မိစ္ဆာကျွန်း ( Book Review #2)

Words
191
Reading
1 min
Listen
Play
5y

ကျွန်တော်ဒီနေ့ခေါ်ဆောင်သွားမည့်နေရာကတော့ မိစ္ဆာကျွန်းကိုဖြစ်ပါသည်။ ဘယ်လိုလဲ လိုက်ချင်ကြလားခင်ဗျ။ လိုက်ချင်ချင် မလိုက်ချင်ချင် လိုက်ခဲ့ပေးပါနော်။

မိစ္ဆာကျွန်း (Lord Of the Flies) စာအုပ်ကို နာမည်ကြီးစာရေးဆရာ William Golding မှ ၁၉၆၄ ခုနှစ်တွင်ထုတ်ဝေခဲ့ပါသည်။ စာအုပ်အစ ပထမတွင် အငြင်းခံခဲ့ရပြီး နှောက်ပိုင်းစာပိုဒ်အချို့ကို ပြင်ဆင်ပြီးမှသာ ထုပ်ဝေခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

စာရေးဆရာ Willian Golding ကို ၁၉၁၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်မွေးဖွားခဲ့ပြီး အဖွားဖြစ်သူနှင့် နေထိုင်ခဲ့ရပါတယ်။ Golding သည် ၁၉၄၀ မှ ၁၉၅၆ ခုနှစ်အထိ ရေတပ်၌တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နောက်ရေတပ်၌ထွက်ပြီး ကျောင်းဆရာအလုပ် လုပ်နေစဥ်အတွင်း ဝတ္ထုများစတင်ရေးသာခဲ့ပါသည်။ နောက်ပိုင်းတွင် Golding သည် စာပေဆိုင်ရာ နိုဘယ်ဆုရရှိခဲ့ပြီး စာပေဆိုင်ရာ ဆုပေါင်းများစွာ ရရှိခဲ့ပါသည်။

ကျွန်ေတာ်တို့ မိစ္ဆာကျွန်းကို သွားကြရေအာင်.........

img_0.8406131070326273.jpg

ယခုစာအုပ်ကို ဒုတိယကမ္ဘာစစ်ကို အခြေခံရေးသားထားပါတယ်။ ကျောင်းသားလေးများစွာကို Nuclear ဗုံးမကြဲခင် လေယာဥ်တစ်စီးဖြင့်ကယ်လာခဲ့ပါသည်။ သို့ပင်မဲ့ ကယ်ဆည်ရေးလေယာဥ်သည် ပစ်ချခံခဲ့ရပြီး လူမေနသည့်ကျွန်းပေါ်သို့ ပျက်ကျခဲ့ပါသည်။ ကံကောင်းစွာဖြင့် ကလေးများသည် အသက်မသေသော်လည်း လူကြီးများတွေတော့ပါမလာခဲ့ပါဘူး။ ကလေးများအုပ်စုမှ အသက်အကြီးဆုံးသူမှာ (၁၂)ခန့်သာရှိပြီး အငယ်လေးများမှာ အသက် (၆)နှစ်ခန့်သာရှိပါတယ်။ လူမရှိသည့်ကျွန်း ၊ လူကြီးမရှိသည့် ဒီအုပ်စုမှာ ဘယ်လိုအသက်ရှင်သန်ကြမလဲ။
ဒီတော့ ကလေးတွေ အားလုံးစုမိကြချိန်မှာတော့ မဲပေးသည့် စနစ်ဖြင့် ခေါင်းဆောင်ရွေးကြပါတော့သည်။ ရာ့ဖ် သည် ခေါင်းဆောင်ဖြစ်ခဲ့ပြီး ရာ့ဖ်ခေါင်းဆောင်ဖြစ်သည်ကို မကျေနပ်သည်ကတော့ ဂျက် ပါ။ ပစ်ကီလေးကတော့ အရာရာ တွေးတောနိုင်ပင်မဲ့ သူ၏ပုံပန်းသွင်ပြင်ကြောင့် လူရာမဝင်ပြန်ဘူး။

img_0.049041182799097346.jpg

ကလေးများပီပီ သစ်သီးသစ်ဥတွေစားလိုက်၊ ပင်လယ်ကမ်းခြေ၌ ရေကူးလိုက်နှင့် ဘဝသည်ပျော်စရာပါ။ တစ်ဦးက ကယ်ဆယ်ရေးရရှိနိုင်စေရန် မီးဖိုအမြဲဖိုထားဖို့နှင့် ကျန်တစ်ယောက်က အစားအသောက်များအတွက် တောဝက်များကို ဖမ်းယူစားသောက်သူများအကြား ကွဲပြားမှုတွေဖြစ်လာခဲ့ပါသည်။ ကလေးအများစုကတော့ ဒီကျွန်း၌ မိစ္ဆာရှိတယ်ဆိုတာ ယုံကြည်နေကြပြန်ပါတယ်။ မိစ္ဆာကို ပူဇော်ပြသရန် ဖမ်းယူရရှိသော တောဝက်၏ ခေါင်းအားပူဇော်ပသခြင်း လုပ်ဆောင်လိုက်တဲ့အခါ မထင်မှတ်သည့်သေဆုံးမှု၊ အချင်းချင်းအကြားနေရာရလိုမှု၊ မနာလိုရန်ငြိုးဖွဲ့မှုတွေက နုနယ်လှသည့် ကလေးတွေကိုတောင် အလွတ်မပေးခဲ့ပါသည်။ ဒီကလေးအဖွဲ့များ ပြန်လည် လွတ်မြောက်နိုင်မလား။ ဒါမှမဟုတ် ကျွန်းပေါ်မှာ ဆက်လက်နေထိုင်သွားကြရမလား ဆိုတာကို စာမျက်နှာတစ်ရွက်ချင်းဆီက အဖြေပေးနေလျှက် ရှိနေပါတော့သည်။
လူ့အဖွဲ့အစည်း၏ အပြစ်ကင်းစင်ဆုံးဟု ယူဆထားသော ကလေးများအကြားတွင် ကြောက်မက်ဖွယ်ကောင်းသော အမုန်းများဖြစ်လာကြသောအခါ.......

တင်ပြီးသော Post List များ -
(1)ဥပဒေအကြောင်း လူတိုင်းသိစေရန်
(2) Never Grow Up: Book Review
(3) The Silence Sea: Movie Review
(4)About English basic Grammar

ကျွန်တော် Post လေးကိုအဆုံးထိလေ့လာပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါသည်။ ယခု Post သည် မြန်မာနိုင်ငံသား #hive-myanmar အသုံးပြုသူများ ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပါသည်။

johndio@johndio
27.12.2021

#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain

မိစ္ဆာကျွန်း ( Book Review #2) | Ecency