ဥပဒေအကြောင်း လူတိုင်းသိစေရန်

Words
161
Reading
1 min
Listen
Play
5y

img_0.8658032470498207.jpg

Photo Source

ကျွန်တော်တို့သည် နေ့စဥ်ရှင်သန်ရုန်းကန်နေရသည့်အတွက် ဥပဒေတွေ၊ တရားဥပဒေစိုးမိုးရေး (Rule of Law ) တွေကို မေ့လျော့နေတက်ပါသည်။ ဘဝကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရင်း ဥပဒေသည် ကိုယ်နှင့်မဆိုင်ပါဘူးဟု တွေးထင်နေတက်ကြပြန်ပါတယ်။ ဒီလို မသိခြင်းကနေ အနိုင်ကျင့်ဗိုလ်ကျမှုတွေ၊ ခေါင်းပုံဖြတ်ခံရမှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ စသည့်တို့သည် ကျွန်တော်တို့အပေါ်တွင် စိုးမိုးလာခဲ့ပြန်ပါသည်။ မသိခြင်းကနေ အမှားတွေဖြစ်ပေါ်လာတက်ပြီး အမှားတွေကနေ ပြစ်မှုတွေဖြစ်လာပါတော့သည်။ အမှုရင်ဆိုင်ရချိန်မှာ ဥပဒေအကြောင်းကို မသိရှိ၍ သူများပြောသမျှလုပ်မိတက်ကြပြန်ပါတယ်။ ထိုသို့လုပ်ရာက ငွေကုန်သံပြာ ဖြစ်ကြပြန်တော့သည်။ အမှုတစ်ခုရင်ဆိုင်ချိန်မှာ ငွေအား/လူအား ကုန်ကြပြန်သည် ( တရားရုံးသွားစရိတ်/အမှုသည်အတွက် ကုန်ကျစရိတ်/ ရှေ့နေငှားရမ်းခ စသည့်အကြောင်းအရာများမှ စိတ်ညစ်စရာကောင်းလှပါသည်)။ အကျဥ်းထောင်/အချုပ်ထောင် အတွင်းမှ အမှုရင်ဆိုင်နေရသူများအား အပတ်စဥ် ပါဆယ်(ထောင်ဝင်စာ) တွေ့ရသည်မှာလည်းအလုပ်တစ်ခုဖြစ်နေပြန်ပါသည်။ မလိုအပ်ဘဲ အသက်များ၊ ဘဝများသည် မသိခြင်းကနေဆုံးရှုံးသွားကြပြန်ပါသည်။

ဒီလိုအကြောင်းတွေကြောင့် တရားဥပဒေကို လူတိုင်းလက်လှမ်းမှီစေရန် အလွန်အရေးကြီးလှပေသည်။ ပထမအဆင့်အနေဖြင့် သိသင့်သိထိုက်သည့် တရားမမှုများ၊ ရာဇဝတ်မှုများ၊ စီးပွားရေးဆိုင်ရာပြစ်မှုများကို ရွေးချယ်ပြီး ဖော်ပြပေးသွားပါမည်။ ဖြစ်နိုင်ရင် မြန်မာ-အင်္ဂလိပ် နှစ်မျိုးရေးသားပေးပါမည်။ အထက်ပါရေးသားချက်များကို အတည်ပြုပြဌာန်းထားသော ဥပဒေများ၊ စီရင်ချက်များ၊ စီရင်ထုံးများ၊ ဓလေ့ထုံးများအပေါ်တွင် အခြေခံ၍ ရေးသားရမည်ဖြစ်သောကြောင့် တစ်ချို့နေရာတွမှာ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် တစ်ချို့အပိုဒ်တွေကို မရေးဘဲ ကျော်ထားခဲ့ပါတယ်။ အသေးစိတ်လေ့လာ ချင်သူတွေအတွက် Ref စာအုပ်တွေထည့်ပေးပါ့မယ်။ ဥပဒေပညာရပ်ကို အားလုံးလေ့လာသင့်သည်မို့ ကျွန်တော်နှင့်အတူလိုက်ပြီးလေ့လာကြည့်ပါ။ စိတ်ဝင်စားစရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် နောက်ရက်တွေမှာ ဥပဒေအကြောင်းတွေ အများကြီးရေးသားသွားပါမည်။

တင်ပြီးသော Post List များ -
(1) Never Grow Up: Book Review
(2) The Silence Sea: Movie Review
(3)About English basic Grammar

ကျွန်တော် Post လေးကိုအဆုံးထိလေ့လာပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါသည်။ ယခု Post သည် မြန်မာနိုင်ငံသား #hive-myanmar အသုံးပြုသူများ ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပါသည်။

Hive ကို အရင်ရောက်နှင့်နေကြသော -> sheinthu@sheinthu , mamamyanmar@mamamyanmar , ansoe@ansoe , myothuzar@myothuzar , kyi@kyi , donjaun@donjaun , kachinhenry@kachinhenry တို့လည်းအကြံလေးများမျှဝေပေးစေချင်ပါတယ်။

#hive-myanmar #myanmar #law #leo #life #ecency #satire #proofofbrain #OCD

ကျေးဇူးတင်စွာဖြင့်
johndieo@johndieo
၂၇.၁၂.၂၀၂၁

ဥပဒေအကြောင်း လူတိုင်းသိစေရန် | Ecency