြီးပေါ့ ဒါပေးမယ့် တချိူ့ aircon ဆိုင်တွေကတော့ အထဲကအပူဒဏ်ကို မနိုင်တဲ့ဆိုင်တွေလဲ ရှိနေတော့ ကျွန်တော်တို့ကတော့ aircon နိုင်တဲ့ဆိုင်ကိုပဲ ရွေးချယ်ခဲ့တယ်။
ကိုယ်တွေကထိုဆိုင်ကို စားဖူးတာ ဒါနဲ့ဆိုရင်တော့ နှစ်ခါမြောက်ရှိသွားခဲ့ပါပြီး။ဆိုင်က aircon နိုင်တာရယ် အစားအသောက်ကသန့်ရှင်းတာရယ်နဲ့ အမယ်ဆုံအောင်ရှိနေတာရယ်ကြောင့်ထိုဆိုင်ကို ရွေးချယ်ခဲ့ပါတယ်။အရသာကလဲ တော်တော်ကောင်းမွန်သလို ဆိုင်ကလဲ ဝန်ထမ်းတွေကလဲ စိတ်ရှည်ကြတယ်။
ဆိုင်ကိုတော့ ရုံးကနေဆင်းတာနဲ့အိမ်ကိုအရင်မပြန်ဘဲ တန်သွားခဲ့ပါတယ်။ကိုယ်ရောက်တဲ့အချိန်က ရုံးဆင်းချိန်ဖြစ်ပေးမယ့်လဲ ဆိုင်မှာက လူသိပ်မရှိဘူး။နွေရာသီဆိုတော့ စောနေတာလဲ အဲအချိန်စောနေတာလဲ ဖြစ်နိုင်ပါတယ်။ဆက်ရန်....