ဒီနေ့ တနင်္ဂနွေနေ့ ရုံးပိတ်ရက်မှာ စာရေးပို့စ်တင်ဖို့
နည်းနည်း အပျင်းထူနေသည်။ နေ့လည် နေ့ခင်း
တစ်ရေးအိပ်ပြီး စာရေးဖို့ စတင်လိုက်သည်။
စာရေးမယ်ဆိုတော့ အခြားသူတွေလို
ကွန်ပျူတာဖြင့် စာရိုက်ခြင်းမဟုတ် ဖုန်းဖြင့်
စာရိုက်ရတော့ ပိုပျင်းမိသည်။ သို့သော်
ဖုန်းရဲ့ အားသာချက်က နှုတ်မှ ပြောစကားမျာကို
စာသားအဖြစ်ပြောင်းလဲပေးသည့် app
လေးရှိ၍ အဆင်ပြေသည်။
ဒီဟာလေးကလည်း တခါတရံ အလွဲဗျို့
ကိုယ်ပြောတဲ့စကား စားသားအဖြစ်ထွက်မလာပဲ
သူထွက်ချင်ရာထွက်နေတတ်သည်။
ဒီတော့လည်း ကိုယ့်လက်သာ အားကိုပြီး
ရိုက်ရပြန်တာပ။ အဲ နေ့လည် နေ့ခင်း
အိပ်ရာထ ပိုစ့်တင်ဖို့ စာရေးမည်စိတ်ကူးပြီး
ဖုန်းကောက်ကိုင်လိုက်သည်။ စာရေးမည်ဆိုသော်လည်း လက်နှင့် မျက်စိက Facebook
ထံရောက်သွားသည်။
အဲ့မှာ စာရေးဖို့ မေ့သွားစေတဲ့ ဗီဒီယိုသတင်းလေးကို
ကြည့်မိသည်။ လောဘ နှစ်လုံးထဲ သို့သော်
အတော်ကြောက်စရာကောင်းတယ်။ မိဘ၊
မောင်နှမ၊ မိသားစု၊ မိတ်ဆွေတွေကို ကွဲကွာ
စေတယ် ဒီအလုံးလေးနှစ်လုံးက။ မလုပ်သင့်
မပြုသင့်တာတွေကို လုပ်မိစေတယ်။
စား ဝတ် နေရေးအတွက် ဒီလောဘဆိုတဲ့
အရာက လူကိုမောင်းနှင်ခိုင်းစေသည်။
ရှိသင့်သည်ထက် ပိုသည့်အခါ မဖြစ်သင့်တာတွေ
ဖြစ်လာသည်။
ဗီဒီယိုမှာ သတင်းပုံစံဖြင့်တင်ပြထားသည်။
ထိုင်းနိုင်ငံမှာ 22နှစ်အရွယ် အမျိုးသမီး
တစ်ဦးသည် သူ၏ကလေးငယ်များကို
အဆိပ်ခတ်ကြွေးခဲ့သည်။ ကလေးများကို
တစ်နေ့နည်းနည်းခြင်း အစားအစာထဲတွင်
အဆိပ်ထဲ့ကျွေးသည်။ ကြာလသည့်အခါ
ကလေးများက ရောဂါရ၍ဆေးရုံးတင်ရသည်။
ဆေးရုံးတက်ရသည့် ကလေးကိုဓာတ်ပုံရိုက်၍
အင်တာနက်တွင် တင်ကာ အလှူခံသည်။
လူများစွာက ကြည့်၍ သနားကာ အလှူငွေ
အမြောက်အများရသည်။ သို့သော် ကလေး
ငယ်မှာ ကံမကောင်းရှာပဲ သေဆုံးသွားသည်။
အဆိုပါ အမျိုးသမီးသည် ရှေ့ယခင်ကလည်း
3နှစ်အရွယ် ကလေးတစ်ဦးကိုလည်း ပြုလုပ်ခဲ့
ဖူးသည်။
မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိဆိုသည့်
အတိုင်း ဆရာဝန်များက ကလေးငယ်ကို ခွဲစိတ်
စစ်ဆေးကြည့်ရာမှ ကလေး၏အစာအိမ်အတွင်း
၌ အဆိပ်များကိုတွေ့ရှိရသည်။ ထို့အပြင်
အင်တာနက်မှာလဲ အဆိုပါအမျိုးသမီး၏
အကြောင်းကို စုံစမ်းစစ်ဆေးသည့်အခါ
ထိုသို့အလှူခံထားသည့် အကြောင်းအရာများကို
မသင်္ကာဖွယ်တွေ့ရှိရသည်။
လူတို့လောဘက မိမိ၏သွေးသားကိုပင်
စတေးရလောက်အောင် ကြောက်စရာ
ကောင်းပေသည်။ မိမိ၏ အလိုလောဘအား
ထိန်းချုပ်နိုင်ကြပါစေ။