Steemit နှင့်အတူ ရင်ခုန်ရင်း

htwegyi(68)
Published in
MSC
Words
86
Reading
1 min
7y
Listen to this post
~1 min

image

Steemit ကြီးက ချောက်ထဲကျတော့မယ်တဲ့
ဒီကနေ့မနက် messager ကနေ ကိုဟင်ရဲ့
စာတိုကို ဖတ်လိုက်ရသည်။ ကိုရီးယား
ဒရမ္မာ ဇာတ်ကားကြည့်ရသလို ခံစားရသည်တဲ့။
Steemit သည် ရှေ့ဆက် မည်သို့ဖြစ်လာမည်ကို
စိတ်လှုပ်ရှားနေမိသည်။

Steemit ၏ ရှေ့ခရီးက စိတ်လှုပ်ရှားဖွယ်ရာ
ကောင်းသလို ကျွန်တော်၏ မျက်လုံးများကလည်း
စိတ်လှုပ်ရှားစရာကောင်းခဲ့ပါသည်။
ကျွန်တော့်မျက်လုံးများသည် 15ပေအကျော်
အကွာအဝေးမှ အရာဝတ္ထုများကို ပီပြင်စွာ
မမြင်ရပေ။ လူ၏ မျက်နှာကိုလည်း
သဲကွဲစွာမမြင်ရပေ။

စာဖတ်၊ ဖုန်းကြည့်အခါမှာတော့ မသိသာပါ။
အဝေးသို့ ကြည့်သည့်အခါမှာသာ မီးရောင်
များက နှစ်ထပ်ဖြစ်နေသည်။ မျက်စိဆရာဝန်
နှင့် ပြသ သည့်အခါ မျက်စိ၌ အတွင်းတိမ်
ဖြစ်ပေါ်နေသည်။ မျက်စိစမ်းသပ်သည့်အခါ
ကွန်ပျူတာဖြင့် စမ်းသပ်ရာ၌ ပြဿနာဖြစ်ပါ
သည်။

20200225_154033.jpg

မျက်စိမှာတိမ်ရှိသည့်အခါ ကွန်ပျူတာဖြင့်စမ်သပ်သည့်ရာ၌ အခက်ခဲဖြစ်သည်။ တိမ်ကြောင့်
မျက်စိပါဝါကို အတိအကျ ဖော်ပြမပေးနိုင်ပေ။
ကျွန်တော်အား ကွန်ပျူတာဖြင့်စမ်သပ်ပေးသည့်
ကလေးမလေးနှစ်ယောက် အခက်အခဲဖြစ်သွာရသည်။ မျက်စိဆရာဝန်ကိုယ်တိုင် စမ်းသပ်
စစ်ဆေးမှ ရသည်။

ထို့ကြောင့် ကျွန်တော်သည် မျက်စိကို
ကုသခဲ့ပါလျှင် Steemit နှင့် ခေတ္တခွဲခွါ
ရပါအုံးမည်။ ကျွန်တော် Steemit နှင့်
ပြန်လည်တွေ့ဆုံသည့်အခါ ပျော်ရွှင်စွာဖြင့်
ပြန်လည်တွေ့ဆုံပါအုံမည်။

htwegyi@htwegyi
MSC.036

Steemit နှင့်အတူ ရင်ခုန်ရင်း | Ecency