Crypto နှင့် မြန်မာ့ဥပဒေ

Words
312
Reading
2 min
Listen
Play
5y

တစ်လောက NUG အစိုးရကနေ USDT ကို တရားဝင်အသုံးပြုနိုင်ကြောင်းကြေငြာချက်ထွက်တာတွေ့ရပါတယ်။ အဆိုပါကြေငြာချက်ကြောင့် မြန်မာနိုင်ငံသား Crypto အသုံးပြုသူများအကြားတွင် အသံများထွက်ပေါ်လာခဲ့ကြပါတယ်။ ကျွန်တော်ကတော့လက်ရှိတည်ဆဲ ဥပဒေများ၊အတည်ပြုပြီး ဥပဒေ များဖြင့်နှိုင်ယှဥ်တင်ပြပေးပါ့မယ်။

img_0.32577617996315783.jpg

Photo - ©Pixabay Source
Reedited - johndieo@johndieo

မြန်မာ့ Crypto လောကတွင် ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် Crypto ရောင်းဝယ်ဖောက်ကားသူများ စစ်ဆေးမေးမြန်းခြင်းခံခဲ့ကြရပါတယ်။ တစ်ချို့ဆိုလျှင် အာမခံမရနိုင်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ-၁၇၁ ဖြင့်အမှုရင်ဆိုင်ခဲ့ကြရပြီး တစ်ချို့ကတော့ Crypto လောကမှ ပျောက်ကွယ်သွားကြပါသည်။

ဒီလိုအရေးကြီးလှသော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကို ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထပ်တွင်အတည်ပြုပြဌာန်းခဲ့ပါသည်။ မြန်မာ့ငွေကြေးစနစ်တည်ငြိမ်စေရန်၊ ငွေကြေးဆုံးရှံးမှု မရှိစေရန် ရည်ရွယ်ပြီး ၄င်းဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်မည်ဟု ယူဆရပါသည်။ သို့ပင်မဲ့ Crypto လောကသားတွေအနေဖြင့် ၂၀၂၀ ခုနှစ်၊ ၅ လ ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရဆိုရင် Crypto အား မိမိအတွက်သော်၄င်း၊တစ်ခြားသူအတွက်သော်လည်းကောင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်လျှင် ငွေရေးကြေးရေးအဖွဲအစည်းများဥပဒေအဖြစ်သော်လည်းကောင်း ၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအဖြစ်သော်လည်းကောင်း ဖမ်းစီးအရေးယူဆောင်ရွက်မည်ဟု ကြေငြာချက်ကြောင့် ဝေဖန်မှုများမြင့်တက်ခဲ့ကြပါသည်။

ဥပဒေအရ ဘယ်အချက်တွေကြောင့် ငြိစွန်းခဲ့ရပါသလဲ။ အကယ်၍ အမှုရင်ဆိုင်ခဲ့ရလျှင် ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနိုင်မလဲဆိုသည်ကို Crypto ဖြင့်အမှုဖြစ်ခဲ့သူများကို ကူညီပေးခဲ့သည့်အချိန်အတွင်း သိရှိခဲ့ရသော အကြောင်းအရာများကိုမျှဝေပေးပါရစေ။

Crypto ရောင်းဝယ်သူများသည်

ငွေရေးကြေးရေးအဖွဲ့အစည်းပါ အခန်း ၂ အပိုဒ်ခွဲ (ည) စာခွဲ (၅) ပါ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ကိုလုပ်ဆောင်နေသည်ဟု အဓိပ္ပာယ်ရောက်ရှိပါသည် ( Crypto အား ဗဟိုဘဏ်မှာ Digital ငွေကြေးအဖြစ်သဘောထားသောကြောင့်ဖြစ်ပါသည်)။

ထိုသို့ ရည်ညွှန်းရခြင်းမှာ
ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ အခန်း (၂) အပိုဒ်ခွဲ (စစ) အရ ငွေပေးချေမှုနည်းလမ်းများဆိုသည်မှာ ငွေ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများရယူရာ၌သော်လည်းကောင်း၊ ပေးချေရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်သည့် ထိတွေ့နိုင်သော သို့မဟုတ် မထိတွေ့နိုင်သော ငွေပေးချေမှုနည်းလည်းတစ်ခုခုကို ဆိုလိုသည် ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
ငွေ/ကြေးအဖွဲ့အစည်းများဥပဒေ အပြည့်အစုံလေ့လာလိုပါလျှင်

တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂)နှစ်မှ (၅) နှစ်ထိ ကျခံရနိုင်ပြီး ငွေဒဏ် သန်း(၅၀၀)ထိ သော်လည်းကောင်း ထောင်ဒဏ်၊ငွေဒဏ် (၂)မျိုးစလုံး ကျခံနိုင်ပါသည်။ အမှုရင်ဆိုင်ချိန်သည် (၆)လ မှ (၂)ခန့်ထိ ကြာမြင့်နိုင်ပါသည်။

တရားစွဲခံရမှုအဆင့်ဆင့်

(၁) တိုင်ကြားသူသည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း တစ်ခုခုကနေ ဗဟိုဘဏ်သို့ အရင်ဦးစွာတိုင်ကြားနိုင်သည်

(၂) ဗဟိုဘဏ်မှစီစစ်ပြီး တိကျမှန်ကန်ပါက ဆက်လက်အရေးယူနိုင်စေရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်ပို့ဆောင်ပြီး တိုင်ကြားပေးပါသည်။

(၃) ပြည်ထဲရေးဌာနမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာနအား အမှုကို ဆက်လက်စုံစမ်းရန် ညွှန်ကြားချက်ပေးပို့သည်။ (ငွေကြေးကိစ္စဆိုလျှင် စစစ မှ စုံစမ်းစစ်ဆေးသည်ကများပါသည်။ စစစ မှ Bank အကောင့်များ စီစစ်ခြင်း၊သက်သေများခေါ်ယူစစ်ဆေးခြင်း၊ တရားခံအား ထွက်ဆိုချက်ရယူခြင်း၊ သက်သေထွက်ဆိုချက်များအား မှတ်တမ်းရယူခြင်းတို့ လုပ်ဆောင်ပါသည်)

(၄) စစစ မှ အမှုခိုင်မာသည်ဟု ဆုံဖြတ်ချက်ချလျှင် ပြစ်မှုဖြစ်ပွားရာ မြို့နယ်ရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားပြီး တရားရုံး၌ ချုပ်ရက်ရမာန်ရယူပါသည်။ ထို့နောက်အဆင့်ဆင့်လုပ်ဆောင်ပြီး အကျဥ်းထောင်၊ အချုပ်ထောင်သို့ပို့ဆောင်ပါသည်။

(၅) တရားသူကြီးမှ ၄င်းအမှုအား ဆက်လက်ကြားနာပြီး ရုံးချိန်တိုင်းတွင် သက်ဆိုင်ရာ သက်သေများကို ခေါ်ယူ မေးမြန်းပါတော့သည်။

(၆) နှစ်ဖက်လျှောက်လဲများပြီးပါက တရားသူကြီးမှ အမိန့်ချပါသည် ။

၄င်းအဆင့်များအားလုံးပြီးဆုံးရန် ၆ လမှ ၂ နှစ် ခန့်ထိကြာတက်ပါသည်။(ငွေရေးကြေးရေးအဖွဲအစည်းများ ဥပဒေ ပုဒ်မ ၁၇၁ မှ အာမခံမရသည့်အတွက် အကျဥ်းထောင်၊ အချုပ်ထောင်များကနေသာ အမှုရင်ဆိုင်ရပါသည်။ထို့အပြင်၄င်းပုဒ်မသည် ရဲအရေးပိုင်သည့်အမှုဖြစ်၍ ရဲမှ ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသောအမှုဖြစ်ပါသည်။)

အမှုအတွက်ဆိုလျှင် လျှောက်လဲချက်၊ သက်သေထွက်ဆိုချက်၊ စစ်ဆေးချက်၊ သက်သေခံများသည် အလွန်အရေးပါလှသည်။ ၂၀၂၀ ခုနှစ် ၅ လပိုင်း နောက်ပိုင်းတွင် အဖမ်းရသူများသည် သက်သေခိုင်လုံလျှင် ပြစ်ဒဏ်ကျခံရနိုင်ချေများပါသည်။ ၂၀၁၉ ခုနှစ် ၅ လပိုင်းအ​ရှေ့ပိုင်း ဖမ်းခံရသူများသည် အမှုမှ လွတ်ကင်းနိုင်ပါသည်။ ကြားကာလတွင် တရားစွဲခံရသူများအဖို့ကတော့ ၅၀:၅၀ ပါ။ မိမိ၏ သက်သေထွက်ဆိုချက်၊ ဝန်ခံချက်၊ သက်သေ၊ လျှောက်လဲချက်အပေါ်မူတည်ပါတယ်။ (ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကိုသာ ရည်ညွှန်းပါသည်)

ဒီလောက်ဆိုလျှင် အမှုစွဲခံရမှုအဆင့်ဆင့်၊ အကျုံးဝင်မှု၊ ပြစ်မှုပြစ်ဒဏ်၊ အမှုရင်ဆိုင်ချိန်ကာလ တို့အားသိလောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသား Crypto လောကသားများ အမှုရင်ဆိုင်ရခြင်းမှ ကင်းဝေနိုင်ပါစေ

ကျွန်တော် Post လေးကိုအဆုံးထိလေ့လာပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါသည်။ ယခု Post သည် မြန်မာနိုင်ငံသား #hive-myanmar အသုံးပြုသူများ ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပါသည်။

ကျွန်တော်ရေးသားထားသော Post List များမှာ
(၁)Famous Cave In Shan State
(၂) လက်နက်များအပ်ဥပဒေ
(၃) မိစ္ဆာကျွန်း
(၄) ဥပဒေအကြောင်းလူတိုင်းသိစေရန်
(၅) Never Grow Up: Book Review
(၆) The Silence Sea: Movie Review
(၇) အခြေခံအင်္ဂလိပ်သဒ္ဒါ

Hive ကို အရင်ရောက်နှင့်နေကြသော -> sheinthu@sheinthu , mamamyanmar@mamamyanmar , ansoe@ansoe , myothuzar@myothuzar , kyi@kyi , donjaun@donjaun , kachinhenry@kachinhenry တို့လည်းအကြံလေးများမျှဝေပေးစေချင်ပါတယ်။

#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain

img_0.2766733809050379.jpg
johndieo@johndieo
29.12.2021

Crypto နှင့် မြန်မာ့ဥပဒေ | Ecency