(40) Times. My Cleanplanet activities for Super Sunday. (8-9-2024)

Words
106
Reading
1 min
Listen
Play
2y

ယနေ့ အမှိုက်ကောက်ယူခြင်း ပို့စ်သည်
အကြိမ်လေးဆယ်မြောက်ဖြစ်သည်။
အကြိမ်လေးဆယ်မြောက်မှာ ထူးထူးခြားခြား
အမှိုက်ကောက်ပြရအောင် ကလည်း
မြေကြီးပေါ်က အမှိုက်ကို မည်သို့ ထူးခြားအောင်
ကောက်ယူရပါ့။

စက်တင်ဘာလ၏ ပထမအပတ်မှာ
အမှိုက်ကောက်ယူခြင်းက ထူးခြားမှု ဆို၍
မိုးရွာထားသဖြင့် မြေကြီးစိုစိုမှာ အမှိုက်ကောက်
ရခြင်းပင်ဖြစ်သည်။ စက်တင်ဘာလ၏
ထူးခြားမှုက တရုတ်ပြည်ကို ယာဂီ ဆိုသည့်
မုန်တိုင်းဝင်ရောက်ခြင်းလည်း ရှိပေသည်။

ကိုယ်တွေ မြန်မာပြည်၌ နာဂစ်နဲ့ မိုခါ မုန်တိုင်းများ
တိုက်စဉ်က အတော်ကြီး ဒုက္ခရောက်ခဲ့ကြသည်။
ကိုယ်တွေနိုင်ငံက ဆင်းရဲသမို့ ပို၍ဒုက္ခခံစား
ခဲ့ရသည်။ တရုတ်နိုင်ငံသည်ကား ချမ်းသာ
သဖြင့် အနည်းငယ်သာ ဒုက္ခရောက်မည်ဟု
ထင်ပါသည်။ သို့ပေသိ အပျက်အစီး ဆုံးရှုံးမှု
ကတော့ အတော်ကြီးမားပေမည်။

တရုတ်နိုင်ငံသည် မုန်တိုင်းအပြီးမှာ မုန်တိုင်းကျရောက်ရာ
ဒေသများ၏ ပတ်ဝန်းကျင်၌ အမှိုက်သရိုက်များ
ပေါများပေမည်။ ဒါကလည်း ချမ်းသာသောနိူင်ငံဖြစ်၍
အချိန်အနည်းငယ်အတွင်း သန့်ရှင်း
သွားနိူင်ပေမည်။ ကိုယ်တွေ နိုင်ငံသာ
အချိန်ကြာမြင့်စွာ သန့်ရှင်းရေး ပြုလုပ်ခဲ့ရ
ပေမည်။

ချမ်းသာခြင်း၊ ဆင်းရဲခြင်း မည်သို့ ကွာခြား
စေကာမူ စည်းကမ်းရှိမှုက ပိုပြီးရှေ့ဆောင်
ဦးဆောင်မှုပြုနိုင်ပေမည်။ သဘာဝဘေး
အန္တရာယ်များကို ခံစားကြသည့် နိုင်ငံများ
အနက် ဂျပန်နိုင်ငံသည်လည်းပါဝင်သည်။
သို့ပေသိ စည်ကမ်းရှိသော ဂျပန်နိုင်ငံကိုမူ
အတုယူကြရပေမည်။

အမှိုက်ပုံများနဲ့ ပြည့်နှက်နေသော
ကျွန်တော်တို့ နိုင်ငံသည် အမှိုက်ကင်းစင်သော
နိုင်ငံများ၏ အနုပညာများကို အတုယူ၊
နမူနာယူကြသလို အမှိုက်ပစ်ရာတွင်လည်း
အတုယူ၊ နမူနာယူကြပါရင် အတော်ကောင်း
ပေမည်။

htwegyi@htwegyi
September 8, 2024

(40) Times. My Cleanplanet activities for Super Sunday. (8-9-2024) | Ecency