ကိုဗစ် ဒီကမ္ဘာမြေက ထွက်သွားအဝေး။
ကိုဗစ် အတော်ဆိုးသည့်ကောင် တတိတိနဲ့
အတွင်းလှိုက်စားပြီး တစ်ဦးနဲ့ တစ်ဦး
သင်ကာမကင်းဖြစ်စေသူ။ အပျက်ပျက်နဲ့
ဒင်းက ရှည်လျားစွာသောအချိန်များ၊ လများကို
ဝါးမျိုနေသည်။
ကိုဗစ် စတင်ခဲ့မွေးဖွားခဲ့သည့်ဒေသမှာ ကိုဗစ်
ကိုနိုင်သည့်ဆေး ရှိထားခဲ့သည်ဟု ထင်ကြသည်။။
ရောဂါဖြစ်ပွားစေပြီး ရောဂါပျောက်ဆေးရောင်း
ရအောင်ပြုလုပ်နေသည်ဟုလည်း ထင်ကြေး
ပေးကြသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာတဝှမ်းလုံး
အတိဒုက္ခရောက်ကြရသည်။ ကိုဗစ် အိပ်မက်ဆိုးမှ
မည်သည့်အချိန်တွင် နိုးထကြရမည်မသိနိုင်ပေ။
ယခုအချိန်မှာတော့ ကိုဗစ်ရိုက်ခတ်မှုက
ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံကို
တင်းမာမှုများ၊ ရန်လိုမှုများဖြစ်ပေါ်စေသည်။
တတိယကမ္ဘာစစ် ဖြစ်စေနိုင်အောင်ပင်
ကိုဗစ်ထိုးနှက်ချက်က ပြင်းထန်လှသည်။
ကိုဗစ်ရိုက်ချက်က ဆိုးတာရှိသလို၊
ကောင်းတာလည်း ရှိပေသည်။
အဆိုးထဲ က အကောင်းဆိုသလို
ကျွန်တော်တို့မြန်မာနိုင်ငံ၊ အထူးသဖြင့်
ကျွန်တော်တို့ မန္တလေးမှာ အသီးအနှံများ
ဈေးပေါပေါဖြင့် လှိုင်လှိုင်ဝယ်စားနိုင်သည်။
မင်းဂွတ်သီး၊ နာနတ်သီး၊ မာလကားသီးနှင့်
အခြားသောသီးနှံများ တရုတ်ပြည်သို့
မတင်ပို့နိုင်သဖြင့် ဈေးချိုသာစွာ ဝယ်ယူစား
နိုင်သည်။ စိုက်ပျိုးသူများအတွက် မည်သို့
အခက်ခဲများဖြစ်မည်တော့မသိပေ။
စားသုံးသူ ကျွန်တော်တို့အတွက်တော့
အဆင်ပြေလှပေသည်။