Dear Friends,
I am every Sunday
Garbage from around the house
Collected.
Today (21-1-2024) is Sunday
Thirteenth garbage collection
is. The third of 2024
Sunday.
Most of Burma's waste
Disposable plastic bags.
About ninety percent of the garbage.
Disposable plastic bags
It is also known as convex bags.
Disposable plastic bags
liquid Include a variety of readings
Easy to use. Easy to use
Everyone uses it. However, I know
They are not used and disposed of properly.
Discard disposable bags properly
The shooter is less. Trash cans usually have no lids. Therefore
Disposable plastic bags are the wind
It tends to fly away from the trash can.
I picked up the disposable plastic bags and put them in the trash
Discarded.
ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
ကောက်ယူပါသည်။
ယနေ့ (21-1-2024) တနင်္ဂနွေနေ့သည်
ဆယ့်သုံးကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
ဖြစ်သည်။ 2024 ခုနှစ်၏ တတိယမြောက်
တနင်္ဂနွေဖြစ်သည်။
မြန်မာပြည်အမှိုက်များ၏ အများစုမှာ
တခါသုံးပလပ်စတစ်အိတ်များဖြစ်သည်။
အမှိုက်များ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ရှိသည်။
တခါသုံးပလပ်တစတစ်အိတ်များကို
ကြွတ်ကြွတ်အိတ်များဟုလည်း ခေါ်သည်။
တခါသုံးပလပ်စတစ်အိတ်များသည်
အရည်၊ အဖတ် စသဖြင့် မျိုးစုံကို ထဲ့သွင်း
အသုံးပြုရလွယ်ကူသည်။ အလွယ်တကူ အသုံးပြု
ရသဖြင့် လူတိုင်းအသုံးပြုသည်။ သို့ပေသိ
အသုံးပြုပြီး စနစ်တကျ စွန့်ပစ်ခြင်း မရှိကြပေ။
တခါသုံးအိတ်များကို အမှိုက်ပုံးသို့ စနစ်တကျ
ပစ်သူက နည်းသည်။ အမှိုက်ပုံးများက အများအားဖြင့်
အဖုံးမရှိပါ။ ထိုကြောင့်
တခါသုံးပလပ်စတစ်အိတ်များသည် လေတိုက်
ခတ်သဖြင့် အမှိုက်ပုံးမှ အဝေးသို့ လွင့်သွားတတ်သည်။
လမ်းမများပေါ်မှာ ထိုအိတ်များကို
များစွာတွေ့မြင်နိုင်သည်။ ကျွန်တော်သည်
ထို တခါသုံးပလပ်စတစ်အိတ်များကို
တတ်နိုင်သမျှ ကောက်ယူ၍ အမှိုက်ပုံးသို့
သွားရောက်စွန့်ပစ်ပါသည်။
@htwegyi
January 21, 2024